မြစ်ခြေရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုတပ်မှ ၂ ဦး သေဆုံး ၁၄ ဦးအညံ့ခံ
politics||3 MIN READ

မြစ်ခြေရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုတပ်မှ ၂ ဦး သေဆုံး ၁၄ ဦးအညံ့ခံ

Back to News

AI Summary

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တစ်နာရီအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ၁၄ ဦး လက်နက်ချ အညံ့ခံခဲ့ရာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့အပြင် G-3 သေနတ် ၁၈ လက်အပါအဝင် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။ ယခုတိုက်ခိုက်မှုသည် မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ စစ်အုပ်စုတပ်များက မြစ်ခြေမြို့ရှိ ပြည်သူ့နေအိမ် ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ဒေသခံ ၂၄ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း PDF က ဆိုသည်။ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး စစ်ရာဇဝတ်မှုကျူးလွန်သူများကို စိစစ်အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – ပခုက္ကခရိုင် မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၀ ရက်နေ့ မနက် ၄ နာရီတွင် တိုက် ခိုက်ပြီးနောက် မနက် ၅ နာရီ အချိန်တွက် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၄ ဦး နှင့် လက်နက်ခဲယမ်းများ ရရှိခဲ့သည့်။ တိုက်ပွဲအတွင်း ဖမ်းဆီးရမိ စစ်သုံ့ပန်း များနှင့် လက်နက်ခဲယမ်များကို တွေ့ ရစဉ်။ (ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF)

(ဇွန် – ၁၀)

မဇ္ဈိမ။ ။ မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ယနေ့ (ဇွန်လ ၁၀ ရက်) မနက်ပိုင်းတွင် တနာရီအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။

ပခုက္ကူခရိုင်စစ်ဌာန၏ ဦးဆောင်မှုဖြင့် မနက် ၄ နာရီတွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ၅ နာရီအချိန်၌ စခန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး လက်နက်ချအညံ့ခံခဲ့၍ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – ပခုက္ကခရိုင် မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၀ ရက်နေ့ မနက် ၄ နာရီတွင် တိုက် ခိုက်ပြီးနောက် မနက် ၅ နာရီ အချိန်တွက် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၄ ဦး နှင့် လက်နက်ခဲယမ်းများ ရရှိခဲ့သည့်။ တိုက်ပွဲအတွင်း ဖမ်းဆီးရမိ စစ်သုံ့ပန်း များနှင့် လက်နက်ခဲယမ်များကို တွေ့ ရစဉ်။ (ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF)

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး စစ်ရာဇဝတ်မှုကျူးလွန်သူများကို စိစစ်အရေးယူသွားမည်ဟု ဆိုသည်။

စစ်အုပ်စုတပ်ထံမှ G-3 သေနတ် ၁၈ လက်၊ M-79 တလက် ၊ ခြောက်လုံးပြူး နှစ်လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း တလက် ၊ G-3 ကျည်ဘောက် ၂၇ ဘောက် ၊ လက်လုပ်လေသေနတ် တလက် ၊ ကျည်ကာဦးထုပ် ခုနစ်လုံးနှင့် G-3 ကျည် ၁,၉၀၈ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ – ပခုက္ကခရိုင် မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၀ ရက်နေ့ မနက် ၄ နာရီတွင် တိုက် ခိုက်ပြီးနောက် မနက် ၅ နာရီ အချိန်တွက် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၄ ဦး နှင့် လက်နက်ခဲယမ်းများ ရရှိခဲ့သည့်။ တိုက်ပွဲအတွင်း ဖမ်းဆီးရမိ စစ်သုံ့ပန်း များနှင့် လက်နက်ခဲယမ်များကို တွေ့ ရစဉ်။ (ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF)

စစ်အုပ်စုတပ်သည် မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အအုံပေါင်း ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံပြည်သူ ၂၄ ဦးကိုလည်း ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သောကြောင့် ယခုကဲ့သို့ လက်တုံ့ပြန် တိုက်ခိုက်ချေမှုန်းရခြင်းဖြစ်ကြောင်း PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated
မြစ်ခြေရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုတပ်မှ ၂ ဦး သေဆုံး ၁၄ ဦးအညံ့ခံ | YGN Daily