စစ်မှုထမ်းသက် ၂၆ နှစ်ရှိ တပ်ကြပ်ကြီးအပါအဝင် ၄ ဦး လက်နက်နှင့်အတူ ချင်းတပ်တွင် ခိုလှုံ
politics||3 MIN READ

စစ်မှုထမ်းသက် ၂၆ နှစ်ရှိ တပ်ကြပ်ကြီးအပါအဝင် ၄ ဦး လက်နက်နှင့်အတူ ချင်းတပ်တွင် ခိုလှုံ

Back to News

AI Summary

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအခြေစိုက် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ မှ စစ်မှုထမ်းသက် ၂၆ နှစ်ရှိ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင်လေးဦးသည် ၎င်းတို့၏ လက်နက်များဖြင့် CDF CDM Siyin ထံသို့ အလင်းဝင်ရောက်ခဲ့သည်။ ၎င်းတို့သည် ဇွန်လ ၁၁ ရက်နေ့တွင် စခန်းမှ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး၊ မူလက ခြောက်ဦး ထွက်ပြေးခဲ့သော်လည်း နှစ်ဦးမှာ နောက်မှလိုက်လာသည့်တပ်နှင့် ထိတွေ့ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ကြောင်း သိရသည်။ CDF CDM Siyin က အလင်းဝင်လာသူများကို ကောင်းမွန်စွာ ကြိုဆိုခဲ့ပြီး ဆုငွေများ ချီးမြှင့်ခဲ့သည်။ ထို့အပြင် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ လွတ်မြောက်နယ်မြေများသို့ ပို့ဆောင်ပေးခြင်းအပါအဝင် ဆန္ဒအတိုင်း ဆောင်ရွက်ပေးမည်ဟု ကြေညာထားသည်။ ဤဖြစ်ရပ်သည် စစ်အုပ်စုအတွက် လူအင်အားဆုံးရှုံးမှုဖြစ်ပြီး၊ CDF CDM Siyin အတွက်မူ အင်အားဖြည့်တင်းမှုတစ်ခုဖြစ်သည်။

ဓါတ်ပုံ – လက်နက်ဖြင့် အလင်းဝင်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များ/ (CDF CDM Siyin) ။ ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းကျေးရွာတွင် အခြေစိုက်ထားသည့် တပ်မ ၇၇လက်အောက်ခံ တပ်ရင်း ၁၀၁မှ စစ်မှုသက်တမ်း ၂၆ရှိ တပ်ကြပ်ကြီးအပါအဝင် တပ်ဖွဲ့ဝင်လေးဦးသည် လက်နက်များဖြင့် အလင်းဝင်လာရာ CDF CDM Siyin ကောင်းမွန်စွာကြိုဆိုပြီး ဆုငွေချီးမြှင့် ထားကြောင်းသိရသည်။

ပါခွီး / ဇွန်၁၈

မဇ္ဈိမ ။ ။ ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် သိုင်းငင်းစခန်းမှ ဝါရင့် တပ်ကြပ်ကြီးတဦးအပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင်လေးဦး လက်နက်များဖြင့်ခိုလှုံလာကြောင်း CDF CDM Siyin တပ်ဖွဲ့ကပြောသည်။

သိုင်းငင်းကျေးရွာတွင် အခြေစိုက်ထားသည့် တပ်မ (၇၇) လက်အောက်ခံ တပ်ရင်း (၁၀၁) မှ စစ်မှုထမ်းသက် ၂၆နှစ်ခန့်ရှိပြီး ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းနှင့်အတူ စစ်မှု့ထမ်းသက် ခုနှစ်နှစ်ရှိကာ အုတ်ဖို နှင့် ရခိုင်ပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ဒုတပ်ကြပ်တဦးနှင့် စစ်မှုထမ်းသက် လေးနှစ်ရှိသူ ရဲဘော်နှစ်ဦးတို့ပါဝင်ခိုလှုံခဲ့သည်။

“သူတို့က အဲဒီစခန်းရောက်တာမကြားသေးတော့ နေရာတွေ အခြေနေတွ ဘာမှမသိဘူး၊ ခြောက်ယောက် ထွက် ပြေးလာတာ နောက်ကလိုက်လာတဲ့တပ်နဲ့ ပြန်တိုးပြီးပစ်တော့ နှစ်ယောက် ကျသွားတယ် ၊ လေးယောက်က လွတ်ပြီး တပ်ဖွဲ့ ဆီရောက်လာတာ” ဟု CDF CDM Siyin တာဝန်ရှိ သူက မဇ္ဈိမ ကိုပြောသည်။

စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ကလေးမြို့မှ သိုင်းငင်းစခန်းသို့ ဇွန်လ၄ရက်နေ့တွင်ရောက်ရှိခဲ့ပြီး နောက် ဇွန်လ၁၁ရက်နေ့တွင် စခန်းမှထွက်ပြေးခဲ့ကာ ယမန့်နေ့ (ဇွန်လ၁၇ရက်နေ့)တွင် ချင်းတပ်ဖွဲ့ ထံ သို့ ရောက်ရှိခဲ့သည်။ အဆိုပါ ခိုလှုံလာသူ စစ်သည်များကို ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း CDF CDM Siyin ကထုတ်ပြန်ထားသည်။

သိုင်းငင်းကျေးရွာသည် ကလေး – တီးတိန် – ဖလမ်း လမ်းဆုံတွင်ရှိပြီး လမ်းပမ်းဆက်သွယ်ရေးအရ အချက်ချာကျကာ တိုက်ပွဲများမကြာခနဖြစ်ပွားလေ့ရှိပြီး စစ်အုပ်စုက ၂၀၂၅ခု နိုဝင်ဘာလ၉ရက်နေ့တွင် ပြန်လည်ထိန်းချုပ်ခဲ့သည့်နေရာတခုဖြစ်သည်။

CDF CDM Siyin တပ်ဖွဲ့သည် ချင်းပြည်ကောင်စီ(CC) အဖွဲ့ဝင်ဖြစ်ပြီး တိုက်ပွဲများတွင် ဖမ်းမိသူများ ကို ဂျနီဗာကွန်ဗင်းရှင်းအရ ထိန်းသိမ်းမှုများပြုလုပ်ထားကြောင်းနှင့် အလင်းဝင်သူများကို လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ လွတ်မြောက်နယ်မြေများသို့ပို့ပေးခြင်းအပါအဝင် ၎င်းတို့ ဆန္ဒများအတိုင်းဆောင်ရွက်ပေးကြောင်း ကြေညာထား သည်။

ဆက်စပ်သတင်းများ

AI Curated