
AI Summary
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ဇွန်လ ၅ ရက်နေ့ ညနေပိုင်းက မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ သေဆုံးသူများမှာ မင်းဖူးရွာမှ ကိုအေးကိုနိုင် (၁၈) နှစ်နှင့် ချောင်းတို (ချင်း) ရွာမှ ဦးမောင်ကျော်ထွန်း (၄၄) နှစ်တို့ဖြစ်ကြသည်။ ကိုအေးကိုနိုင်သည် နေအိမ်၌ ရေချိုးနေစဉ် မိုးကြိုးထိမှန်ခဲ့ပြီး၊ ဦးမောင်ကျော်ထွန်းမှာ အလုပ်ကိစ္စဖြင့် သွားလာစဉ် မကျည်းပင်ကြီးအောက်၌ မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။ အာရက္ခဒေသတွင် မိုးရာသီရောက်ရှိလာသည်နှင့်အမျှ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိပြီး နှစ်စဉ်ထိခိုက်သေဆုံးမှုများ ရှိနေသည်။ ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြည်သူများအား မိုးရာသီကာလတွင် သတိထားသွားလာနေထိုင်ကြရန် အသိပေးတိုက်တွန်းထားသည်။ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ မြစ်နားရွာတွင် မိုးကြိုးပစ်ခံရ၍ သားအဖနှစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သေးသည်။

နိရဉ္စရာ၊ ဇွန်၇/၂၀၂၆
ရခိုင်ပြည်၊ မင်ပြားမြို့နယ်တွင် ဇွန်၅ရက်နေ့ ညနေပိုင်းတွင် မိုးကြိုးပစ်ခံရ၍အမျိုးသား၂နှစ်ဦးသေဆုံးသွားကြောင်းဒေသတွင်းသတင်းများအရ သိရသည်။
သေဆုံးသူများမှာမင်းပြားမြို့နယ်၊မင်းဖူးရွားမှကိုအေးကိုနိုင်(၁၈)နှစ်နှင့်ချောင်းတို(ချင်း)ရွာမှဦးမောင်ကျော်ထွန်း(၄၄)နှစ်တို့ဖြစ်ကြောင်းသိရသည်။
ဇွန် ၅ရက်နေ့၊ ညနေ၅နာရီအချိန်ခန့်တွင် ကိုအေးကိုနိုင်သည် မိမိနေအိမ်အတွင်း၌ ရေချိုးနေစဉ်မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့ပြီး ယင်းနေ့တွင်ပင်ညနေ၅နာရီကျော်အချိန်ခန့်ကလည်း ဦးမောင်ကျော်ထွန်းသည် ချောင်းတိုကျေးရွာမှ သာစည်ကျေးရွာသို့အလုပ်ကိစ္စဖြင့်သွားစဉ်သာစည်ရွာထဲရှိမကျည်းပင်ကြီးအောက်အရောက်တွင်မိုးကြိုးပစ်ခံရ၍သေဆုံးသွားခဲ့ကြောင်းသိရသည်။
အာရက္ခဒေသ၌မိုးရာသီရောက်ရှိလာသည်နှင့်အမျှလေပြင်းတိုက်ခတ်ခြင်းများနှင့်မိုးကြိုးပစ်ခြင်းများမှာမကြာခဏဖြစ်ပွာလေ့ရှိပြီးထိခိုက်သေဆုံးများမှာနှစ်စဉ်နှစ်တိုင်း ရှိနေသောကြောင့်မိုးရာသီကာလတွင်အာရက္ခပြည်သူများအနေဖြင့်အစစအရာရာ သတိထားသွားလာနေထိုင်ကြရန်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကအသိပေး တိုက်တွန်းနှိုးဆော်ထားကြောင်းသိရှိရသည်။
ထို့အပြင်ပြီးခဲ့သည့်မေ၂၂ရက်နေ့၊ညနေပိုင်းကလည်းမင်းပြားမြို့နယ်၊မြစ်နားရွာတွင်မိုးကြိုးပစ်ခံရပြီးသားဖနှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးကြောင်းသိရသည်။
