စလော့ ထုတ်ပယ်ခံရမှုအပေါ် အံ့အားသင့်ရဟု စတီဗင်ဂျရတ် ပြော

စလော့ ထုတ်ပယ်ခံရမှုအပေါ် အံ့အားသင့်ရဟု စတီဗင်ဂျရတ် ပြော

DVB
SourceDVB

AI Summary

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ဖလားရယူပေးခဲ့သည့် နည်းပြ အာနဲစလော့ကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်းအပေါ် အံ့အားသင့်မိကြောင်း ပြောကြားခဲ့သည်။ ဂျရတ်က စလော့၏ ပထမနှစ်တွင် ချန်ပီယံဖလားရယူပေးနိုင်ခဲ့ခြင်းကို သမိုင်းတွင် မှတ်မိနေမည်ဖြစ်သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် အသင်း၏ ကစားဟန် ဆိုးရွားလာခြင်းကြောင့် ထုတ်ပယ်မှုသည် အချိန်ကိုက်ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ ဤဆုံးဖြတ်ချက်ကြောင့် နည်းပြ အာနဲစလော့သည် ရာထူးဆုံးရှုံးခဲ့ရပြီး လီဗာပူးအသင်းအနေဖြင့် နည်းပြအသစ် ရှာဖွေရတော့မည်ဖြစ်သည်။ စလော့၏နေရာတွင် အစားထိုးရန် ရေပန်းအစားဆုံးဖြစ်နေသည့် ဘုန်းမောက်နည်းပြဟောင်း အီရာအိုလာနှင့်ပတ်သက်၍ ဂျရတ်က ၎င်း၏ ကစားကွက်ပုံစံသည် လီဗာပူးနှင့် အံဝင်ခွင်ကျဖြစ်မည်ဟု ထောက်ခံပြောဆိုခဲ့သည်။ လီဗာပူးကဲ့သို့ ကလပ်မျိုးသည် နည်းပြအသစ်ခန့်အပ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ပြုလုပ်ပြီးမှသာ ယခုကဲ့သို့ ဆုံးဖြတ်ချက်မျိုး ချလေ့ရှိကြောင်း ဂျရတ်က ဖြည့်စွက်ပြောကြားခဲ့သည်။

Photo: REUTERS/David Klein/File Photo/Peter Cziborra

ပြီးခဲ့တဲ့ရာသီကမှ ပရီးမီးယားလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြ အာနဲစလော့ကို လီဗာပူးအသင်းက ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အပေါ် အံ့အားသင့်မိကြောင်း လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ကTNT Sports မှာ ပြောကြားခဲ့ပါတယ်။

ဂျရတ်က ယာဂန်ကလော့ပ်ရဲ့ နေရာကို ဆက်ခံပြီး ပထမနှစ်မှာတင် ချန်ပီယံဖလား ရယူပေးနိုင်ခဲ့တဲ့ စလော့ရဲ့ စွမ်းဆောင်ရည်ကို သမိုင်းမှာ အမြဲမှတ်မိနေမှာဖြစ်ပမဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းရဲ့ ကစားဟန်က ကြည့်ရဆိုးလာတာကြောင့် အခုလို ထုတ်ပယ်လိုက်တာဟာ အချိန်ကိုက် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။

စလော့ရဲ့နေရာမှာ အစားထိုးဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဘုန်းမောက်နည်းပြဟောင်း အီရာအိုလာနဲ့ ပတ်သက်လို့ ဂျရတ်က “သူ့ရဲ့ ကစားကွက်ပုံစံက လီဗာပူးနဲ့ အံဝင်ခွင်ကျဖြစ်မှာပါ” လို့ ထောက်ခံခဲ့ပြီး၊ လီဗာပူးလို ကလပ်မျိုးဟာ နောက်ထပ်ခန့်မဲ့ နည်းပြကို သေချာကြိုတင် စနစ်တကျ ပြင်ဆင်ပြီးမှသာ အခုလို ဆုံးဖြတ်ချက်မျိုး ချလေ့ရှိကြောင်းလည်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
စလော့ ထုတ်ပယ်ခံရမှုအပေါ် အံ့အားသင့်ရဟု စတီဗင်ဂျရတ် ပြော | YGN Daily