
AI Summary
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် အမျိုးသမီး ၁,၀၀၀ ကျော်အတွက် ကျောက်ဖြူအရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့က လစဉ်သုံးပစ္စည်းများကို ကွင်းဆင်းထောက်ပံ့ပေးလျက်ရှိသည်။ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာရသည့် အမျိုးသမီးများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများရှိနေခြင်းကြောင့် ယခုကဲ့သို့ ကူညီပေးခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့မှစတင်ကာ Pad ထုပ်၊ အတွင်းခံများနှင့် ခြင်ထောင်များကို စစ်ရှောင်စခန်းများသို့ ပေးအပ်ခဲ့သည်။ မိုးရာသီကာလတွင် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် အဆိုပါပစ္စည်းများမှာ အလွန်အရေးပါနေသည်။ လက်ရှိတွင် စစ်ရှောင်စခန်းများ၌ အဆိုပါပစ္စည်းများကို ဖြန့်ဝေပေးနေပြီး အမျိုးသမီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ထင်ရှားသော ပြောကြားချက်များ
"ယခုမိုးရာသီအချိန်ရောက်လာသည်နှင့်တပြိုင်နက်တည်း အမျိုးသမီးများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသည်လည်း အရေးတကြီးဂရုစိုက်ကြရမည့်အချိန်လည်းဖြစ်ပါသည်။ အမျိုးသမီးအသုံးအဆောင်ပစ္စည်းဖြန့်ဝေခြင်းသည် အမျိုးသမီးတိုင်းအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရာလည်း ရောက်ပါသည်။ အမျိုးသမီးတိုင်းအတွက် တတ်နိုင်သည့်ဖက်က ဝိုင်းဝန်းကာကွယ်ပေးကြပါစို့"
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်နေကြသည့် အမျိုးသမီး ၁,ဝဝဝ ကျော်ကို ကျောက်ဖြူအရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့(Kyauk Phyu Emergency Response Group - KP ERG)က လစဉ်သုံးပစ္စည်းများအား ထောက်ပံ့ပေးနေသည်ဟု သိရသည်။ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်ရှိသည့် အမျိုးသမီးများအတွက်လိုအပ်သော အသုံးအဆောင်ပစ္စည်းများဖြစ်သည့် Pad ထုပ်၊ အတွင်းခံဘရာ၊ အတွင်းခံဘောင်းဘီနှင့် ခြင်ထောင်တို့ကို ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်မှစတင်ကာ စစ်ရှောင်စခန်းများသို့ ကွင်းဆင်းထောက်ပံ့ပေးနေခြင်းဖြစ်သည်။ “ယခုမိုးရာသီအချိန်ရောက်လာသည်နှင့်တပြိုင်နက်တည်း အမျိုးသမီးများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသည်လည်း အရေးတကြီးဂရုစိုက်ကြရမည့်အချိန်လည်းဖြစ်ပါသည်။ အမျိုးသမီးအသုံးအဆောင်ပစ္စည်းဖြန့်ဝေခြင်းသည် အမျိုးသမီးတိုင်းအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရာလည်း ရောက်ပါသည်။ အမျိုးသမီးတိုင်းအတွက် တတ်နိုင်သည့်ဖက်က ဝိုင်းဝန်းကာကွယ်ပေးကြပါစို့”ဟု အဆိုပါအဖွဲ့က ဆိုသည်။


ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၇/၂ဝ၂၆