
AI Summary
နည်းပြ အီရာအိုလာ လေဗာကူဆင် နည်းပြသစ် ဖြစ်ရန် ဆွေးနွေး။ ၎င်း ဘုန်းမောက်ကို ယူရိုပါလိဂ် ရအောင် လုပ်ခဲ့။ ဘုန်းမောက် မာကိုရို့စ်ကို အစားထိုး ခန့်အပ်ပြီး။
ဘုန်းမောက်အသင်းကနေ ထွက်ခွာခဲ့တဲ့ နည်းပြ အန်ဒိုနီအီရာအိုလာဟာ ဂျာမန်ကလပ် လေဗာကူဆင်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ အသေးစိတ် ဆွေးနွေးနေပါတယ်။
အသက် ၄၃ နှစ်အရွယ် စပိန်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်ကို အဆင့် ၆ နေရာ ပို့ဆောင်ပေးပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့လို့ အေစီမီလန်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကလည်း စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။
ပဲလေ့စ်အသင်းဟာ နည်းပြ ဂလတ်စနာ ထွက်ခွာသွားပြီးနောက် အီရာအိုလာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ လက်ရှိမှာတော့ လေဗာကူဆင်နဲ့ ဆွေးနွေးမှုက အတော်လေး ခရီးပေါက်နေပြီ ဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ ကက်စ်ပါ ဟူးမန်းအောက်မှာ အဆင့် ၆ သာ ရခဲ့လို့ အီရာအိုလာနဲ့အတူ ဂျာမန်မြေမှာ ပြန်လည်ခြေစွမ်းပြနိုင်ဖို့ ရည်မှန်းနေပါတယ်။
တဖက်မှာလည်း ဘုန်းမောက်အသင်းဟာ အီရာအိုလာရဲ့နေရာမှာ လိုက်ပ်ဇစ်နည်းပြဟောင်း မာကိုရို့စ်ကို အစားထိုးခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။