အာရက္ခလောင်ပေါ် စတင်ရောင်းချ၊ ထီထိုးသူ များပြားနေ

အာရက္ခလောင်ပေါ် စတင်ရောင်းချ၊ ထီထိုးသူ များပြားနေ

DVB
SourceDVB

AI Summary

အာရက္ခပြည်သူ့အစိုးရ၏ ဗဟိုအကောက်ခွန်နှင့် အခွန်ဦးစီးဌာနက ၎င်းတို့ထိန်းချုပ်ရာ မြို့နယ်များတွင် "အာရက္ခလောင်ပေါ်" ထီလက်မှတ်များကို ဇွန်လ ၁ ရက်နေ့မှစတင်၍ ရောင်းချလျက်ရှိရာ ဝယ်ယူသူများပြားနေကြောင်း ရခိုင်ဒေသခံများက ပြောကြားသည်။ ရခိုင်ပြည်သူများအကြား ထီအပေါ် စိတ်ဝင်စားမှုနှင့် ဝယ်ယူမှုများ မြင့်တက်လျက်ရှိသည်။ ယင်းသို့ စိတ်ဝင်စားမှု မြင့်တက်ရခြင်းမှာ ရခိုင်ပြည်သူ့အစိုးရက ရောင်းချခြင်းကြောင့်ဖြစ်ပြီး ရခိုင်ပြည်သူများ ထီနှင့် ကင်းကွာနေခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့်လည်း ပါဝင်သည်ဟု မြောက်ဦးမြို့ခံတစ်ဦးက ဆိုသည်။ အာရက္ခလောင်ပေါ် ထီဆုများအဖြစ် အမြင့်ဆုံးဆုကြေးငွေ ကျပ်သိန်း ၅၀၀ အပါအဝင် ဆုပေါင်း ၃၉ ခုကို ချီးမြှင့်သွားမည်ဖြစ်သည်။ လက်ရှိတွင် အခွန်ဦးစီးဌာနက အဓိကဦးစီး၍ ရောင်းချနေပြီး အွန်လိုင်းမှ ရောင်းချခြင်းမရှိသေးပေ။ ကိုယ်စားလှယ်စနစ်ဖြင့် ရောင်းချမှုများကို ဇူလိုင်လအတွင်းမှ စတင်ရန် စီစဉ်ထားသည်။ ဤထီရောင်းချမှုသည် အာရက္ခတပ်တော်က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နေခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

Photo: APM

အာရက္ခပြည်သူ့အစိုးရ ဗဟိုအကောက်ခွန်နဲ့ အခွန်ဦးစီးဌာနကပြုလုပ်တဲ့ အာရက္ခလောင်ပေါ် ခေါ် ထီလက်မှတ်တွေကို AA ထိန်းချုပ်မြို့နယ်တွေမှာ ဇွန် ၁ ရက်ကတည်းက စတင်ရောင်းချ ပေးနေတာမှာ ထီလက်မှတ် ဝယ်ယူမှုတွေ များပြားနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ် ၁၅ ခုမှာ အာရက္ခလောင်ပေါ် ထီလက်မှတ်တွေကို အခွန်ဦးစီး ဌာနက စတင်ရောင်းချပေးနေတာဖြစ်ပြီး အွန်လိုင်းကနေ ရောင်းချနေတာမျိုး မရှိသေးဘူးလို့ ULA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ULA နဲ့ နီးစပ်သူ အမျိုးသားတယောက်က “လောလောဆယ်တော့ အွန်လိုင်းပေါ်မှာ ရောင်းချတာမျိုး တွေ မရှိသေးဘူး။  အခွန်ဦးစီးက  ထီလက်မှတ် ရောင်းချပေးမှု အဆင့်ပဲ ရှိသေးတယ်။ နောက်လ တွေဆိုရင်တော့ ကိုယ်စားလှယ်တွေကတဆင့် ရောင်းချပေးနိုင်ဖို့ စီစဉ်နေကြတယ်” လို့ ပြောပါတယ်။

အာရက္ခလောင်ပေါ် ထီဆုတွေကို အမြင့်ဆုံးဆုကြေးငွေအဖြစ် ကျပ်သိန်း ၅၀၀ ချီမြှင့် ပေးမှာဖြစ်ပြီး ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၁၀၀ ဆုတွေအပါဝင် ဆုပေါင်း ၃၉ ခုကို ချီးမြှင့်သွားမယ်လို့ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရရဲ့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဦးစီးဌာနက ထုတ်ပြန် ထားပါတယ်။

လက်ရှိ အာရက္ခလောင်ပေါ် ထီလက်မှတ်တွေ ရောင်းချမှုအပေါ် ရခိုင်ပြည်သူတွေအကြား စိတ်ဝင်စားမှု မြင့်တက်နေကြပြီး ဝယ်ယူမှုလည်း မြင့်တက်နေကြတယ်လို့ မြောက်ဦးမြို့ခံ လူငယ် အမျိုးသမီးတယောက်က ပြောပါတယ်။

“အာရက္ခလောင်ပေါ် စပြီတော့ ကြေညာကတည်းက လူထုကြား စိတ်ဝင်စားမှု မြင့်တက်နေတာ။ ဆုကြေးငွေက အများကြီး မဟုတ်ပေမဲ့လည်း ရခိုင်ပြည်သူ့အစိုးရက ရောင်းချတာကြောင့် လူတွေက စိတ်ဝင်တစားရှိကြတာ။ နောက်ရခိုင်ပြည်သူတွေက ထီတွေနဲ့ ကင်းကွာနေကြတာကြောင့် ဝယ်ယူမှုကတော့ မြင့်တက်မှုရှိနေတယ်။”

လက်ရှိ ရခိုင်ပြည်နယ်အတွင်း အာရက္ခလောင်ပေါ် ထီလက်မှတ်တွေကို အခွန်ဦးစီးဌာနက အဓိက ဦးစီးပြီး ရောင်းချနေကြတာဖြစ်ပြီး ကိုယ်စားလှယ်စနစ်နဲ့ ရောင်းချမှုတွေကို ဇူလိုင်လအတွင်းမှာမှ စတင်မယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ် ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေး ယန္တရားတွေကို ဖော်ဆောင်နေတာလည်းဖြစ် ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အာရက္ခလောင်ပေါ် စတင်ရောင်းချ၊ ထီထိုးသူ များပြားနေ | YGN Daily