
AI Summary
စစ်ကိုင်းမြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူးရုံးသည် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်။ ဤတိုက်ခိုက်မှုကြောင့် ရုံးဝန်ထမ်း ၆ ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလာရောက်လုပ်ဆောင်သူ အရပ်သားပြည်သူ ၁၃ ဦး၊ စုစုပေါင်း ၁၉ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ရုံးခန်းများနှင့် ရုံးသုံးစာရွက်စာတမ်းများလည်း ပျက်စီးဆုံးရှုံးခဲ့သည်။ ဒဏ်ရာရရှိသူများကို စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုများ ပေးလျက်ရှိသည်။ စစ်အုပ်စုကမူ ဤတိုက်ခိုက်မှုကို NUG နှင့် CRPH တို့၏ သွေးထိုးမြှောက်ပင့်မှုကြောင့် PDF အဖွဲ့က ပြုလုပ်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။
နိရဉ္စရာ၊ ဇွန်လ၆/ ၂၀၂၆
စစ်ကိုင်းမြို့၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူးရုံးသည် မနေ့ကဇွန်လ၅ရက်နေ့ နံနက်တွင်ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသောကြောင့်ရုံးဝန်ထမ်းများအပါအဝင်မှတ်ပုံ တင်လာရောက်လုပ်ကိုင်သူ (၁၉) ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
တိုက်ခိုက်မှုကြောင့်ရုံးဝန်ထမ်း (၆) ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလာရောက်လုပ်ဆောင်သူ အရပ်သားပြည်သူ (၁၃) ဦး၊စုစုပေါင်း (၁၉) ဦးဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု စစ်အုပ်စုပိုင်မီဒီယာများတွင်ဖော်ပြသည်။
ရုံးခန်းများနှင့် ရုံးသုံးစာရွက်စာတမ်းများလည်းထိခိုက်ပျက်စီးခဲ့သည်ဟုသိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကိုစစ်ကိုင်းမြို့၊ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီးဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိသည်ဟုဆိုသည်။
၎င်းတိုက်ခိုက်မှုမှာဇွန်လ၅ရက်နေ့နံနက် (၁၀) နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ပြီး လက်လုပ်ချိန်ကိုက်ဗုံးနှင့် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ယခုတိုက်ခိုက်မှုကိုNUG နဲ့CRPH အဖွဲ့၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့်PDF အဖွဲ့ကပြုလုပ်ခြင်းဖြစ်ကြောင်းစစ်အုပ်စုကစွပ်စွဲထားသည်။