ဖာပွန်လမ်းတွင် စစ်ကြောင်းများ ရှေ့ဆက်တိုးနိုင်ရန် ရွာများကို ဒရုန်းဖြင့်ဗုံးကြဲ

ဖာပွန်လမ်းတွင် စစ်ကြောင်းများ ရှေ့ဆက်တိုးနိုင်ရန် ရွာများကို ဒရုန်းဖြင့်ဗုံးကြဲ

DVB
SourceDVB

AI Summary

ကရင်ပြည်နယ်၊ ဘူးသိုမြို့နယ်ရှိ ပိုကြီရွာကို ဇွန်လ ၁ ရက်နေ့တွင် စစ်အာဏာရှင်စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်သုံးလုံး ပျက်စီးခဲ့သည်။ မေလ ၅ ရက်နေ့မှစ၍ ဖာပွန်ဗျူဟာနှင့် တပ်စခန်းများ ပြန်လည်ရရှိရန် စစ်အာဏာရှင်တပ်သည် BGF အကူအညီဖြင့် လူအင်အား ၂၀၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေပြီး၊ ၎င်းတို့၏ ရှေ့တိုးမှုကို ကြားဖြတ်တိုက်ခိုက်ခံနေရသောကြောင့် စစ်ရေးနှင့်မသက်ဆိုင်သည့် ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်။ ဤတိုက်ခိုက်မှုများကြောင့် မေလ ၃၁ ရက်နေ့တွင် ရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ မေလ ၂၆ ရက်နေ့တွင် ကျောက်ကွင်းရွာမှ နေအိမ် ၁၀၀ နီးပါးနှင့် မေလ ၂၁ ရက်နေ့တွင် ဝါးသိုထကျေးရွာမှ အိမ်ခြေ ၇၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ၎င်းတို့သည် တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ ပြည်သူလူထုရွာများကို ပစ်မှတ်ထားကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများပင် မချန်ဘဲ ပစ်ခတ်ဖျက်ဆီးနေကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင်လည်း စစ်ကြောင်းသည် ကမမောင်း-ဖာပွန်သွားလမ်းပေါ်တွင် ရှိနေဆဲဖြစ်ပြီး၊ ဒေသခံရွာသားများ၏ အခြေအနေမှာ အလွန်ဆိုးရွားနေကြောင်း သိရသည်။

photo: KNU

ကရင်ပြည်နယ်၊ ဘူးသိုမြို့နယ်၊ ပိုကြီရွာကို ဇွန် ၁ ရက်နေ့ မနက် ၁၀ နာရီကျော်က  စစ်အာဏာရှင် စစ်ကြောင်းက ဒရုန်းနဲ့ ဗုံး ၄ လုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ  ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေပြန်လည်ရရှိရေး စစ်အာဏာရှင်တပ်က နယ်ခြားစောင့်တပ် (BGF) အကူအညီယူပြီး လူအင်အား ၂၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတာ ကမမောင်း-ဖာပွန်သွားလမ်းပေါ်က  မိုင် ၄၀ နဲ့ ကတိုင်တိရွာကြားကို  ရောက်ရှိနေပါတယ်။

လက်ရှိမှာလည်း စစ်အာဏာရှင်စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံနေရတာကြောင့် ရှေ့ဆက်တိုးနိုင်ဖို့ စစ်ရေးနဲ့မဆိုင်တဲ့  အနီးအနားက‌ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။

တပ်မဟာ ၅၊ မူတြော်ခရိုင် (ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က “ဒါက တိုက်ပွဲနဲ့ ဘာမှ မဆိုင်ဘူး။ ပြည်သူလူထုရွာ သက်သက်ပဲ။ စစ်ကြောင်းရဲ့ လှုပ်ရှားမှုက လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်။ စာသင်ကျောင်းတွေလည်း မရွေးဘူး။ ပြည်သူလူထုရွာတွေလည်း ပစ်မှတ်ထားတာပဲ။ နောက် ဘုန်းကြီးကျောင်း၊ ဘာသာရေးကျောင်းတွေလည်း ပစ်တာပဲ။ တော်တော် ပျက်စီးဆုံးရှုံးသွားတယ်။ ရွာတွေ၊ အိမ်တွေ၊ ဒဏ်ရာရတဲ့ ရွာသားတွေ အခြေအနေက တော်တော်ဆိုးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မေ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ကျောပါးတပိုးရွာနဲ့ ဘောကျိုးထရွာကို စစ်အာဏာရှင်စစ်ကြောင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံရွာသား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့ ည ၁ နာရီလောက်ကလည်း စစ်အာဏာရှင်စစ်ကြောင်းတွေ အထိနာခဲ့တာကြောင့် အနီးနားက ကျောက်ကွင်း (လယ့်ကွယ်သို)  ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မေ ၂၁ ရက် ည ၁ နာရီလောက်ကလည်း အိမ်ခြေ ၇၀ လောက်ရှိတဲ့  ဝါးသိုထကျေးရွာကို ဝင်ရောက်ပြီး  မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဖာပွန်လမ်းတွင် စစ်ကြောင်းများ ရှေ့ဆက်တိုးနိုင်ရန် ရွာများကို ဒရုန်းဖြင့်ဗုံးကြဲ | YGN Daily