ကိုရီးယားတွင် မြန်မာလုပ်သား ၁ ဦး လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံး
general||2 MIN READ

ကိုရီးယားတွင် မြန်မာလုပ်သား ၁ ဦး လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံး

DVB
SourceDVB
Back to News

AI Summary

တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့ရှိ စက်ရုံတစ်ခုတွင် ဇွန်လ ၁၈ ရက်နေ့က မြန်မာလုပ်သား ကိုသန့်ဇင်ဦးသည် သံစည်ပိုင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် မီးလောင်မှုဖြစ်ပွားပြီး သေဆုံးခဲ့ရသည်။ အဆိုပါမတော်တဆမှုမှာ စည်ပိုင်းအတွင်း ပွတ်တိုက်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အလုပ်ရှင်ဘက်မှ အန္တရာယ်ရှိသောလုပ်ငန်းကို ပေါ့ပေါ့တန်တန်ခိုင်းစေမှုအပေါ် ဝေဖန်မှုများရှိနေသည်။ အသက် ၃၂ နှစ်အရွယ်ရှိ ကိုသန့်ဇင်ဦးမှာ ရွှေပြည်သာမြို့နယ်မှဖြစ်ပြီး လုပ်ငန်းခွင်အတွင်း မြန်မာလုပ်သားများ မကြာခဏထိခိုက်သေဆုံးနေရမှုအတွက် အချင်းချင်းသတိထားလုပ်ကိုင်ရန် တိုက်တွန်းမှုများရှိသည်။ လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကိုရီးယားရောက် မြန်မာလုပ်သားများကြားတွင် စိုးရိမ်မှုနှင့် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"စည်ပိုင်းကို သန့်ရှင်းရေးလုပ်နေတုန်း ပွတ်တိုက်လို့ ထွက်လာတဲ့ မီးစကနေ မီးထတောက်လောင်တာ။ အခန့်မသင့်ဘဲ သတိလက်လွတ် ဖြစ်သွားတာထင်တယ်"

Photo: Zaw Moe Aung

တောင်ကိုရီးယားနိုင်ငံမှာ ဇွန် ၁၈ ရက်က မြန်မာလုပ်သားတယောက် လုပ်ငန်းခွင်မှာ မတော်တဆ မီးလောင်ခံရပြီး သေဆုံးခဲ့တယ်လို့ အဲဒီနိုင်ငံရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်နမ်ပြည်နယ် ဂင်မဲမြို့က စက်ရုံလုပ်ငန်းခွင်အတွင်း အသက် ၃၂ နှစ်အရွယ် ကိုသန့်ဇင်ဦးဟာ မနက် ၁၁ နာရီလောက်က သံစည်ပိုင်းအတွင်း ဝင်ရောက် သန့်ရှင်းရေးလုပ်နေစဥ် ရုတ်တရက် မီးထတောက်ရာကနေ မီးလောင်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

သေဆုံးသူနဲ့ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တယောက်က “စည်ပိုင်းကို သန့်ရှင်းရေးလုပ်နေတုန်း ပွတ်တိုက်လို့ ထွက်လာတဲ့ မီးစကနေ မီးထတောက်လောင်တာ။ အခန့်မသင့်ဘဲ သတိလက်လွတ် ဖြစ်သွားတာထင်တယ်” လို့ ပြောပါတယ်။

အခုလို မတော်တဆဖြစ်ပြီး သေဆုံးခဲ့ရတဲ့ ကိုသန့်ဇင်ဦးမှာ ရွှေပြည်သာမြို့နယ်ကနေ ရောက်ရှိ လုပ်ကိုင်နေသူဖြစ်ပြီး သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်သူတယောက် ဖြစ်တယ်လို့ အလုပ်အတူလုပ်ခဲ့ဖူးသူတွေက ဆိုပါတယ်။

အခုလို စက်ရုံက အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အလုပ်ကို ပေါ့ပေါ့တန်တန် ခိုင်းစေတဲ့အပေါ် တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေကြားမှာ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံက လုပ်ငန်းခွင်ထဲမှာ မြန်မာလုပ်သားတွေ မတော်တဆမှုကြောင့် ထိခိုက်၊ သေဆုံးရတာတွေ မကြာခဏ ဖြစ်နေတဲ့အတွက် ​သတိထားလုပ်ကိုင်ဖို့ အချင်းချင်း တိုက်တွန်းမှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

AI Curated