နှစ်ပေါင်း(၂၀)ကျော်တပ်စွဲထားသည့်ကျောက်လုံးကြီးစစ်တပ်စခန်းကိုKNLA သိမ်းပိုက်
general||2 MIN READ

နှစ်ပေါင်း(၂၀)ကျော်တပ်စွဲထားသည့်ကျောက်လုံးကြီးစစ်တပ်စခန်းကိုKNLA သိမ်းပိုက်

Narinjara
SourceNarinjara

AI Summary

တနင်္သာရီတိုင်းရှိ နှစ်ပေါင်း ၂၀ ကျော်ကြာ တပ်စွဲထားသော ကျောက်လုံးကြီးစစ်ကောင်စီစခန်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက မေလ ၂၉ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ အဆိုပါစခန်းသည် စစ်ကောင်စီ၏ ဗျူဟာမြောက် ကာကင်းစခန်းတစ်ခုဖြစ်ပြီး အခြားစခန်းများမှ ဆုတ်ခွာလာသည့် ခမရ ၄၃၃ တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့် ပြန်လည်အခြေပြုထားခြင်းဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များက ၁၀ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုများရှိခဲ့ပြီး စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ လက်ရှိတွင် အဆိုပါစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

နိရဉ္စရာ၊ မေ ၃၀/၂၀၂၆

မြိတ်-ထားဝယ်ခရိုင် တနင်္သာရီချောင်းမကြီးနဘေးရှိ အာဏာသိမ်းစစ်တပ်နှစ်ပေါင်း(၂၀)ကျော်တပ်စွဲထားသည့် ကျောက်လုံးကြီးစခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကမေလ၂၉ ရက်နေ့တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

အဆိုပါစခန်းအား မေလ ၁၉ ရက်နေ့ ၊ နံနက် ၇ နာရီအချိန်မှစတင်၍   မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး၁၀ ရက်အကြာ မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း KNU (ဗဟို)က ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းစခန်းသည် အာဏာသိမ်းစစ်တပ် ခမရ (၄၃၃) တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့်ဗျူဟာကာကင်းအဖြစ် ပြန်လည်ဝင်ရောက်တပ်စွဲထားသောတပ်စခန်းဖြစ်ကြောင်းသိရသည်။

အဆိုပါစခန်းသည် စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ် ဌာနချုပ်၊ အမှတ် ၂ဗျူဟာလက်အောက်ခံတပ်များက နှစ်ပေါင်း ၂၀ ကျော်ကြာ အခြေပြုတပ်စွဲခဲ့သည့်စခန်းကြီးတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄နှင့် တော်လှန် ရေးမဟာ မိတ်ပူးပေါင်းတပ်များက အာဏာသိမ်းစစ်တပ်၏ "အောင်သာဝရစခန်း" ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့စဉ်အတွင်းယခုသိမ်းပိုက်ရရှိသော ကျောက်လုံးကြီးစခန်းသို့ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြကြောင်း၊သိရသည်။

သို့သော် လည်း နောက်ပိုင်းတွင် အဆိုပါစခန်း၌ စစ်ကောင်စီ၏ ခမရ ၄၃၃ တပ်ရင်းမှအင်အား ၈၀ ကျော်ဖြင့် စစ်ရေးဗျူဟာကာကင်းတစ်ခုအနေ ဖြင့် ပြန်လည်ဝင်ရောက်ကာအခြေပြုတပ်စွဲခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ဆက်စပ်သတင်းများ

AI Curated
နှစ်ပေါင်း(၂၀)ကျော်တပ်စွဲထားသည့်ကျောက်လုံးကြီးစစ်တပ်စခန်းကိုKNLA သိမ်းပိုက် | YGN Daily