
ကိုဗစ်ကာလက အာတီတာအတွက် အခွင့်အရေးဖြစ်ခဲ့ဟု အာဆင်နယ်ဥက္ကဋ္ဌ ပြော
AI Summary
ခရွန်ကီ ပြော၊ ကိုဗစ်ကာလ၊ ပရိသတ်မရှိ၊ အာတီတာ အသင်းတည်ဆောက်၊ "ဘီလူး" နိုး။ အာတီတာ အာဆင်နယ် ၂၂ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်။ လာမဲ့နွေ အင်အားဖြည့်၊ ထိပ်ဆုံးဆက်နေ။

အာဆင်နယ်အသင်းရဲ့ ပူးတွဲဥက္ကဋ္ဌ ဂျော့ရှ်ခရွန်ကီက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပရိသတ် မပါဘဲ ကွင်းပိတ်ကစားခဲ့ရတဲ့ အခြေအနေဟာ နည်းပြ မီကဲလ်အာတီတာအတွက် ပရိသတ်တွေရဲ့ ဖိအား မရှိဘဲ အသင်းကို လွတ်လပ်စွာ တည်ဆောက်ပြီး "အိပ်ပျော်နေတဲ့ ဘီလူးကြီး" ကို ပြန်လည် နိုးထစေဖို့ အခွင့်အရေးရခဲ့စေတာဖြစ်ကြောင်း ပြောပါတယ်။
အာတီတာဟာ အသင်းကို ၆ နှစ်ခွဲကြာ ကိုင်တွယ်အပြီးမှာ အာဆင်နယ်ကို ၂၂ နှစ်အတွင်း ပထမဆုံး အကြိမ် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ခရွန်ကီက ၂၀၁၉ ဘာကူးမှာကစားတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ ရှုံးနိမ့်မှုအပြီး ကလပ်အသင်းရဲ့ ဗျူဟာကို အစကနေ ပြန်ပြောင်းလဲခဲ့ရပုံ၊ အကယ်ဒမီမန်နေဂျာဟောင်း မာတီဆက်ကာရဲ့ လမ်းညွှန်မှုကြောင့် နောက်ခံလူ ဆာလီဘာကို အသက် ၁၈ နှစ်သားကတည်းက ပေါင် ၂၇ သန်းနဲ့ ကြိုတင်ခေါ်ယူနိုင်ခဲ့ပုံ တွေကိုလည်း ဖွင့်ဟခဲ့ပါတယ်။
လာမဲ့ စနေနေ့မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားရမဲ့ အာဆင်နယ်အသင်းကို ထိပ်ဆုံးမှာ ဆက်ရှိနေစေဖို့ လာမဲ့နွေရာသီမှာ ထပ်မံအင်အားဖြည့်တင်းသွားမယ်လိုလည်း သူက အတည်ပြု ခဲ့ပါတယ်။