ရခိုင်မှစစ်ရှောင်ကျောင်းသား ၂,ဝဝဝ ကို အခမဲ့သင်ပေးရန် ကျပ်သိန်း ၂,၅ဝဝ လိုအပ်သည့်ကမ်ပိန်း စတင်
education||2 MIN READ

ရခိုင်မှစစ်ရှောင်ကျောင်းသား ၂,ဝဝဝ ကို အခမဲ့သင်ပေးရန် ကျပ်သိန်း ၂,၅ဝဝ လိုအပ်သည့်ကမ်ပိန်း စတင်

Narinjara
SourceNarinjara

AI Summary

ရခိုင်ရှိ လင်းရောင်ခြည်ဖောင်ဒေးရှင်းသည် စစ်ရှောင်ကျောင်းသား ၂,ဝဝဝ ကို ၂၀၂၆-၂၀၂၇ စာသင်နှစ်တွင် အခမဲ့ပညာသင်ကြားပေးရန်အတွက် ကျပ်သိန်း ၂,၅ဝဝ လိုအပ်သည့် ပညာရေးကမ်ပိန်းတစ်ခုကို မေလ ၃၀ ရက်မှ ဇူလိုင်လ ၃၀ ရက်အထိ ပြုလုပ်နေပါသည်။ စစ်ဘေးရှောင်ကလေးများ၏ ပညာရေး၊ လူမှုဖူလုံရေးနှင့် ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပြီး စာရေးကိရိယာ၊ ဆရာ/မ ထောက်ပံ့ကြေး၊ ကျောင်းပြင်ဆင်မှုနှင့် အရေးပေါ်အခြေအနေများအတွက် ရန်ပုံငွေလိုအပ်နေခြင်း ဖြစ်ပါသည်။ ဤစီမံကိန်းတွင် ရခိုင်၊ မြို၊ ခမီ၊ မရမာကြီးနှင့် မွတ်ဆလင်ကျောင်းသားများ ပါဝင်မည်ဖြစ်ပြီး KG မှ Grade 8 အထိ ကျောင်းကိုးကျောင်းဖွင့်လှစ်ကာ သင်ကြားပေးမည်ဖြစ်သည်။ ကမ်ပိန်းမှရရှိသော အလှူငွေများကို ကျောင်းသားများအတွက် စာရေးကိရိယာ၊ ဆရာ/မများအတွက် လစာ၊ ကျောင်းဆောင်များ ဆောက်လုပ်ပြုပြင်ခြင်းနှင့် အရေးပေါ်အခြေအနေများအတွက် အချိုးကျ ခွဲဝေသုံးစွဲသွားမည်ဖြစ်သည်။ စစ်ဘေးရှောင်ကလေးတစ်ဦးအတွက် တစ်နှစ်စာ ပညာသင်စရိတ် ကျပ်တစ်သိန်းနှစ်သောင်းငါးထောင် ကုန်ကျမည်ဖြစ်ပြီး အလှူရှင်များအနေဖြင့် ဖောင်ဒေးရှင်း၏ page မှတစ်ဆင့် လှူဒါန်းနိုင်ပါသည်။

ရခိုင်မှစစ်ရှောင်ကျောင်းသူ၊ ကျောင်းသား ၂,ဝဝဝ ကို အခမဲ့သင်ပေးနိုင်ရန်အတွက် ကျပ်သိန်း ၂,၅ဝဝ လိုအပ်သည့် ပညာရေးကမ်ပိန်းတစ်ခုကို စတင်လိုက်ပြီဟု သိရသည်။ အဆိုပါပညာရေးကမ်ပိန်းကို ရခိုင်ရှိ လင်းရောင်ခြည်ဖောင်ဒေးရှင်းက မေလ ၃ဝ ရက်မှစတင်ကာ ဇူလိုင်လ ၃ဝ ရက်အထိ ပြုလုပ်နေခြင်းဖြစ်သည်။ ၂၀၂၆-၂၀၂၇ စာသင်နှစ်တွင် လင်းရောင်ခြည်ဖောင်ဒေးရှင်းက KG မှ Grade – 8 အထိ စစ်ဘေးရှောင်ကျောင်းသူ/သား ၂,၀၀၀ ကို မတူညီသည့်နေရာကိုးခု၌ ကျောင်းကိုးကျောင်းဖွင့်လှစ်ကာ ပညာအခမဲ့သင်ပေးရန် စီစဉ်ထားရှိသည်ဟု သိရသည်။ ယင်းသို့ သင်ကြားပေးရာတွင် စာရေးကိရိယာများအပါအဝင် ကျောင်းသူ၊ ကျောင်းသားများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန် ငွေကြေးများလည်း လိုအပ်လျက်ရှိသောကြောင့် ယခုကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်း၏ ဒါရိုက်တာ ကိုမောင်နှင်းအေးက နိရဉ္စရာကို ပြောသည်။ “အဲဒီကလေးတွေကို ကျနော်တို့ဟာ ပညာရေးအပြင် နောက်ထပ် လူမှုဖူလုံရေးကဏ္ဍလေးတွေ၊ နောက်ထပ် ကျန်းမာရေးကဏ္ဍလေးတွေပေါ့လေ။ အဲဒီဟာတွေမှာလည်း ကျနော်တို့ဟာ အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ နောက်ပြီးရင် စစ်ရှောင်ကာလဆိုတော့ ကျောင်းသားလူငယ်တွေမှာလည်း စားဝတ်နေရေးလုံးဝအဆင်မပြေတဲ့ကလေးတွေရှိတယ်။ အဲဒီကလေးတွေကိုလည်း ကျနော်တို့ဟာ ဘာပဲပြောပြော အတိုင်းအတာလေးတစ်ခုထိ ကျနော်တို့ဟာ သူတို့ဝမ်းရေးအတွက် ဖြည့်ဆည်းနိုင်အောင်၊ ကျောင်းကို မှန်မှန်ရောက်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်”ဟု ပြောသည်။

Narinjara News Image

Narinjara News Image


ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁/၂ဝ၂၆

ဆက်စပ်သတင်းများ

AI Curated
ရခိုင်မှစစ်ရှောင်ကျောင်းသား ၂,ဝဝဝ ကို အခမဲ့သင်ပေးရန် ကျပ်သိန်း ၂,၅ဝဝ လိုအပ်သည့်ကမ်ပိန်း စတင် | YGN Daily