ခင်ဦးမြို့နယ်၌ စစ်တပ်ပစ်ခတ်မှုကြောင့် စစ်ရှောင် အမျိုးသမီးငယ် ၁ ဦး သေဆုံး
politics||2 MIN READ

ခင်ဦးမြို့နယ်၌ စစ်တပ်ပစ်ခတ်မှုကြောင့် စစ်ရှောင် အမျိုးသမီးငယ် ၁ ဦး သေဆုံး

DVB
SourceDVB
Back to News

AI Summary

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ ယောက်သွားအိုင်ရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၉ ရက်နေ့တွင် ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တဲတစ်ခုပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးကာ စစ်ရှောင်တဲတစ်ခု ပျက်စီးခဲ့ရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ပြောဆိုသည်။ လက်ရှိတွင် အဆိုပါကျေးရွာ၌ စစ်တပ်၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်နစ်နာမှုများ ရှိနေသည်။

ထင်ရှားသော ပြောကြားချက်များ

"လက်နက်ကြီး တလုံးက တော့ စစ်ရှောင်တဲပေါ်ကျပြီး အသက် ၁၆ နှစ် အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ရတယ်။ စစ်‌ဘေး ရှောင်တဲတလုံးလည်း ပျက်စီးသွားတယ်"

"ကျနော်အမြင်ကတော့ ဒီကောင်တွေ ထင်ရာ ရမ်းသန်းပစ်နေတာ။ သူတို့ပစ်တဲ့ နေရာက ဘာတိုက်ပွဲမှမရှိဘူး။ ကျ‌နော်တို့အဖွဲ့တွေ စခန်းလည်း မရှိဘူး။ ပြည်သူကို ဒုက္ခပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ကို တမင်ပစ်တာ"

Photo : ဒေသခံ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊‌ ယောက်သွားအိုင်ရွာကို စစ်အာဏာရှင်တပ်က ဇွန် ၁၉ ရက်မှာ  ဒရုန်းယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးပါပစ်ခတ်လို့ စစ်ရှောင် အမျိုးသမီးငယ် တယောက် သေဆုံး သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရွှေဘို လေ့ကျင့်ရေး ၈ အထိုင် စစ်တပ်က  မနေ့ မနက်ခင်း ၆ နာရီ ၄၆ မိနစ်က စတင်ပြီး ဒရုနန်း အပါအဝင် လက်နက်ကြီးနဲ့ပါ ဗုံးကြဲ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ခင်ဦးဒေသခံတယောက်က “အရင်ဆုံးက အသေခံဒရုန်းယာဉ်နဲ့ ဗုံးသီး ၂ လုံးကြဲချတယ်။ အဲဒီဗုဲးကြဲ တာက ဘာအထိအခိုက်မှ မရှိခဲ့ဘူး။ ပြီးတော့ လက်နက်ကြီးနဲ့ ၅ မိနစ်ခြား တကြိမ်ပစ်တယ်။ ပစ်တဲ့ လက်နက်ကြီးက  ၅ မိနစ်ကို ၁ လုံးပစ်တာ။ စုစု‌ပေါင်း လက်နက်ကြီး ၄ လုံးနဲ့ ပစ်သွားတာ။ လက်နက်ကြီး တလုံးက တော့ စစ်ရှောင်တဲပေါ်ကျပြီး အသက် ၁၆ နှစ် အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ရတယ်။ စစ်‌ဘေး ရှောင်တဲတလုံးလည်း ပျက်စီးသွားတယ်”လို့ ပြောပါတယ်။

ယောက်သွားအိုင်ရွာမှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။

ခင်ဦးမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့မှ ကိုသစ္စာက “ကျနော်အမြင်ကတော့ ဒီကောင်တွေ ထင်ရာ ရမ်းသန်းပစ်နေတာ။ သူတို့ပစ်တဲ့ နေရာက ဘာတိုက်ပွဲမှမရှိဘူး။ ကျ‌နော်တို့အဖွဲ့တွေ စခန်းလည်း မရှိဘူး။ ပြည်သူကို ဒုက္ခပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ကို တမင်ပစ်တာ”လို့ ပြောပါတယ်။

ယောက်သွားအိုင်ရွာဟာ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်း ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီး ဘေးမှာ တည်ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated