NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံ လန်ဒန်မြို့ရှိ မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံ (ဓာတ်ပုံသတင်း) - BUR.MIZZIMA.COM
politics||2 MIN READ

NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံ လန်ဒန်မြို့ရှိ မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံ (ဓာတ်ပုံသတင်း) - BUR.MIZZIMA.COM

AI Summary

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၉ ရက်နေ့တွင် ကနေဒါနိုင်ငံ၌ မြန်မာလူမှုအသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိမြေပြင်အခြေအနေများနှင့် တော်လှန်ရေးအတွက် ပြည်ပရောက်မြန်မာများ၏ ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတကာစည်းရုံးရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်နိုင်ရေးနှင့် ပြည်ပရောက်မြန်မာများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကိုလည်း အပြန်အလှန်တိုင်ပင်ခဲ့သည်။ တွေ့ဆုံပွဲသို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် NUG သမ္မတအကြံပေးတို့လည်း တက်ရောက်ခဲ့ကြသည်။ ဤတွေ့ဆုံမှုသည် တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ပြည်ပရောက်မြန်မာများ၏ ပူးပေါင်းပါဝင်မှုကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သည်။

ဇွန် ၆

မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံ၊ အွန်တာရီယိုပြည်နယ်၊ လန်ဒန်မြို့ရှိ မြန်မာလူမှုအသိုင်းအဝိုင်းနှင့် မေလ ၂၉ ရက်နေ့က တွေ့ဆုံပွဲတခု ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိမြေပြင်အခြေအနေများ၊ SCEF ၏ လုပ်ငန်းစဉ်များ၊ နိုင်ငံတကာစည်းရုံးရေး ကိစ္စရပ်များတွင် လူငယ်များ ပါဝင်လှုပ်ရှားနိုင်ရေး အခြေအနေများနှင့် ပြည်ပရောက် မြန်မာများအနေဖြင့် တော်လှန်ရေးနှင့် SCEF ကို ပံ့ပိုးကူညီပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ နဲနယ်ပလို၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စောနီးမရော့ဒ် နှင့် NUG သမ္မတအကြံပေး ဦးကျော်ဇော်တို့လည်း ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။

နှစ်နာရီနီးပါး ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ပရောက် မြန်မာလူမှုအသိုင်းအဝိုင်းက ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ကျော်လွှားနိုင်မည့် နည်းလမ်းများကိုလည်း အပြန်အလှန် တိုင်ပင်ခဲ့ကြကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated
NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံ လန်ဒန်မြို့ရှိ မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံ (ဓာတ်ပုံသတင်း) - BUR.MIZZIMA.COM | YGN Daily