ယောဒေသသို့ဝင်ရောက်လာသည့်အာဏာသိမ်းစစ်ကြောင်းအမျိုးသမီးများအားအဓမ္မပြုကျင့်မှုများရှိနေ
general||3 MIN READ

ယောဒေသသို့ဝင်ရောက်လာသည့်အာဏာသိမ်းစစ်ကြောင်းအမျိုးသမီးများအားအဓမ္မပြုကျင့်မှုများရှိနေ

Narinjara
SourceNarinjara

AI Summary

မကွေးတိုင်း ယောဒေသသို့ အာဏာသိမ်းစစ်တပ်ဝင်ရောက်စီးနင်းရာတွင် ဆရာတော်တစ်ပါးအပါအဝင် လူ ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ စစ်တပ်သည် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းစသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းကြောင့် ဒေသခံများအား ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် ယောကာကွယ်ရေးတပ်က သတိပေးထားသည်။

(ယောဒေသတွင် ဆရာတော်တစ်ပါးအပါအဝင်လူ၆ဦးသတ်ဖြတ်ခံရ)

နိရဉ္စရာ၊ မေ ၂၈/ ၂၀၂၆

မကွေးတိုင်း၊ ယောဒေသသို့ဝင်ရောက်လာသော အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းများသည်ဒေသခံအမျိုးသမီးများအားအဓမ္မပြုကျင့်မှုများရှိနေကြောင်းယောကာကွယ်ရေးတပ်-YDF ဗဟိုစစ်ရုံးချုပ်မှ မေ၂၅ ရက် သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

လက်ရှိ ယောဒေသအတွင်းတွင် စစ်ကော်မရှင်၏ ဖက်ဆစ်အကြမ်းဖက်စစ်ကြောင်း များသည် မြို့ရွာများအတွင်း ဝင်ရောက်ပြီး ပြည်သူများအား ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် မတရားအသုံးပြုခြင်း၊ လူငယ်အမျိုးသားများအား အတင်းအကြပ် ဖမ်းဆီးစစ်မှုထမ်းခိုင်းခြင်းများကိုပြုလုပ်နေသည်သာမက အမျိုးသမီးများအားအဓမ္မပြုကျင့်ခြင်းစသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို စိတ်မကောင်းစွာတွေ့မြင်ကြားသိနေရပါသည်ဟုလည်းဖော်ပြထားသည်။

ထိုသို့အာဏာသိမ်း အကြမ်းဖက် စစ်တပ်က စစ်ရာဇဝတ်မှုများကို ပြောင်းပြောင်းတင်းတင်း ကျူးလွန်နေသဖြင့်  မိဘပြည်သူများအနေဖြင့် လုံခြုံဘေးကင်းရာနေရာများသို့ အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ကြရန်လည်းယောကာကွယ်ရေးတပ်အလေးအနက် အသိပေးတိုက်တွန်းထားသည်။

အဆိုပါ အာဏာသိမ်း စစ်ကြောင်းများသည် လွန်ခဲ့သောရက်ပိုင်းအတွင်းက ယောဒေသ တောင်ပိုင်းနှင့် ချင်းပြည် တောင်ပိုင်းသို့ စစ်အင်အား ထောင်ချီဖြင့် အလုံးအရင်း ထိုးစစ်ဆင်ဝင်ရောက်နေပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး တိုက်ခိုက်မှုများလည်း တောက်လျှောက် ပြုလုပ်နေပါသည်ဟုဆိုသည်။

၎င်းပြင်အာဏာသိမ်း စစ်တပ် စစ်ကြောင်းများသည် မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ပေါက်-ကျောက်ထု-မင်းတပ်လမ်းပိုင်းမှာရှိသောတပြင်းကျေးရွာနှင့်ရွာသာကျေးရွာများမှဒေသခံပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟုသိရသည်။

သတ်ဖြတ်ခံရသူတွေထဲမှာတပြင်းကျေးရွာ ကျောင်းထိုင်ဆရာတော်တစ်ပါး၊ CDM အထက်တန်းပြဆရာဦးမျိုးမင်းကျော်၊ ဦးထွန်းကြိုင်၊ ဦးကျော်သူရနှင့်စိတ်ကျန်းမာရေးမကောင်းသော အမျိုးသမီးတစ်ဦးတို့ ပါဝင်ပြီး ရွာသာကျေးရွာက ဒေသခံတစ်ဦးလည်းသတ်ဖြတ်ခံခဲ့ရသည်ဟုသိရသည်။

အင်အား ၁,၀၀၀ ကျော်ပါသောအာဏာသိမ်း စစ်တပ်စစ်ကြောင်းသည်ယောဒေသအတွင်းလမ်းဘေးကျေးရွာတွေကို ဖြတ်သန်းစစ်ကြောင်းထိုးနေချိန် တပြင်းကျေးရွာနှင့် ရွာသာကျေးရွာထဲကိုဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူများကို ဖမ်းဆီးကာနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည်ဟုဒေသခံများကိုကိုးကားပြီး RFA တွင် မေလ ၂၆ ရက်နေ့က သတင်းဖော်ပြထားသည်။

ထိုသို့ ယောဒေသသို့ ဝင်ရောက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေသာ မြန်မာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို ရှေ့တန်းစစ်မျက်နှာပြင်များတွင် AAအပါအဝင် ယောကာကွယ်ရေးတပ်-YDF အပါအဝင် မဟာမိတ် ပူးပေါင်းတပ်များကအပြင်းအထန်ဆက်လက်ခုခံ တိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။

ဆက်စပ်သတင်းများ

AI Curated
ယောဒေသသို့ဝင်ရောက်လာသည့်အာဏာသိမ်းစစ်ကြောင်းအမျိုးသမီးများအားအဓမ္မပြုကျင့်မှုများရှိနေ | YGN Daily