အဆင့်အတန်းမြင့်မားပြီးလှပခေတ်မီသောမြို့ပြစီမံကိန်းများ အကောင်အထည်ပေါ်နိုင်ရန် ရခိုင်ပြည်သူများအားULA/AA ဖိတ်ခေါ်
politics||5 MIN READ

အဆင့်အတန်းမြင့်မားပြီးလှပခေတ်မီသောမြို့ပြစီမံကိန်းများ အကောင်အထည်ပေါ်နိုင်ရန် ရခိုင်ပြည်သူများအားULA/AA ဖိတ်ခေါ်

Narinjara
SourceNarinjara

AI Summary

ULA/AA က အဆင့်အတန်းမြင့်မားပြီး လှပခေတ်မီသော မြို့ပြစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ပေါ်လာစေရန်အတွက် အာရက္ခပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေလ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်၍ ဖိတ်ခေါ်တိုက်တွန်းလိုက်သည်။ အာရက္ခတပ်တော်သည် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ဖိအားများနှင့် ရင်ဆိုင်နေရသော်လည်း တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးကဏ္ဍများတွင် ပြည်သူများနှင့်အတူ တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။ ယခင်အစိုးရများလက်ထက်က ဒေသဖွံ့ဖြိုးတိုးတက်မှုကို လျစ်လျူရှုခဲ့ခြင်းနှင့် စည်းစနစ်မကျသော စီမံခန့်ခွဲမှုများကြောင့် အာရက္ခဒေသ၏ လူမှုဘဝအဆင့်အတန်း နိမ့်ကျခဲ့ရပြီး စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်ဟု ဆိုသည်။ ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရန်၊ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြများတွင် ကျူးကျော်မှုများကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် "မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများ" ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်နေသည်။ အထူးသဖြင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်ကို ထိန်းသိမ်းကာကွယ်ရန် "မြောက်ဦးမြို့ပြတည်ဆောက်ရေးစီမံကိန်း" ကိုလည်း အကောင်အထည်ဖော်လျက်ရှိပြီး မြေတိုင်းတာခြင်း၊ မြေပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လျော်ကြေးပေးခြင်းစသည့် လုပ်ငန်းစဉ်များဖြင့် စနစ်တကျ ဆောင်ရွက်နေသည်။ အနာဂတ်မျိုးဆက်များအတွက် အဆင့်အတန်းမြင့်မားသော လူ့ဘောင်တစ်ခု ချန်ထားခဲ့နိုင်ရန်နှင့် စီမံကိန်းများ အောင်မြင်စေရန်အတွက် ပြည်သူများအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များဖြင့် ပိုမိုပူးပေါင်းပါဝင်ပေးကြရန် ULA/AA က တိုက်တွန်းနှိုးဆော်ထားသည်။

နိရဉ္စရာ၊မေ၂၉/၂၀၂၆

အဆင့်အတန်းမြင့်မားပြီး လှပခေတ်မီသော မြို့ပြစီမံကိန်းများ အောင်အောင်မြင်မြင် အကောင်အထည်ပေါ်နိုင်ရန်အတွက် အာရက္ခပြည်သူများအနေဖြင့်ပူးပေါင်းပါဝင်ကြရန်ULA/AA ဖိတ်ခေါ်လိုက်သည်။

မေလ၂၉ရက်နေ့စွဲဖြင့်ထုတ်ပြန်သည့်  “ အာရက္ခတပြည်လုံးရှိမြို့ပြစည်ပင်သာယာရေးနှင့် စနစ်တကျတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာထုတ်ပြန်ကြေညာချက်”တွင်ထိုသို့တိုက်တွန်းဖိတ်ခေါ်ထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ထဲတွင်“ အာရက္ခတပ်တော်သည်စစ်မြေပြင်၌ရန်သူနှင့် စစ်ရေးအရအပြင်းထန်ဆုံးရင်ဆိုင်တိုက်ပွဲဝင်နေရသည့်နည်းတူ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/ AA)အားနိုင်ငံတကာဖိအားများသက်ရောက်စေရန်အားထုတ်ကြိုးပမ်းနေကြသည့်အစုအဖွဲ့များ၊အမျိုးသားသစ္စာဖောက်အချို့၏တကိုယ်တော်တိုက်ခိုက်ဆောင်ရွက်ချက်များကိုလည်းဘက်စုံထောင့်စုံမှရင်ဆိုင်ရလျက်ရှိသည်ဟုဖော်ပြထားသည်။

ဤကဲ့သို့စစ်ရေး၊နိုင်ငံရေး၊သံတမန်ရေးတိုက်ခိုက်မှုများကြားထဲတွင်ပင်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည်တရားဥပဒေစိုးမိုးရေး၊ကျန်းမာရေး၊ပညာရေး၊အုပ်ချုပ်ရေး၊မြို့ပြ၊ရပ်ရွာ၊ကျေးလက်ဖွံ့ဖြိုးရေစီမံကိန်းစသည့်တိုင်းပြည်တည်ဆောက်ရေးကဏ္ဍများနှင့် ပြည်သူ့ဝန်ဆောင်မှုများကိုပါအာရက္ခပြည်သူလူထုများနှင်းအတူတကွခိုင်မြဲစွာလက်တွဲလျက်အချိန်နှင့်တပြေးညီတစိုက်မတ်မတ်ကြိုးပမ်းအားထုတ်လုပ်ဆောင်လျက်ရှိနေကြောင်းဖော်ပြသည်။

မပြီးပြတ်သေးသော အမျိုးသားတော်လှန်ရေးခရီးကြမ်းကိုလျှောက်လှမ်းရင်းပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများကိုပိုမိုစနစ်ကျစွာဆောင်ရွက်လျက်ရှိသော်လည်းအယင်အာဏာရှင်အစိုးရအဆက်ဆက်လက်ထက်၌အာရက္ခဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးကိုလျစ်လျူရှုထားခြင်း၊မြို့ပြစီမံကိန်းများကိုစည်းစနစ်ကျစွာ၊နည်းလမ်းမှန်ကန်စွာဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်း၊တည်ဆဲဥပဒေများကိုအာဏာပိုင်အဆက်ဆက်နှင့်ကိုယ်ကျိုးရှာစီးပွားရေးသမားများလက်တလုံးခြားကိုယ်ကျိုးရှာဆောင်ရွက်ခြင်းများရှိခဲ့သောကြောင့်အာရက္ခဒေသတခုလုံးဖွံ့ဖြိုးတိုးတက်ရေးတွင်စိန်ခေါ်မှုမျိုးစုံတို့ကို နေ့တိုင်းကြုံတွေ့ရလျက်ရှိသည်ဟုဆိုသည်။

နှစ်ကာလရှည်ကြာစုပုံနေခဲ့သောအဆိုပါဆိုးမွေများကြောင့်အာရက္ခဒေသအတွင်းလူမှုဘဝနေထိုင်မှုအဆင့်အတန်းမာအဖက်ဖက်မှနိမ့်ကျလျက်ရှိနေသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည်အာရက္ခပြည်သူများ၏လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊စနစ်တကျဖွံ့ဖြိုးလာစေရန်၊တိုးပွားလာသောလူဦးရေကြောင့်ဖြစ်ပေါ်လာသည့်လူနေထူထပ်မှုများကိုစနစ်တကျဖြေရှင်းယှင်းပေးနိုင်ရန်၊မြို့ပြများ၌လမ်းနယ်နိမိတ်အပါအဝင်ကားလမ်းဘေးမြေနေရာရာများအားဥပဒေမဲ့ကျူးကျော်ခြင်းများကိုထိန်းသိမ်းနိုင်ရန်ရည်ရွယ်ချက်ဖြင့်လမ်း၊တံတားများအပါအဝင်မြို့ပြတည်ဆောက်ရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်နိုင်ရန်“မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများ” ဖွဲ့စည်းကာအားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိနေသည်ဟုဖော်ပြသည်။

အထူးသဖြင့်အာရက္ခပြည်သူပြည်သားများအသက်တမျှတန်ဖိုးထားလာခသောအာရက္ခပြည်သမိုင်း၏အထင်ကရ၊အာရက္ခရို့၏အသည်းနှလုံးဖြစ်သည့်“မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်” အားသန့်ရှင်းသပ်ရပ်စွာဖြင့်ရေရှည်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်၊ကမ္ဘာ့အမွေအနှစ်၊အာရက္ခအမွေအနှစ်အဖြစ်တည်တံ့နိုင်ရန်ရည်ရွယ်ချက်များဖြင့်“မြောက်ဦးမြို့ပြတည်ဆောက်ရေးစီမံကိန်း” ကိုလည်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟုဖော်ပြသည်။

“မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများသည်မြောက်ဦးအပါအဝင်ဒေသအသီးသီးမှစီမံကိန်းလျာထားမြေရာများကိုကွင်းဆင်းတိုင်းတာခြင်း၊မြေနှင့်သက်ဆိုင်သူများအားဖိတ်ခေါ်တွေ့ဆုံဆွေးနွေးရှင်းလင်းမှုများပြုလုပ်ခြင်း၊တဦးချင်းပိုင်ဆိုင်သောမြေဧရိယာကိုတိုင်းတာအတည်ပြု၍နယ်နိမိတ်ပိုင်းခြားသတ်မှတ်ခြင်းအပြင်အခြေအနေ၏ လိုအပ်ချက်အရဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီမြီသိမ်းဆည်းရန်အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း၊သင့်တင့်သောလျော်ကြေးငွေပေးဆောင်ခြင်းစသည့်အဆင့်ဆင့်သောလုပ်ငန်းစဉ်များဖြင့်တည်ဆောက်ရေးလုပ်ငန်းများအားစနစ်တကျဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

ထို့ကြောင့်“ မိဖပြည်သူများအနေ့ဖြင့်လည်းအာရက္ခတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်၊အနာဂတ်အာရက္ခမျိုးဆက်များအတွက်အဆင့်အတန်းမြင့်မားပြီးလှပခေတ်မီသောလူ့ဘောင်တခုချန်ထားခဲ့နိုင်ရန်နှင့် မြို့ပြစီမံကိန်းများအောင်အောင်မြင်မြင်အကောင်အထည်ပေါ်နိုင်ရန်အလို့ငှာအမျိုးသားရေးအခြေခံစိတ်၊တိုင်းချစ်ပြည်ချစ်စိတ်၊တိုင်းပြည်အပေါ်ထားရှိသောအရင်းခံစေတနာစိတ်များဖြင့်အယင်ကထက်ပိုသောပူးပေါင်းပါဝင်လုပ်ဆောင်မှုမျိုးဖြင့်ပါဝင်ပေးကြရန်အလေးအနက်အသိပီးဖိတ်ခေါ်တိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟုဖော်ပြထားသည်။

Narinjara News Image

ဆက်စပ်သတင်းများ

AI Curated
အဆင့်အတန်းမြင့်မားပြီးလှပခေတ်မီသောမြို့ပြစီမံကိန်းများ အကောင်အထည်ပေါ်နိုင်ရန် ရခိုင်ပြည်သူများအားULA/AA ဖိတ်ခေါ် | YGN Daily