မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါတွင် တွေ့ဆုံဆွေးနွေး - BUR.MIZZIMA.COM
politics||4 MIN READ

မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါတွင် တွေ့ဆုံဆွေးနွေး - BUR.MIZZIMA.COM

AI Summary

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံသို့ သွားရောက်၍ ကနေဒါအစိုးရ၊ လွှတ်တော်တာဝန်ရှိသူများ၊ တက္ကသိုလ်ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကနေဒါရောက် မြန်မာနွယ်ဖွားများကို တွေ့ဆုံဆွေးနွေးခဲ့သည်။ ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ၊ SCEF ၏ ရည်ရွယ်ချက်များနှင့် လက်ရှိလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရန်ဖြစ်သည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီး၏ ပါလီမန်ရေးရာအတွင်းဝန် ရောဘတ် အိုလီဖန့်က မြန်မာပြည်သူများနှင့်အတူ ကနေဒါနိုင်ငံ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးကင်းစွာ ရောက်ရှိနိုင်ရေးအတွက် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ SCEF ကိုယ်စားလှယ်အဖွဲ့တွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ နဲနယ်ပလိုနှင့် KNU မှ စောနီးမရော့ဒ်တို့ ပါဝင်ခဲ့သည်။ ဤတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံအတွက် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများနှင့် ပံ့ပိုးကူညီမှုများ ပိုမိုရရှိရန် မျှော်လင့်ရသည်။

ဓာတ်ပုံ – မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါတွင် တွေ့ဆုံဆွေးနွေးသည်။ (SCEF )

(ဇွန် – ၃)

မဇ္ဈိမ။ ။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံ ခရီးစဉ်အတွင်း မြို့တော် အိုတာဝါ၌ ကနေဒါအစိုးရနှင့် လွှတ်တော်တာဝန်ရှိသူများ၊ တက္ကသိုလ်ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကနေဒါရောက် မြန်မာနွယ်ဖွားများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး၏ ပါလီမန်ရေးရာအတွင်းဝန် ရောဘတ် အိုလီဖန့်က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သည့် အနာဂတ်တရပ် တည်ဆောက်နိုင်ရေးအတွက် ကနေဒါနိုင်ငံအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးကင်းစွာ ရောက်ရှိနိုင်ရေးအတွက် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း SCEF ကိုယ်စားလှယ်အဖွဲ့က အဖွဲ့ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါတွင် တွေ့ဆုံဆွေးနွေးသည်။ (SCEF )

ထို့အပြင် SCEF ကိုယ်စားလှယ်အဖွဲ့သည် ဒီမိုကရက်တစ် မြန်မာနိုင်ငံ၏ ပါလီမန်မိတ်ဆွေများအဖွဲ့မှ ဦးဆောင်အဖွဲ့ဝင်များဖြစ်သည့် လွှတ်တော်အမတ် ဂါနက် ဂျီးနီယက်နှင့် အဒမ် ချိန်ဘာတို့ကိုလည်း တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေး၊ အရပ်သားများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အိုတာဝါမြို့၌ အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

SCEF ကိုယ်စားလှယ်အဖွဲ့တွင် SCEF အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နိုင်ငံခြားရေးရာအဖွဲ့ဝင်များဖြစ်သည့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ နဲနယ်ပလိုနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စောနီးမရော့ဒ်တို့ ပါဝင်ခဲ့ပြီး NUG သမ္မတအကြံပေး ဦးကျော်ဇော်လည်း တက်ရောက်ခဲ့သည်။

ဓာတ်ပုံ – မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါတွင် တွေ့ဆုံဆွေးနွေးသည်။ (SCEF )

ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် တိုရန်တိုတက္ကသိုလ်၌ ပါမောက္ခများနှင့် သုတေသနပညာရှင်များကို တွေ့ဆုံဆွေးနွေးခဲ့သလို ကနေဒါနိုင်ငံရှိ မြန်မာနွယ်ဖွားများနှင့် Town Hall Meeting များ ပြုလုပ်ကာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အနာဂတ်ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated
မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါတွင် တွေ့ဆုံဆွေးနွေး - BUR.MIZZIMA.COM | YGN Daily