ဝါရှင်တန်ပို့စ် သတင်းစာ ရေးသားသော သူလျှိုမှု နောက်ဆက်တွဲများ
politics||8 MIN READ

ဝါရှင်တန်ပို့စ် သတင်းစာ ရေးသားသော သူလျှိုမှု နောက်ဆက်တွဲများ

DVB
SourceDVB
Back to News

AI Summary

မြန်မာ့ပြည်တွင်းရေးနှင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများကို ဝေဖန်လေ့ရှိသည့် အဒမ်ကက်စတီလိုနှင့် မင်းဇင်တို့ နှစ်ဦးစလုံးသည် တရုတ်နှင့် မြန်မာနိုင်ငံတို့တွင် အချိန်ကိုက် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးသည် တရုတ်၏ မြန်မာနိုင်ငံအပေါ် မဟာဗျူဟာမြောက် အကျိုးစီးပွားများကို အနီးကပ် စောင့်ကြည့်လေ့လာသူများ ဖြစ်ကြသည်။ ဤဖမ်းဆီးမှုများသည် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်နှင့် တိုက်ဆိုင်နေသဖြင့် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ အဆိုပါဖြစ်ရပ်ကြောင့် မြန်မာ့အရေး စောင့်ကြည့်သူများနှင့် ပြည်ပရောက် မြန်မာအသိုက်အဝန်းကြားတွင် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ လက်ရှိတွင် ကက်စတီလိုအား ယုံကြည်အပ်နှံမှု ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုထားပြီး မင်းဇင်မှာလည်း တရုတ်နိုင်ငံတွင် ပျောက်ဆုံးနေဆဲဖြစ်သည်။

ထင်ရှားသော ပြောကြားချက်များ

"ကျနော်တို့အားလုံး အကြီးအကျယ် တုန်လှုပ်ချောက်ချားနေကြရပါတယ်"

"ပေကျင်းအနေဖြင့် မြန်မာနိုင်ငံကို ‘တရုတ်၏ နောက်ဖေးခြံ’ကဲ့သို့ ပို၍ သဘောထားလာ‌နေကြောင်း"

"တရုတ်သည် မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြောင့် ‘အကျိုးအမြတ် အများဆုံးရရှိသူ’ ဖြစ်လာခဲ့သည်"

အဒမ်ကက်စတီလိုနှင့် မင်းဇင် ဖမ်းဆီးခံရမှုအပေါ် ဝါရှင်တန်ပို့စ် သတင်းစာကြီးက ယခုလို သုံးသပ်ရေးသားခဲ့သည်။

၎င်းတို့နှစ်ဦးစလုံးသည် မြန်မာ့ပြည်တွင်းစစ်အပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်လေ့ရှိသူများ ဖြစ်ကြပြီး၊ ဝါရှင်တန်ရှိ မူဝါဒချမှတ်သူများနှင့် ဥပဒေပြုအမတ်များကို ၎င်းတို့၏ အမြင်များ မျှဝေတင်ပြရန်အတွက် အခါအားလျော်စွာ သွားရောက်လေ့ရှိကြသည်။

စစ်ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံ၏ထိပ်တန်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် စီစဉ်ထားချိန်တွင် ၎င်းတို့ နှစ်ဦးစလုံးအား ရှေ့ဆင့်နောက်ဆင့် ဆိုသလို နှစ်နိုင်ငံစလုံးတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

တခုနှင့်တခု ဆက်စပ်မှုရှိနေသည်လား၊ ယခုကဲ့သို့ အချိန်ကိုက် ဖြစ်ပွားခဲ့ခြင်းမှာ တိုက်ဆိုင်မှုသက်သက် ဟုတ်မဟုတ် ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မရှိသေးဟု ဆိုသည်။

သို့သော်လည်း ယခုဖမ်းဆီးထိန်းသိမ်းမှု သတင်းများကြောင့် မြန်မာ့အရေးကို အဓိက အလေးထား စောင့်ကြည့်နေကြသည့် အသိုက်အဝန်းအတွင်း စိုးရိမ်ထိတ်လန့်မှုများ ပျံ့နှံ့သွားခဲ့သည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တဦးက “ကျနော်တို့အားလုံး အကြီးအကျယ် တုန်လှုပ်ချောက်ချားနေကြရပါတယ်” ဟု ပြောကြားခဲ့သည်။ ၎င်းသည် ကက်စတီလိုနှင့် ပုံမှန် ထိတွေ့ဆက်ဆံမှု ရှိခဲ့သူဖြစ်ပြီး၊ မြန်မာအာဏာပိုင်များ၏ လက်တုံ့ပြန် အရေးယူခံရမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် အခြေအနေဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မင်းဇင်သည် ကယ်လီဖိုးနီယားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဖြင့် မာစတာဘွဲ့ရထားသူဖြစ်ပြီး ဝါရှင်တန်နှင့် အဆက်အသွယ်ကောင်းများ ရှိထားသူ ဖြစ်သည်။

၎င်းသည် သုတေသနလုပ်ငန်းများအတွက် တရုတ်သို့လည်း မကြာခဏ သွားရောက်လေ့ရှိပြီး၊ ဇွန်လဆန်းပိုင်းက ယူနန်ပြည်နယ်သို့ ရောက်ရှိနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းလွတ်မြောက်ရေးအတွက် အမေရိကန် အရာရှိများကလည်း ဝင်ရောက်ကြိုးပမ်းပေးနေကြောင်း မိတ်ဆွေများထံမှ သိရသည်ဟု ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသားများကို သူလျှိုလုပ်သည် ဆိုသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းမှာ ထူးခြားနေသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက တရုတ်နိုင်ငံသည် အကျဉ်းသားလဲလှယ်မှုအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ထိန်းသိမ်းထားသည့် အမေရိကန်နိုင်ငံသား ၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး၊ ယင်းတို့အနက် ၂ ဦးမှာ သူလျှိုလုပ်မှုဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံရကာ ထောင်ထဲတွင် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသူများ ဖြစ်ကြသည်။

မင်းဇင် ဖမ်းဆီးခံရမှုကြောင့် ပြည်ပရောက် မြန်မာအသိုက်အဝန်းကြားတွင် မလုံခြုံသလို ခံစားနေရသည်ဟု ဆိုသည်။

မကြာသေးမီနှစ်များအတွင်း ၎င်းသည် မြန်မာ့နယ်စပ်ဒေသများကို ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများကို ပိုမိုနက်နက်ရှိုင်းရှိုင်း လုပ်ဆောင်လာခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်းများအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုနှင့် မြန်မာနိုင်ငံတဝန်းရှိ တရုတ်အစိုးရ ကျောထောက်နောက်ခံပြု အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို အထူးအလေးထား စောင့်ကြည့်လေ့လာခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက ဝါရှင်တန်ပို့စ်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတခုတွင် ပေကျင်းအနေဖြင့် မြန်မာနိုင်ငံကို ‘တရုတ်၏ နောက်ဖေးခြံ’ကဲ့သို့ ပို၍ သဘောထားလာ‌နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်သည် မြန်မာကို ၎င်းတို့ပိုင် တိဘက်၊ ဝီဂါ၊ တီယန်မင် ရင်ပြင် အရေးအခင်းများကဲ့သို့ အထိမခံသည့် သဘောမျိုး ပြလာနေသည်ဟု လေ့လာသူတဦးက ဆိုသည်။

ကက်စတီလို သည် အမေရိကန်သို့ သွားရောက်ပြီးနောက် မြန်မာသို့ ပြန်လည်ရောက်ရှိလာစဉ် လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) ကို ယခင်က တာဝန်ယူ ဦးဆောင်ခဲ့ဖူးသူ ကက်စတီလိုသည် မြန်မာနိုင်ငံရှိ အမေရိကန် သံတမန်များနှင့် မကြာခဏ ထိတွေ့ဆက်ဆံလေ့ရှိပြီး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆောင်ရွက်သည့် အမေရိကန်သံရုံး၏ ပြည်ပလုံခြုံရေး အကြံပေးကောင်စီ (OSAC) တွင်လည်း အဖွဲ့ဝင်တဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

၎င်းသည် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူတဦး ဖြစ်ပြီး မိမိကိုယ်ကိုယ် 'MAGA ကို အသေအလဲ ထောက်ခံသူအဖြစ် ဖော်ညွှန်းခဲ့သည်။ ယခုနှစ်ဆန်းပိုင်းက ဝါရှင်တန်ပို့စ်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတခုတွင် ၎င်းက မြန်မာနိုင်ငံအရေး၌ အမေရိကန်၏ မူဝါဒ ပိုမိုတက်ကြွ ထိရောက်လာစေရန် တိုက်တွန်းဆော်ဩဖို့ ဝါရှင်တန်ရှိ ထရမ့်ပ်အစိုးရအဖွဲ့ အရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အမြောက်အမြားရှိ‌နေသော မြေရှားသတ္တု သယံဇာတများနှင့် မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများအကြောင်းကိုလည်း ၎င်းက ထည့်သွင်းဆွေးနွေး အကြံပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်သည် မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြောင့် ‘အကျိုးအမြတ် အများဆုံးရရှိသူ’ ဖြစ်လာခဲ့သည်ဟု လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က ဝါရှင်တန်တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတခု၌ ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဝါရှင်တန်ပို့စ် သတင်းစာတွင် ရေးသားခဲ့သည်။

မြန်မာရဲအဖွဲ့၏ သတင်းရင်းမြစ်များအရ ကက်စတီလိုအား ယခင်က ဦးဆောင်ခဲ့ဖူးသည့် ကုန်သည်ကြီးများအသင်း၏ လက်ရှိဒါရိုက်တာက ၎င်းအပေါ် "ယုံကြည်အပ်နှံခြင်းကို ဖောက်ဖျက်မှု" (Breach of Trust) ဖြင့် တရားစွဲဆိုထားခြင်းကြောင့် ဖြစ်ကြောင်း၊ ရာဇဝတ်မှုဖြင့် တရားရုံးက ၎င်းအား ရက်သတ္တပတ် နှစ်ပတ် ချုပ်ရက်ရမန် ပေးထားကြောင်း AFP သတင်းအရ သိရသည်။

ယခုဖမ်းဆီးမှုများသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ် တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်ရန် ကြိုးပမ်းနေချိန်နှင့် မြန်မာစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်တွင် နိုင်ငံတော်အဆင့် သွားရောက်လည်ပတ်ချိန်နှင့် တိုက်ဆိုင်နေ၍ စီးပွားရေးကိစ္စများအတွက် ဖမ်းဆီးသည် ဆိုသည်မှာ မည်သူကမျှ ယုံကြည်မှုရှိမည် မဟုတ်ပေ။ ဒေါ်နယ်ထရမ့်ပ်အား လူသိရှင်ကြား အမာခံထောက်ခံနေသူ တ‌ဦးကို တရုတ်က ဖမ်းဆီးခိုင်းလိုက်ခြင်းဖြင့် စစ်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အမေရိကန်ဘက်မှ ဖယ်ရှားပေးလာမည့် အရေးကို လက်ဦးမှုယူကာ ပိတ်ပင်လိုက်ခြင်း ဖြစ်ပေမည်။ ဤသို့ဖြင့် မြန်မာသည် ၎င်းတို့ ဩဇာစက်ဝန်းအတွင်းက မည်သို့မျှ ရုန်းမထွက်နိုင်အောင် ဖြစ်လာပေတော့မည်။

မင်းအောင်လှိုင်သည် ဇွန် ၁၅ မှ ၁၉ ရက်အထိ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ဆိုကာ တရုတ်ပြည် ခရီးစဉ်သွားရောက်နေသည်။ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ရက် ၇၀ အတွင်း တရုတ်ခရီးစဉ် သွားရောက်သည်ကို ကြည့်မည်ဆိုက ၎င်းအား တရားဝင်အသိအမှတ်ပြုရန် စည်းကမ်းချက် အဖြစ် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ပေးခဲ့ရခြင်းလည်း ဖြစ်သည်။

ဒို့တာဝန် အရေး သုံးပါးကို ဦးထိပ်ထားပါသည် ဆိုသော စစ်တပ်သည် နိုင်ငံကို တရုတ် လက်အောက်ခံအဖြစ် ရောက်အောင် လုပ်စားသွားသည့် အမျိုးသားသစ္စာဖောက်များအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

AI Curated