ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပုသိမ်ကြီး PDF က အမြန်ဆုံး လွတ်မြောက်ပါစေဟု ဆုတောင်း
politics||2 MIN READ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပုသိမ်ကြီး PDF က အမြန်ဆုံး လွတ်မြောက်ပါစေဟု ဆုတောင်း

Back to News

AI Summary

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ပြည်တွင်းပြည်ပရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက နှင်းဆီပန်းကို သင်္ကေတပြု၍ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများက ပန်းပန်ခြင်းနှင့် ပန်းကပ်လှူခြင်းများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဤလှုပ်ရှားမှုကြောင့် စစ်အုပ်စု၏ ဖိနှိပ်မှုများကြားမှပင် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အဖွဲ့အစည်းအသီးသီးကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြသည်။ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ပြည်သူများက ၎င်း၏ ကျန်းမာရေးနှင့် လွတ်မြောက်ရေးအတွက် ဆုတောင်းလျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"အမေစု ကျန်းမာပါစေ၊ မတရား ချုပ်နှောင်ဖမ်းဆီးခံထားရခြင်းမှ အမြန်ဆုံး လွတ်မြောက်ပါစေ"

ဇွန် ၁၉

မဇ္ဈိမ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက “အမေစု ကျန်းမာပါစေ၊ မတရား ချုပ်နှောင်ဖမ်းဆီးခံထားရခြင်းမှ အမြန်ဆုံး လွတ်မြောက်ပါစေ” ဟု တောင်းဆုပြုခဲ့ကြသည်။

ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများက နှင်းဆီပန်းကို သင်္ကေတအဖြစ် အသုံးပြုကာ “နှင်းဆီ လှုပ်ရှားမှု” ကမ်ပိန်းကို နည်းလမ်းမျိုးစုံဖြင့် ဆင်နွှဲနေကြသည်။ စစ်အုပ်စု၏ ဖိနှိပ်ချုပ်ချယ်မှုများနှင့် လုံခြုံရေး တင်းကျပ်ထားမှုများကြားမှပင် ပြည်သူများသည် ပန်းပန်ခြင်း၊ ပန်းကပ်လှူခြင်း၊ ပန်းဝေငှခြင်းများ ပြုလုပ်ကာ ကမ်ပိန်းတွင် ပူးပေါင်းပါဝင်နေကြခြင်း ဖြစ်သည်။

အလားတူပင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ တော်လှန်ရေးအင်အားစုများ၊ သပိတ်အင်အားစုများနှင့် နိုင်ငံတကာသံရုံးများကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရန် တပြိုင်နက်တည်း ထုတ်ပြန်တောင်းဆိုထားကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated