လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များကြောင့် ဝက်စ်ဟမ်း ပူးတွဲဥက္ကဋ္ဌ ဒေးဗစ်ဆူလီဗန် နုတ်ထွက်
society||2 MIN READ

လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များကြောင့် ဝက်စ်ဟမ်း ပူးတွဲဥက္ကဋ္ဌ ဒေးဗစ်ဆူလီဗန် နုတ်ထွက်

DVB
SourceDVB

AI Summary

ဝက်စ်ဟမ်းအသင်းရဲ့ ပူးတွဲဥက္ကဋ္ဌ ဒေးဗစ်ဆူလီဗန်ဟာ သတင်းစာတိုက် အကြီးအကဲဘဝတုန်းက အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရာထူးကနေ နုတ်ထွက်သွားပါတယ်။ BBC Panorama နဲ့ The Times တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ မထွက်ခင်မှာပဲ သူက ရာထူးကနေ ဖယ်ပေးခဲ့တာ ဖြစ်ပါတယ်။ စွပ်စွဲချက်တွေအရ ဆူလီဗန်ဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက မော်ဒယ်လ်အလုပ် လာလျှောက်တဲ့ အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၇၇ နှစ်အရွယ် ဆူလီဗန်ကတော့ ဒီစွပ်စွဲချက်တွေကို လုံးဝငြင်းဆိုထားပြီး မီဒီယာတွေကို တရားစွဲမယ်လို့ တုံ့ပြန်ပါတယ်။ ဝက်စ်ဟမ်းအသင်းဘက်ကလည်း ဆူလီဗန်ဟာ အသင်းအပေါ် သက်ရောက်မှု မရှိစေဖို့ ကိစ္စရပ်တွေကို သီးသန့်ဖြေရှင်းမှာဖြစ်လို့ နုတ်ထွက်တာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ လက်ရှိမှာတော့ ယာယီအမှုဆောင်အရာရှိချုပ် ကာရင်ဗီရာနီက အသင်းကို ဆက်ပြီး ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

Photo: Reuters

ဝက်စ်ဟမ်းအသင်းရဲ့ ဘီလီယံနာ ပူးတွဲဥက္ကဋ္ဌ ဒေးဗစ်ဆူလီဗန်ဟာ သတင်းစာတိုက် အကြီးအကဲအဖြစ် တာဝန်ယူခဲ့စဉ်က အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရာထူးကနေ နုတ်ထွက်သွားပါတယ်။

BBC Panorama နဲ့ The Times တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ မထွက်ခင်မှာပဲ သူက ရာထူးကနေ ဖယ်ပေးခဲ့တာပါ။

စွပ်စွဲချက်တွေအရ ဆူလီဗန်ဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက မော်ဒယ်လ်အလုပ် လာလျှောက်တဲ့ အမျိုးသမီးငယ်တွေကို အလုပ်ပြပြီး လိင်ပိုင်းဆိုင်ရာ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၇၇ နှစ်အရွယ် ဆူလီဗန် ကတော့ ဒီစွပ်စွဲချက်တွေကို လုံးဝငြင်းဆိုထားပြီး မီဒီယာတွေကို တရားစွဲမယ်လို့ တုံ့ပြန်ပါတယ်။

ဝက်စ်ဟမ်းအသင်းဘက်ကလည်း ဆူလီဗန်ဟာ အသင်းအပေါ် သက်ရောက်မှု မရှိစေဖို့ ကိစ္စရပ်တွေကို သီးသန့်ဖြေရှင်းမှာဖြစ်လို့ နုတ်ထွက်တာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ ယာယီအမှုဆောင်အရာရှိချုပ် ကာရင်ဗီရာနီက အသင်းကို ဆက်ပြီး ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များကြောင့် ဝက်စ်ဟမ်း ပူးတွဲဥက္ကဋ္ဌ ဒေးဗစ်ဆူလီဗန် နုတ်ထွက် | YGN Daily