KNU တပ်မဟာ ၁ နယ်မြေကို စစ်တပ်ဗုံးကြဲ
politics||2 MIN READ

KNU တပ်မဟာ ၁ နယ်မြေကို စစ်တပ်ဗုံးကြဲ

DVB
SourceDVB
Back to News

AI Summary

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကော်ကပ်ကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန်လ ၁၁ ရက်နေ့တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဖြစ်ပြီး ယင်းနောက် သိမ်ဇရပ်အခြေစိုက် အမြောက်တပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့သော်လည်း ဒေသခံပြည်သူများ ထိခိုက်မှုမရှိခဲ့ပေ။ စစ်တောင်းမြစ်ကမ်းဘေးရှိ ရွာများအထိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ လက်ရှိတွင် KNU တပ်မဟာ ၁ နယ်မြေအတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသည်။

ထင်ရှားသော ပြောကြားချက်များ

"လူထိခိုက်တာ မရှိဘူး။ လေယာဥ် ဗုံးကြဲအပြီးမှာလည်း သိမ်ဇရပ် အမှတ် ၃၁၀ အမြောက်တပ်ကနေ လက်နက်ကြီး ၄ လုံး ရွာထဲကို ပစ်သေးတယ်။ စစ်တောင်းမြစ်ကမ်းနားဘက်က ရွာတွေကိုပစ်တာ"

Photo: KNU (ပုံဟောင်း)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေထဲက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကော်ကပ်ကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန် ၁၁ ရက် နေ့လယ်ပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်သွားတာဖြစ်ပြီး နေအိမ်တချို့ ပျက်စီးသွားပေမဲ့ အရပ်သားတွေ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

ဒေသခံတယောက်က “လူထိခိုက်တာ မရှိဘူး။ လေယာဥ် ဗုံးကြဲအပြီးမှာလည်း သိမ်ဇရပ် အမှတ် ၃၁၀ အမြောက်တပ်ကနေ လက်နက်ကြီး ၄ လုံး ရွာထဲကို ပစ်သေးတယ်။ စစ်တောင်းမြစ်ကမ်းနားဘက်က ရွာတွေကိုပစ်တာ” လို့ DVB ကို ပြောပါတယ်။

ကော်ကပ်ရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်တောင်းမြစ်ကမ်းဘေးက သုံးခွနဲ့ ကျောက်ရေတွင်း ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

KNU တပ်မဟာ ၁ နယ်မြေထဲ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်က ကမ်းနီရွာကနေ တက်လာတဲ့ စစ်အာဏာရှင်တပ် ယာဉ်တန်းကို တော်လှန်ရေးတပ်တွေဘက်က ပစ်ခတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
KNU တပ်မဟာ ၁ နယ်မြေကို စစ်တပ်ဗုံးကြဲ | YGN Daily