ထိုင်းတွင် မြန်မာပွဲစားအမျိုးသမီးအား သတ်ခဲ့သည့် တရားခံ ဖမ်းမိ
society||4 MIN READ

ထိုင်းတွင် မြန်မာပွဲစားအမျိုးသမီးအား သတ်ခဲ့သည့် တရားခံ ဖမ်းမိ

DVB
SourceDVB
Back to News

AI Summary

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် ဇွန်လ ၆ ရက်ညက မြန်မာပွဲစားအမျိုးသမီး တင်နွဲ့မာဝင်း (ခ) စင်သီ (၄၃ နှစ်) သည် နေအိမ်၌ အသတ်ခံခဲ့ရပြီး ဇွန်လ ၉ ရက်နေ့တွင် တရားခံ နိုင်လင်း (၅၀ နှစ်) ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ နိုင်လင်းသည် အလုပ်မရှိ၍ စင်သီအား ဘတ် ၈,၀၀၀ ပေးကာ အလုပ်ရှာခိုင်းခဲ့သော်လည်း ၁၀ ရက်ကျော်ကြာသည်အထိ အလုပ်မရသေးသဖြင့် စိတ်ဖိစီးကာ စကားများရန်ဖြစ်ရာမှ စင်သီ၏ခေါင်းကို တူဖြင့်ထုပြီး ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် စားပွဲပေါ်ရှိ ငွေ ၁,၅၅၀ ဘတ်နှင့် စင်သီဝတ်ဆင်ထားသော ရွှေထည်ပစ္စည်းများကို ယူဆောင်ထွက်ပြေးခဲ့ပြီး ရွှေလက်စွပ်ကို ဘတ် ၂၀,၀၀၀ ဖြင့် ရောင်းချခဲ့ကြောင်း ဝန်ခံခဲ့သည်။ စင်သီ၏သားဖြစ်သူက မိခင်အား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် နိုင်လင်းကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူခံရစေလိုကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က နိုင်လင်းအား တမင်ရည်ရွယ်လူသတ်မှု၊ ပစ္စည်းခိုးမှုနှင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုတို့ဖြင့် အရေးယူထားသည်။ နိုင်လင်းသည် ယခင်ကလည်း ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြန်ပို့ခံခဲ့ရဖူးပြီး ယခုတစ်ကြိမ် တရားမဝင် ပြန်လည်ဝင်ရောက်လာကာ အလုပ်ရှာဖွေစဉ် ယခုကဲ့သို့ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။

Photo: Khaosod

ထိုင်းနိုင်ငံ ပထုန်ဌာနီမှာ ပြီးခဲ့တဲ့ ဇွန် ၆ ရက်ညက တင်နွဲ့မာဝင်း (ခ) စင်သီ (အသက် ၄၃ နှစ်) ဆိုသူ မြန်မာပွဲစားအမျိုးသမီးတယောက် နေအိမ်မှာ အသတ်ခံရတဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက လိုက်လံ စုံစမ်းရှာဖွေရာ ဇွန် ၉ ရက်မှာ တရားခံကို  ဖမ်းဆီးရမိပြီလို့  ရဲတပ်ဖွဲ့က ပြောပါတယ် ။

ဒီမတိုင်ခင် သေဆုံးသူရဲ့ သားက သူတို့အိမ်မှာလာတည်းပြီး အခင်းဖြစ်တဲ့ညကတည်းက ပျောက်ဆုံး နေတဲ့  မြန်မာတယောက်အား သံသယရှိ‌ကြောင်း ရဲကိုပြောထားသလို အနီးနားဝန်းကျင်ရှိ စီစီကင်မရာတွေကနေ နောက်ယောင်ခံရင်း ဆုဖန်းပူရီခရိုင်ရှိ ပုလင်းခွံဆေးတဲ့ အလုပ်ရုံတခုမှာ ဖမ်းဆီးရမိတာလို့ ပထုန်ဌာနီခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝပ်ထနား ယိကျင်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လူသတ်မှုဖြစ်ပွားတဲ့အိမ်အနီးမှာ အစ္စလမ်ပညာသင်ကျောင်းဘေးက ထွက်ပေါက်ဝင်ပေါက် တခုသာ ရှိတယ်၊ ၆ ရက် ည ၁၁ နာရီ ၇ မိနစ်မှာ မာ့က်စ်တပ်ထားတဲ့ အမျိုးသားတယောက် အိတ်အဖြူကို ဆွဲပြီး ကပြာကယာနဲ့ အဲဒီလမ်းက ထွက်လာတယ်၊ နောက်ပြီး  တလင်ချန်းလမ်းမကြီးအတိုင်း လျှောက်သွားတယ်၊ ဘန်ဖွန်းလမ်းဆုံမှာ  တက္ကစီတားစီးတယ်၊ ဘန်ဘိုထောင်းမြို့  ရှဲလ်ဓာတ်ဆီဆိုင် မှာ ဆင်းတယ်၊ နောက်ထပ် တက္ကစီတစီးကို ပြောင်းစီးတယ်။ အဲဒီတက္ကစီက ဆုဖန်းပူရီခရိုင်ဘက် ထွက်သွားပါတယ်။

ရဲတပ်ဖွဲ့က တက္ကစီကားပိုင်ရှင်ကို ဆက်သွယ်မေးမြန်းတာမှာ ခရီးသည်က အလုပ်မရှိဘူး ပြောလို့ ဆုဖန်ပူရီခရိုင်၊ ဆမ်ချုတ်မြို့ရှိ ပုလင်းခွံဆေးတဲ့အလုပ်ရုံကို ပို့ပေးခဲ့တယ်လို့ ပြောပါတယ်။

တာဝန်ရှိသူတွေက အဲဒီစက်ရုံအလုပ်သမားတန်းလျားက စီစီကင်မရာကို အရင်စစ်ကြည့်ပြီး သံသယ ရှိသူရဲ့ ပုံစံနဲ့ ကိုက်ညီသူကိုတွေ့တာကြောင့် သွားရောက်စစ်ဆေးခဲ့တယ်၊ ထိုသူမှာ အသက် ၅၀ အရွယ် နိုင်လင်းဆိုသူဖြစ်ပြီး အခင်းဖြစ်တဲ့ညက ဝတ်ခဲ့တဲ့ အဝတ်အစားနဲ့  အဖြူရောင်အိတ်တို့ကို သက်သေအနေနဲ့ပါ ဖမ်းမိခဲ့ပါတယ်။ နိုင်လင်းကလည်း လူသတ်မှု ကျူးလွန်မိကြောင်း ဝန်ခံတယ်လို့ ဆိုပါတယ်။

သူဟာ အလုပ်မရှိလို့ သေဆုံးသူ  စင်သီကို ဘတ် ၈,၀၀၀ ပေးပြီး အလုပ်ရှာခိုင်းထားပါတယ်။ ၁၀ ရက်ကျော်ကြာတဲ့အထိ အလုပ်မရသေးတာကြောင့် စိတ်ဖိစီးပြီး စင်သီနဲ့ စကားများရန်ဖြစ်တယ်၊ စင်သီရဲ့ခေါင်းကို တူနဲ့အကြိမ်ကြိမ်ထုပြီး သူ့ကိုယ်ကို ဓားနဲ့ထိုးခဲ့တယ်။ ပြီးတော့ စားပွဲ ပေါ်တင် ထားတဲ့ ပိုက်ဆံ ၁,၅၅၀ ဘတ်နဲ့ စင်သီဝတ်ထားတဲ့ ရွှေလက်စွပ်၊ ရွှေလက်ကောက်၊ ရွှေနားကွင်းနဲ့ စတီးလ်ဆွဲကြိုးကို ဖြုတ်ယူပြီး ထွက်ပြေးခဲ့တယ်၊ ရွှေလက်စွပ်ကိုတော့ ဆုဖန်ပူရီ ရွှေဆိုင်မှာ ဘတ် ၂၀,၀၀၀ နဲ့ ရောင်းစားလိုက်ပြီလို့  ဖွင့်ဟဝန်ခံထားတယ်။

ပထုန်ဌာနီခရိုင်ရဲတပ်ဖွဲ့က နိုင်လင်းကို တမင်ရည်ရွယ်လူသတ်မှု၊ ပစ္စည်းခိုးမှု၊ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေနဲ့  အရေးယူထားတယ်လို့  ဆိုပါတယ်။

နောက်ကြောင်းရာဇဝင်စစ်ဆေးချက်အရ နိုင်လင်းဟာ မြန်မာပြည်မှာ မိန်းမနဲ့ ကလေး ၅ ယောက် ရှိတယ်။ အရင်ကထိုင်းတောင်ပိုင်း ပတ္တနီခရိုင် သင်္ဘောကျင်းမှာ အလုပ်လုပ်ခဲ့တယ်၊ အထောက် အထား မရှိလို့ ရဲဖမ်းခံရပြီး မြန်မာပြည်ပြန်ပို့ခံရပြီးပြီ၊ နောက်တခေါက် ထပ်ခိုးဝင်လာကာ အလုပ်ရှာဖွေစဉ် ခုလို လူသတ်မှုကျူးလွန်တာလို့ ရဲမှူးကြီးက ပြောပါတယ်။

စင်သီရဲ့ သားဖြစ်သူကတော့ သူ့အမေက သဘောကောင်းပါတယ်၊ သူများကို ကူညီတတ်တယ်၊ နိုင်လင်းကို အိမ်မှာလည်း ခေါ်ထားတယ်၊ ထမင်းလည်းကျွေးတယ်၊ ဒါတောင် ရက်ရက်စက်စက် သတ်ပစ်တယ်၊ ဘယ်လိုပဲ တောင်းပန် တောင်းပန် ခွင့်မလွှတ်ဘူး၊ ထိထိရောက်ရောက် အပြစ်ပေး အရေးယူခံရစေချင်တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

Source: Khaosod

ဆက်စပ်သတင်းများ

AI Curated
ထိုင်းတွင် မြန်မာပွဲစားအမျိုးသမီးအား သတ်ခဲ့သည့် တရားခံ ဖမ်းမိ | YGN Daily