ဝက်စ်ဟမ်းပိုင်ရှင် ဆူလီဗန် ၂၀၂၃ ကတည်းက ပွဲကြည့်ခွင့် ပိတ်ပင်ခံထားရ
sports||2 MIN READ

ဝက်စ်ဟမ်းပိုင်ရှင် ဆူလီဗန် ၂၀၂၃ ကတည်းက ပွဲကြည့်ခွင့် ပိတ်ပင်ခံထားရ

DVB
SourceDVB
Back to News

AI Summary

ဝက်စ်ဟမ်းအသင်းပိုင်ရှင် ဒေးဗစ်ဆူလီဗန်သည် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ၂၀၂၃ ခုနှစ်ကတည်းက အမျိုးသမီးအသင်းနှင့် လူငယ်အကယ်ဒမီပွဲများကို သွားရောက်ကြည့်ရှုခွင့် ပိတ်ပင်ခံထားရသည်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ၎င်းအပေါ် အတိတ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေပြီး သတင်းစာတိုက်ပိုင်ရှင်အာဏာကို အသုံးပြု၍ အမျိုးသမီးငယ်များကို အမြတ်ထုတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ဆူလီဗန်ကမူ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး မကြာသေးမီက အသင်းပူးတွဲဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့သည်။ လက်ရှိတွင် ၎င်းသည် အသင်းရှယ်ယာ ၃၈ ဒသမ ၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားဆဲဖြစ်သော်လည်း လွတ်လပ်သော ဘောလုံးထိန်းသိမ်းရေးအဖွဲ့က ပိုင်ရှင်အရည်အချင်းမပြည့်မီဟု သတ်မှတ်ကာ ရှယ်ယာများကို အတင်းအကျပ် ရောင်းချခိုင်းဖွယ်ရှိနေသည်။

Photo: Reuters

ဝက်စ်ဟမ်းအသင်းပိုင်ရှင် ဒေးဗစ်ဆူလီဗန်ဟာ အမျိုးသမီးအသင်းနဲ့ လူငယ်အကယ်ဒမီပွဲတွေကို သွားရောက်ကြည့်ရှုခွင့် အပိတ်ခံထားရပါတယ်။

ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ရမှုတွေကြောင့် ၂၀၂၃ ခုနှစ်ကတည်းက အခုလို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အသက် ၇၇ နှစ်အရွယ် ဆူလီဗန်အပေါ် အတိတ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှု စွပ်စွဲချက်တွေကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စုံစမ်းစစ်ဆေးနေတာပါ။

သူဟာ သတင်းစာတိုက်ပိုင်ရှင်အာဏာကို သုံးပြီး အမျိုးသမီးငယ်တွေကို အမြတ်ထုတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

ဆူလီဗန်ဟာ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး မကြာခင်ကမှ အသင်းပူးတွဲဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

လက်ရှိမှာ သူဟာ အသင်းရှယ်ယာ ၃၈ ဒသမ ၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လွတ်လပ်တဲ့ ဘောလုံးထိန်းသိမ်းရေးအဖွဲ့က သူ့ကို ပိုင်ရှင်အရည်အချင်း မပြည့်မီဘူးလို့ သတ်မှတ်ပြီး အသင်းရှယ်ယာတွေကို အတင်းအကျပ် ရောင်းချခိုင်းဖွယ် ရှိနေပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဝက်စ်ဟမ်းပိုင်ရှင် ဆူလီဗန် ၂၀၂၃ ကတည်းက ပွဲကြည့်ခွင့် ပိတ်ပင်ခံထားရ | YGN Daily