ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်ဒေသသို့ ဝင်ရောက်လာသည့် မြန်မာဘက်မှ ခူမီး ၄၇ ဦး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဖမ်းဆီး
politics||3 MIN READ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်ဒေသသို့ ဝင်ရောက်လာသည့် မြန်မာဘက်မှ ခူမီး ၄၇ ဦး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဖမ်းဆီး

Narinjara
SourceNarinjara

AI Summary

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်းတန်းနယ်၊ တန်းဆိပ်မြို့နယ်အတွင်းသို့ မြန်မာနိုင်ငံ ပလက်၀မြို့နယ်ဘက်မှ ဝင်ရောက်လာသော ခူမီးလူမျိုး ၄၇ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ထိန်းသိမ်းခံရသူများတွင် ကလေး ၁၁ ဦးအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၇ ဦး ပါဝင်ပြီး ၎င်းတို့သည် ဇွန်လ ၅ ရက်နေ့က ဝေးလံခေါင်သီသည့် ဆင်ကူးရီဗာဒေသရှိ ခူမီးကျေးရွာတွင် ခိုလှုံခဲ့ကြခြင်းဖြစ်သည်။ နယ်စပ်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဘေးကင်းရာရှာဖွေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မကြာသေးမီနှစ်များအတွင်း မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့အကြား ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ပြင်းထန်သောတိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသားများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံမှုများ ရှိခဲ့သည်။ BGB အရာရှိများက ထိန်းသိမ်းခံရသူများ၏ အထောက်အထားများကို အတည်ပြုပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ပြောကြားခဲ့သည်။ နောက်ထပ်မိသားစုများ နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

နိရဉ္ဇရာ

နိရဉ္စရာ၊ ဇွန် ၇/၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်းတန်းနယ်၊ ဘင်ဒရိုဘင် (ရွာတော်) ခရိုင်၊ တန်းဆိပ် မြို့နယ်အတွင်းသို့ မြန်မာနိုင်ငံ ပလက်၀မြို့နယ်ဘက်မှ ဝင်ရောက်လာသော ခူမီးလူမျိုး ၄၇ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

ထိန်းသိမ်းခံရသူများအထဲတွင် ကလေး ၁၁ ဦးပါဝင်ပြီး အမျိုးသားနှင့်အမျိုးသမီးစုစုပေါင်း ၄၇ ဦးဖြစ်သည်။

၎င်းတို့သည် လွန်ခဲ့သည့် ဇွန်လ ၅ ရက် သောကြာနေ့ တန်းဆိပ်မြို့နယ်တောင်ဘက်၊ ဝေးလံခေါင်သီသည့် ဒေသတစ်ခုဖြစ်သည့် ဆင်ကူးရီဗာ (ရခိုင်အခေါ် ရီကြိုင်ချောင်းဖျား) ရမ္မက်ကြီး တိုက်နယ်၊အမှတ် ၅နယ်မြေဈဟိုင်ကို ခူမီးကျေးရွာရှိ အိမ်များတွင် ခိုလှုံခဲ့ကြသည်ဟု သိရသည်။

ထိုသို့ ဝင်ရောက်လာကြောင်း သတင်းများထွက်ပေါ်လာပြီးနောက်ဘော်လီပါရာအခြေစိုက်  အမှတ် (၃၈) နယ်ခြားစောင့်တပ်ဖွဲ့(BGB)တပ်ရင်းလက်အောက်မော်တုတ်ချေကျေးရွာနယ်စပ်စခန်း (BOP) တပ်မှ ဟိုင်ကို ခူမီးပါရာသို့ စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ပြီးဝင်ရောက်လာသူများကို ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

blob

၎င်းတို့ မိသားစုအချို့သည် နယ်စပ်တွင် တိုက်ပွဲများကြောင့် ဘေးကင်းရာရှာဖွေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပြီး နောက်ထပ်မိသားစုများ တန်းဆိပ်နယ်စပ်မှတစ်ဆင့် ဝင်ရောက်ရန် ကြိုးပမ်းလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟုဆိသည်။

ထိန်းသိမ်းခံရသူများ၏ အထောက်အထားများနှင့် ၎င်းတို့ဝင်ရောက်မှုနှင့်ပတ်သက်သည့် အခြေအနေများကို လက်ရှိတွင် BGB အရာရှိများက အတည်ပြုကြောင်း ပြောကြားခဲ့ပြီး၎င်းတို့အား လုပ်ထုံးလုပ်နည်းများနှင့် အတူ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ပြောသည်။

မကြာသေးမီနှစ်များအတွင်း မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့အကြား ရခိုင်နှင့် ချင်းပြည်နယ်တွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားပြီးနောက် ခူမီး၊ ခီယန်၊ ဘောင်နှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များသည်လည်း နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ခဲ့ကြသည်ဟုသတင်းတွင် ဖော်ပြထားသည်။

Ref: Dhaka Tribune

ဆက်စပ်သတင်းများ

AI Curated
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်ဒေသသို့ ဝင်ရောက်လာသည့် မြန်မာဘက်မှ ခူမီး ၄၇ ဦး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဖမ်းဆီး | YGN Daily