ဗုံးကြဲခံလိုက်ရသည့် မြောက်ဦး ကျောက်ဆည်ပြင်ရွာမှ ဒဏ်ရာရသူများကို ARE က ကျပ်သိန်း ၉ဝ ကျော်ထောက်ပံ့
politics||2 MIN READ

ဗုံးကြဲခံလိုက်ရသည့် မြောက်ဦး ကျောက်ဆည်ပြင်ရွာမှ ဒဏ်ရာရသူများကို ARE က ကျပ်သိန်း ၉ဝ ကျော်ထောက်ပံ့

Narinjara
SourceNarinjara
Back to News

AI Summary

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ ကျောက်ဆည်ပြင်ကျေးရွာကို အကြမ်းဖက်မြန်မာစစ်တပ်က ဧပြီလ ၁၉ ရက်နေ့တွင် လေကြောင်းမှ နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ရွာဘုန်းတော်ကြီးကျောင်းမှ ရဟန်းသံဃာသုံးပါးအပါအဝင် ဒေသခံ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နွားငါးကောင် သေဆုံးပြီး တစ်ကောင် ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ ၁၀ ကျော်အတွက် ရက္ခိုင်ပြည်အရေးပေါ် ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ (ARE) က ကျပ်သိန်း ၉၀ ကျော် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁ဝ /၂ဝ၂၆

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ ကျောက်ဆည်ပြင်ကျေးရွာကို အကြမ်းဖက်မြန်မာစစ်တပ်က ဗုံးကြဲခဲ့မှုအတွင်း ထိခိုက်ဒဏ်ရာရသူ ၁ဝ ကျော်အတွက် ရက္ခိုင်ပြည်အရေးပေါ် ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ (ARE)က ကျပ်သိန်း ၉ဝ ကျော်ထောက်ပံ့ခဲ့သည်ဟု သိရသည်။

Narinjara News Image

မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌တပ်၏လေတပ်က ပြီးခဲ့သည့် ဧပြီ (၁၉) ရက်နေ့တွင် လေကြောင်းမှ နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Narinjara News Image

ယင်းသို့ တိုက်ခိုက်မှုကြောင့် အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းမှ ရဟန်းသံဃာသုံးပါး၊ ဒေသခံအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားရှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် နွားငါးကောင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး တစ်ကောင်မှာ ထိခိုက်ဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

AI Curated
ဗုံးကြဲခံလိုက်ရသည့် မြောက်ဦး ကျောက်ဆည်ပြင်ရွာမှ ဒဏ်ရာရသူများကို ARE က ကျပ်သိန်း ၉ဝ ကျော်ထောက်ပံ့ | YGN Daily