
AI Summary
မင်းတုန်းမြို့နယ်အနောက်ခြမ်းတွင် အာရက္ခတပ်တော်နှင့် တိုက်ပွဲများဖြစ်ပွားရာ၌ မြန်မာစစ်တပ်ဘက်မှ အထိနာအကျအဆုံးများနေသဖြင့် ဇွန်လ ၂၀ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် စစ်တပ်၏ စစ်ကြောင်းများ ပြိုကွဲပြီးနောက် ပြန်လည်ခြေကုတ်ယူထားသည့် သဖန်ရောင်နှင့် ရိုးတောင်ကြားဒေသကို ပစ်မှတ်ထားခြင်းဖြစ်သည်။ တိုက်ပွဲများကြောင့် ဒေသခံများ ထိခိုက်မှုရှိနိုင်ပြီး စစ်တပ်၏ ယာယီစခန်းချနေရာများ ပျက်စီးမှုများရှိသည်။ လက်ရှိတွင် စစ်တပ်သည် အင်အားဖြည့်တင်းကာ ခြေကုတ်ယူထားသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ စနိုက်ဘာဖြင့် ပစ်ခတ်မှုများကြောင့် စိုးရိမ်မှုများ မြင့်တက်နေသည်။
ထင်ရှားသော ပြောကြားချက်များ
"ဇွန်လ၂၀ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်တပ်က သဖန်ရောင် ပတ်ဝန်းကျင်နဲ့ရိုးတောင်ခြေရင်းပတ်ဝန်းကျင်တို့ကို အဓိကထားဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်"
"အထိနာပြီး နောက်ဆုတ်နေတဲ့ စစ်ကြောင်းနဲ့နောက်ထပ်ရောက်နေတဲ့အင်အားစုပေါင်းကာ အဲဒီသဖန်ရောင်ဖက်မှာခြေကုတ်ယူတယ်။ ရှေ့လည်းမတိုးဝံ့တော့ဘူး။အဲဒီခြေကုတ်ယူထားတဲ့ နေရာတွေကို အေအေက လာတိုက်မှာကို စိုးရိမ်ပြီးမနက်ကျတော့ လေကြောင်းကပတ်ဝန်းကျင်ကို လေယာဉ် ၃ စီးနဲ့ဗုံးလာကြဲတယ်"
နိရဉ္စရာဇွန် ၂၁ / ၂၀၂၆
အာရက္ခတပ်တော်နှင့်ဖြစ်ပွားနေသည့် မင်းတုန်းမြို့နယ်အနောက်ခြမ်း တိုက်ပွဲများတွင် အာဏာသိမ်း အကြမ်းဖက် မြန်မာစစ်တပ်က အထိနာအကျအဆုံးများနေသဖြင့် သဖန်ရောင်နှင့်ရိုးတောင်ကြားကို ယမန်နေ့ဇွန်လ ၂၀ ရက်နေ့က လေကြောင်းက ဂျက်ဖိုက်တာ ၃ စီးဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသတင်းရရှိသည်။
“ ဇွန်လ၂၀ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်တပ်က သဖန်ရောင် ပတ်ဝန်းကျင်နဲ့ရိုးတောင်ခြေရင်းပတ်ဝန်းကျင်တို့ကို အဓိကထားဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကိုပြောသည်။
ဗုံးကြဲရာတွင် လေယာဉ် ၃ စီးပါဝင်ပြီး စစ်တပ်ခြေကုတ်ယူထားရာ သဖန်ရောင် အနီးဝန်းကျင်ကို အဓိက ထားဗုံးကြဲခဲ့သည်ဟု ဆိုသည်။
"အထိနာပြီး နောက်ဆုတ်နေတဲ့ စစ်ကြောင်းနဲ့နောက်ထပ်ရောက်နေတဲ့အင်အားစုပေါင်းကာ အဲဒီသဖန်ရောင်ဖက်မှာခြေကုတ်ယူတယ်။ ရှေ့လည်းမတိုးဝံ့တော့ဘူး။အဲဒီခြေကုတ်ယူထားတဲ့ နေရာတွေကို အေအေက လာတိုက်မှာကို စိုးရိမ်ပြီးမနက်ကျတော့ လေကြောင်းကပတ်ဝန်းကျင်ကို လေယာဉ် ၃ စီးနဲ့ဗုံးလာကြဲတယ်"ဟုပြောဆိုသည်။
သဖန်ရောင်၊ဝက်ကော်၊ပြောင် ပတ်ဝန်းကျင်တွင် ယာယီတပ်စွဲထားသောအကြမ်းဖက်စစ်တပ်၏ အနီးဝန်းကျင်နေရာများကို ဗုံးကြဲရုံသာမက စက်သေနတ်များဖြင့်လည်းပစ်ခတ်ခဲ့သည်ဟုသိရသည်။
အကြမ်းဖက်စစ်တပ်၏ယာယီစစ်ကြောင်းများစခန်းချရာနေရာများနှင့်ရှားသွားလာသောနေရာများကို AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက စနိုက်ဘာဖြင့်ပစ်ခတ်မှုများရှိနေသောကြောင့် သေဆုံးမှုများလည်းရှိနေသည့် အတွက် အခုလိုလေကြောင်းကဗုံးလာကြဲတာဖြစ်နိုင်သည်ဟုလည်းစစ်ရေးနှင့်နီးစပ်သူများကပြောဆိုသည်။
အကြမ်းဖက်စစ်တပ်သည် ဇွန်လပထမပတ်အတွင်း သဖန်ရောင်တဆင့် ရခိုင်ရိုးဖက်သို့အင်အား ၄၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာခဲ့သော်လည်း AA နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှ အကျအဆုံးများကာဖမ်းဆီးခံရသူများလည်းရှိခဲ့ပြီနောက် စစ်ကြောင်းပါပြိုကွဲကာနောက်ဆုန်သွားခဲ့သည်ဟုသိရသည်။
၎င်းနောက်ပိုင်း အင်အားအများအပြားကို ပြန်လည်ဖြည့်တင်းက သဖန်ရောင်တွင် ပြန်လည်တပ်စွဲပြီးခြေကုတ်ယူထားသည်ဟု ဒေသခံများ၏ပြောကြားချက်အရသိရသည်။