အိန္ဒိယအနောက်တောင်ပိုင်းတွင်             အရက်တုသောက်မိရာမှ ၁၂ ဦး သေဆုံး
general||2 MIN READ

အိန္ဒိယအနောက်တောင်ပိုင်းတွင် အရက်တုသောက်မိရာမှ ၁၂ ဦး သေဆုံး

Narinjara
SourceNarinjara

AI Summary

အိန္ဒိယနိုင်ငံ၊ မဟာရသျှတ္တရပြည်နယ်တွင် အရက်တု သောက်မိသည်ဟု ယူဆရသူ ၁၂ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်သည် ပူနေးမြို့အနီးရှိ ဖူဂီဝါဒီနှင့် ဟာဒပ်ဆာဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများအပြင် အနည်းဆုံး လူသုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသမှု ခံယူနေရသည်။ မဟာရသျှတ္တရပြည်နယ် ဝန်ကြီးချုပ်က အဆိပ်သင့် မက်သနောပါဝင်သော အရက်ကြောင့် သေဆုံးရခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ရန် အမိန့်ပေးထားသည်။ လတ်တလောတွင် မှုခင်းဆေးပညာနှင့် အဆိပ်ဗေဒဆိုင်ရာ စစ်ဆေးချက် အစီရင်ခံစာများကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး၊ အရက်တု ဖြန့်ဖြူးရောင်းချသူဟု ယူဆရသူ အချို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

နိရဉ္စရာ၊ မေ၃၀/ ၂၀၂၆

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း မဟာရသျှတ္တရ (Maharashtra) ပြည်နယ်တွင် အရက်တု သောက်မိသည်ဟု ယူဆရသူ ၁၂ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က သောကြာနေ့တွင် အတည်ပြုပြောကြားသည်။

သေဆုံးမှုများသည် အဆိုပါပြည်နယ်ရှိ ပူနေး (Pune) မြို့အနီးရှိ ဖူဂီဝါဒီ (Phugewadi) နှင့် ဟာဒပ်ဆာ (Hadapsar) ဒေသများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖူဂီဝါဒီဒေသတွင် သေဆုံးသူ ခုနစ်ဦး ရှိခဲ့ပြီး၊ ဟာဒပ်ဆာဒေသတွင် ငါးဦး သေဆုံးခဲ့သည်။ အနည်းဆုံး လူသုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး ဒေသတွင်း ဆေးရုံတစ်ခု၌ ဆေးကုသမှု ခံယူနေရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

မဟာရသျှတ္တရပြည်နယ် ဝန်ကြီးချုပ် ဒေဗင်ဒရာ ဖတ်ဒ်နာဗစ် (Devendra Fadnavis) က ယခုဖြစ်ရပ်ဆိုးနှင့် ပတ်သက်၍ အဆိပ်သင့် မက်သနော (methanol) ပါဝင်သော အရက်ကြောင့် သေဆုံးရခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ရန် အမိန့်ပေးထားကြောင်း သိရသည်။

လတ်တလောတွင် မှုခင်းဆေးပညာနှင့် အဆိပ်ဗေဒဆိုင်ရာ စစ်ဆေးချက် အစီရင်ခံစာများကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း မီဒီယာများက ဖော်ပြကြသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါ အရက်တုများကို ဖြန့်ဖြူးရောင်းချသူဟု ယူဆရသူ အချို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

Ref: The Financial Express

ဆက်စပ်သတင်းများ

AI Curated
အိန္ဒိယအနောက်တောင်ပိုင်းတွင် အရက်တုသောက်မိရာမှ ၁၂ ဦး သေဆုံး | YGN Daily