ရေဦး ပကဖ နေရာဟောင်းကို စစ်တပ်က ဗုံးကြဲ

ရေဦး ပကဖ နေရာဟောင်းကို စစ်တပ်က ဗုံးကြဲ

DVB
SourceDVB

AI Summary

ဇွန်လ ၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာရှိ အစိုးရစပါးစိုက်ခင်း စမ်းသပ်စခန်းဟောင်းတစ်ခုကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါနေရာသည် ယခင်က ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ယာယီစခန်းချခဲ့ဖူးသော ဌာနေဟောင်းဖြစ်ကြောင်း သိရသည်။ ဤတိုက်ခိုက်မှုသည် ပြီးခဲ့သည့်ရက်ပိုင်းက ပကဖနှင့်နီးစပ်သူတစ်ဦး အလင်းဝင်ရာမှ ပြန်လည်ဝင်ရောက်မှုဖြစ်စဉ်၏ နောက်ဆက်တွဲဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။ တိုက်ခိုက်မှုကြောင့် လမ်းသွားလမ်းလာ အရပ်သားတစ်ဦး ကျည်ရှပ်ထိဒဏ်ရာရခဲ့သော်လည်း၊ ပကဖ တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိခဲ့ပေ။ စိုက်ခင်းရှိ အဆောင်အချို့ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပြီး၊ ရေဦးပကဖအဖွဲ့သည် တိုက်ခိုက်မှုမတိုင်မီကပင် ၎င်းတို့၏ ဌာနေဟောင်းမှ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း သိရသည်။

ရေဦးမြို့ စိုက်ပျိုးရေး စမ်းသပ်စိုက်ပျိုး အဆောက်အအုံ ပျက်စီးမှုမြင်ကွင်း(Photo: ဒေသခံတော်လှန်ရေးရဲဘော်တဦး)

စစ်ကိုင်းတိုင်း ရေဦးမြို့ရဲ့ မြောက်ဘက် ၂ မိုင်ခွဲကျော်ခန့်မှာရှိတဲ့ နေရာတခုကို  စစ်အာဏာရှင်တပ် က ဇွန် ၂ ရက် ညနေ ၃ နာရီခွဲလောက်မှာ လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲချသွားတယ်လို့ ဒေသခံတွေဆီ ကနေ သိရပါတယ်။

လာရောက်ကြဲချတဲ့ လေယာဉ် ၂ စင်းဟာ တံတားဦးတက် ဂျက်တိုက်လေယာဉ် အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။

ခင်ဦးမြို့ပေါ်နေ ပြည်သူတယောက် “အခုကြဲချသွားတဲ့ နေရာက ရွာတော့မဟုတ်ဘူးဗျ။ အစိုးရ စပါးစိုက်ခင်းတွေ စမ်းသပ်စိုက်ပျိုးတဲ့ စခန်တခုဗျ။ အဲ‌နေရာကို ကြဲချသွားတာ။ လူအထိခိုက်က‌ တော့ လမ်းသွားလမ်းလာ ဖြတ်သွားတဲ့ အရပ်သားတယောက်တော့ ကျည်ရှပ်ထိဒဏ်ရာ ရတာပဲ ရှိပါတယ်” လို့ ပြောပါတယ်။

အဆိုပါ စိုက်ခင်းစမ်းသပ်စိုက်ပျိုးရာ နေရာမှာ ရေဦးမြို့နယ်ပကဖအဖွဲ့က ယာယီစခန်းချခဲ့ဖူးတယ်လို့ သိရပါတယ်။

ရေဦးပကဖနဲ့ နီးစပ်သူ တော်လှန်ရေးရဲဘော်တယောက်က “ပြီးခဲ့တဲ့ရက်ပိုင်းက ရေဦးမြို့နယ် ပကဖ တာဝန်ခံ ကိုနန္ဒဝင်း ဌာနမှာ အလင်းဝင်ထားတဲ့ ငလင်း ခေါ် (--)တကောင် ရေဦး(--)ခြံထဲကို အမှောင်ပြန်ဝင်သွားတာ ရှိတယ်။ အဲဒီ နောက်ဆက်တွဲ ဖြစ်လိမ့်မယ်။ မ‌နေ့ကလည်း ရေဦး (--) ခြံကနေ လက်နက်ကြီး ၇ လုံးနဲ့ ရမ်းထုတာတွေလည်း လုပ်တယ်။‌‌ အဲဒီ‌ (--) အလင်းဝင်သွားပြီဆိုတာ သိတာနဲ့ ရေဦးပကခအဖွဲ့က ဌာနေ ပြောင်းရွှေ့သွားတယ်” လို့ ပြောပါတယ်။

ရေဦးပကဖဌာနေအဟောင်းကို စစ်တပ်က လေယာဉ် ၂ စင်းအသုံးပြုပြီး ဗုံးသီး ၅ လုံး ကြဲချ တိုက်ခိုက်သွားပေမဲ့ တော်လှန်ရေးရဲဘော်တယောက်မှ ထိခိုက်မှု မရှိခဲ့ပေမဲ့ စိုက်ခင်း အဆောင်တချို့ ပျက်စီးတာတွေတော့ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ရေဦး ပကဖ နေရာဟောင်းကို စစ်တပ်က ဗုံးကြဲ | YGN Daily