
AI Summary
အမေရိကန်စိုက်ပျိုးရေးဌာနက ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ကမ္ဘာသစ်ဝက်အူပိုး (New World screwworm) ဟုခေါ်သော ကပ်ပါးယင်ကောင်ကို တက္ကဆက်ပြည်နယ်ရှိ နွားငယ်တစ်ကောင်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် ၁၉၆၆ ခုနှစ်နောက်ပိုင်း တက္ကဆက်ပြည်နယ်တွင် ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိခြင်းဖြစ်ပြီး အမေရိကန်-မက္ကဆီကို နယ်စပ်အနီး လာပရိုင်ယာမြို့၌ ဖြစ်သည်။ ဤကပ်ပါးကောင်သည် နွားမွေးမြူရေးလုပ်ငန်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ပြီး၊ တိရစ္ဆာန်များ၏ အနာပေါ်တွင် ဥချကာ ပေါက်လာသော လောက်ကောင်များက အသားကို စားသောက်၍ အသက်အန္တရာယ်ပေးနိုင်သည်။ ၎င်းပျံ့နှံ့ပါက လွန်ခဲ့သော ၇၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်နေသော အမေရိကန်နွားကောင်ရေကို ထပ်မံကျဆင်းစေနိုင်ပြီး တက္ကဆက်မွေးမြူရေးကဏ္ဍသည် ဒေါ်လာ ၁.၈ ဘီလီယံအထိ ဆုံးရှုံးနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ လူနှင့် အိမ်မွေးတိရစ္ဆာန်များကို ကူးစက်နိုင်သော်လည်း လူကို ကူးစက်နိုင်ခြေ အလွန်နည်းပါးပြီး အမဲသားစားသုံးမှုအတွက် ဘေးကင်းကြောင်း ကျွမ်းကျင်သူများက အတည်ပြုထားသည်။
သွေးနွေးသတ္တဝါတွေကို အရှင်လတ်လတ် စားသုံးတတ်တဲ့ ကမ္ဘာသစ်ဝက်အူပိုး (New World screwworm) လို့ခေါ်တဲ့ ကပ်ပါးယင်ကောင်ကို တက္ကဆက်ပြည်နယ်က နွားငယ်တကောင်မှာ တွေ့ရှိ ခဲ့တယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနက ဇွန် ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်-မက္ကဆီကို နယ်စပ်အနီးက လာပရိုင်ယာမြို့မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အမေရိကန် နွားမွေးမြူရေးလုပ်ငန်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာပါတယ်။
ဒါဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း တက္ကဆက်ပြည်နယ်မှာ ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိတာလို့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီး ဘရွတ်ရော်လင်စ်က ပြောပါတယ်။
အခုလို ကပ်ပါးကောင် ဝင်ရောက်လာတဲ့အတွက် လွန်ခဲ့တဲ့ ၇၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်နေတဲ့ အမေရိကန် နွားကောင်ရေ ထပ်မံကျဆင်းသွားစေနိုင်ပါတယ်။
ဒီကပ်ပါးကောင်သာ ဆက်လက်ပျံ့နှံ့သွားမယ်ဆိုရင် တက္ကဆက် မွေးမြူရေးကဏ္ဍအနေနဲ့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံအထိ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်း ထားပါတယ်။
ဒီကပ်ပါးယင်ကောင်တွေဟာ တိရစ္ဆာန်တွေရဲ့ အနာပေါ်မှာ ဥချတတ်ပြီး ပေါက်လာတဲ့ လောက်ကောင်တွေက အသားကို ထိုးဖောက်စားသောက်ကာ အသက်အန္တရာယ် ပေးနိုင်ပါတယ်။
လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ကူးစက်နိုင်ပေမဲ့ လူကို ကူးစက်နိုင်ခြေကတော့ အလွန်နည်း ပါးပါတယ်။ ဒါ့အပြင် အမဲသားစားသုံးမှုအတွက် ဘေးကင်းလုံခြုံရေး စိုးရိမ်စရာ မရှိဘူးလို့လည်း ကျွမ်းကျင်သူတွေက အတည်ပြုထားပါတယ်။
Source:Reuters