တမူးမြို့နယ် လေကြောင်းတိုက်ခိုက်မှု တော်လှန်ရေးရဲဘော် ၂ ဦး ဒဏ်ရာရ၊ စစ်ကြောင်းထိုးလိမ့်မည်ဟု ခန့်မှန်းထား - BUR.MIZZIMA.COM
politics||4 MIN READ

တမူးမြို့နယ် လေကြောင်းတိုက်ခိုက်မှု တော်လှန်ရေးရဲဘော် ၂ ဦး ဒဏ်ရာရ၊ စစ်ကြောင်းထိုးလိမ့်မည်ဟု ခန့်မှန်းထား - BUR.MIZZIMA.COM

AI Summary

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာအနီးရှိ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF – UCR) နယ်မြေကို စစ်အုပ်စုတပ်က ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် CNDF – UCR ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စစ်အုပ်စုတပ်သည် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံးနှင့် ဂျိုင်ရိုကော်ပတာဖြင့် ၆၀ မမ ဗုံးသီး ၁၀ လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဤဗုံးကြဲတိုက်ခိုက်မှုသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း သုံးနိုင်ငံကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်စတင်ရန် ဆွေးနွေးခဲ့ပြီးနောက်၊ ထိုလမ်းကြောင်းများကို ထိန်းချုပ်ထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်လာနိုင်ကြောင်း စစ်ရေးသုံးသပ်သူများ၏ မှတ်ချက်များ ထွက်ပေါ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင်၊ လွန်ခဲ့သည့်အပတ်က ရဲဘော်တစ်ဦး စစ်အုပ်စုဘက်သို့ ကူးပြောင်းကာ တည်နေရာများ ပြောပြခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြောဆိုမှုများရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။ လက်ရှိတွင် တမူးမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး စစ်ကြောင်းထိုးမှုများ ဖြစ်လာနိုင်ကြောင်း သုံးသပ်ခန့်မှန်းထားကြသည်။

ဓါတ်ပုံ – ကနန်ကျေးရွာကို ၂၀၂၄ခုနှစ်ဗုံးကြဲစဥ်က ထိခိုက်ခဲ့သည့် စာသင်ကျောင်း/CJ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ တမူး – ကလေး အာရှလမ်းမပေါ်ရှိ ကနန်ကျေးရွာအနီး စစ်အုပ်စုတပ်က ဇွန်လ၄ရက် နံနက်၁နာရီကျော်အချိန်တွင်လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

ပါခွီး (ဇွန် ၄)

မဇ္ဈိမ။ ။ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တမူးမြို့နယ်အတွင်း တော်လှန်ရေးရဲဘော်နှစ်ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပြီး စစ်ကြောင်းထိုးမှု ဖြစ်လာနိုင်ကြောင်း သုံးသပ်ခန့်မှန်းထားကြသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး-ကလေး အာရှလမ်းမပေါ်ရှိ ကနန်ကျေးရွာအနီးရှိ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF – UCR) ၏ နယ်မြေကို စစ်အုပ်စုတပ်က ယနေ့ (ဇွန်လ ၄ ရက်) နံနက် ၁ နာရီကျော်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံး၊ ဂျိုင်ရိုကော်ပတာဖြင့် ၆၀ မမ ဗုံးသီး ၁၀ လုံး ကြဲချခဲ့ခြင်းဖြစ်သည်။

“အထိခိုက်ကတော့ ရဲဘော်နှစ်ဦးလို့ ကနဦးသိထားတယ်။ လူနေအိမ် တချို့လည်း ပျက်စီးမှုရှိတယ်လို့ သိရတယ်” ဟု တမူးမြို့နယ်အတွင်းရှိ စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ ကနန်ကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အတွင်း တည်ရှိပြီး အိန္ဒိယ-မြန်မာ-ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်မည့် အာရှအဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ဝန်ကြီးချုပ်နှင့် သုံးနိုင်ငံ ကုန်သွယ်ရေးလမ်းမနှင့် ကုလားတန်စီမံကိန်းများ ပြန်လည်စတင်နိုင်ရေး ဆွေးနွေးခဲ့သည်။ အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယင်းလမ်းကြောများကို ထိန်းချုပ်ထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်လာနိုင်ကြောင်း စစ်ရေးသုံးသပ်သူများ၏ မှတ်ချက်များ ထွက်ပေါ်နေစဉ် ဗုံးကြဲခြင်းဖြစ်သည်။

“အခုကိစ္စ မအလခရီးစဉ်နဲ့ ပတ်သက် မပတ်သက်ကတော့ အတိအကျပြောဖို့ ခက်တယ်။ စစ်ကြောင်းထိုးတာတော့ လုပ်လာမယ့် သဘောရှိတယ်” ဟု တမူးခရိုင်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ဆိုသည်။

လွန်ခဲ့သည့်အပတ်က ရဲဘော်တဦး စစ်အုပ်စုတပ်ဘက်သို့ ကူးပြောင်းသွားပြီး ၎င်းက တည်နေရာများ ပြောပြသဖြင့် ယခုကဲ့သို့ ဗုံးကြဲခြင်းဖြစ်နိုင်ကြောင်း ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်းမရှိဟု ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ရန် CNDF – UCR သို့ မဇ္ဈိမအနေဖြင့် ဆက်သွယ်လျက်ရှိသည်။

တမူးမြို့နယ်အတွင်းရှိ စစ်အုပ်စုတပ်နှင့် လက်အောက်ခံတပ်ဖွဲ့များ၊ အိန္ဒိယနိုင်ငံအား တိုက်ခိုက်နေသည့် ကသည်း၊ နာဂတပ်ဖွဲ့များ တပ်စွဲထားသည့် ပန်းသာရွာတဝိုက်နှင့် ၅၅ မိုင်စခန်းအနီးများတွင်လည်း နှစ်ဖက်တင်းမာနေပြီး စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်တခုက ပြောသည်။

စစ်အုပ်စုတပ်သည် တမူး-ကလေးလမ်းမပေါ်တွင် တမူးမြို့နှင့် ပန်းသာကျေးရွာတွင်သာ အခြေစိုက် တပ်စွဲထားပြီး ခါမ်းပါတ်မြို့အပါအဝင် ကျန်ကြားဒေသများကို တော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားသည်။

ကနန်ကျေးရွာကို စစ်အုပ်စုတပ်က ၂၀၂၄ ခုနှစ် အစောပိုင်းကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်ခြောက်ဦးအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကာ စာသင်ကျောင်းဆောင်အပါအဝင် လူနေအိမ်များ ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

AI Curated
တမူးမြို့နယ် လေကြောင်းတိုက်ခိုက်မှု တော်လှန်ရေးရဲဘော် ၂ ဦး ဒဏ်ရာရ၊ စစ်ကြောင်းထိုးလိမ့်မည်ဟု ခန့်မှန်းထား - BUR.MIZZIMA.COM | YGN Daily