ဘရာဇီးတွင် ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းအားကောင်း
sports||2 MIN READ

ဘရာဇီးတွင် ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းအားကောင်း

DVB
SourceDVB
Back to News

AI Summary

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘောလုံးအင်္ကျီများနှင့် အမှတ်တရပစ္စည်းများ ရောင်းအားကောင်းနေပြီး ဈေးရောင်းသူများကလည်း ပြင်ဆင်ထားကြသည်။ ဘရာဇီးပရိသတ်များသည် ၎င်းတို့အသင်း ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ဗိုလ်စွဲရန် မျှော်လင့်နေကြပြီး ပြိုင်ပွဲကာလအတွင်း ၎င်းတို့နိုင်ငံအသင်း၏ အရောင်ကို ပြသလိုကြသောကြောင့် အားကစားအင်္ကျီများကို စိတ်ဝင်တစား ဝယ်ယူနေကြခြင်းဖြစ်သည်။ လမ်းမဈေးတန်းများတွင် အသက်အရွယ်မရွေး ပရိသတ်များက အဝါရောင်နှင့် ကျောက်စိမ်းရောင် ဘရာဇီးအသင်း အင်္ကျီများကို ဝယ်ယူနေကြသည်ကို တွေ့ရသည်။ ဤသို့အားပေးမှုများသည် ဘရာဇီးအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ပရိသတ်များ၏ ကြီးမားသော မျှော်လင့်ချက်ကို ထင်ဟပ်စေသည်။ ဘရာဇီးအသင်းသည် ၂၀၀၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်ကို တစ်ကြိမ်သာ တက်ရောက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကွာတားဖိုင်နယ်၌ ရှုံးနိမ့်ခဲ့သော်လည်း ပရိသတ်များ၏ စိတ်အားထက်သန်မှုမှာ မလျော့နည်းပေ။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါနှင့် အမေရိကန်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဘရာဇီးအသင်းသည် အုပ်စု C တွင် မော်ရိုကို၊ ဟေတီ၊ စကော့တလန်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Photo: Reuters

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမှာ ဘောလုံးအင်္ကျီတွေနဲ့ ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းတွေ ဝယ်ယူနိုင်အောင် ဈေးရောင်းသူတွေက ပြင်ဆင်ထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားပေးဖို့ အားကစားအင်္ကျီတွေနဲ့ အမှတ်တရပစ္စည်းတွေ ဘရာဇီးနိုင်ငံမှာ ရောင်းအားကောင်းနေပါတယ်။

ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ကြိမ် ဗိုလ်စွဲထားပြီး ပရိသတ်တွေက ၆ ကြိမ်မြောက် ဗိုလ်စွဲဖို့ မျှော်လင့်နေပါတယ်။

ရီယိုဒီဂျနေရိုးမြို့ရှိ လမ်းမဈေးတန်းတွေမှာ အဝါရောင်နဲ့ ကျောက်စိမ်းရောင် ဘရာဇီးအသင်း အင်္ကျီတွေကို အသက်အရွယ်မရွေး စိတ်ဝင်တစား ဝယ်ယူနေကြပါတယ်။

ပရိသတ်ကြီးငယ်မရွေးက သူတို့နိုင်ငံအသင်းရဲ့ အရောင်ကို ကမ္ဘာ့ဖလား ကျင်းပတဲ့အချိန်မှာ ပြသနိုင်ဖို့ ဆန္ဒပြင်းပြနေတာ ဖြစ်ပါတယ်။

လမ်းမတွေပေါ်က အသံတွေက ဘရာဇီးအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ မျှော်လင့်ချက်ကို ထင်ဟပ်စေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု C မှာ မော်ရိုကို၊ ဟေတီ၊ စကော့တလန်တို့နဲ့ တအုပ်စုတည်း ကျနေပါတယ်။

ဘရားဇီးအသင်းဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အမြင့်ဆုံး ဆီမီးဖိုင်နယ်ကို တကြိမ်သာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခရိုအေးရှားကို ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့မှာ ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

Source: Reuters

ဆက်စပ်သတင်းများ

AI Curated
ဘရာဇီးတွင် ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းအားကောင်း | YGN Daily