မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ်က ခရီးသွား ၃.၅၅ သန်း ဝင်ရောက်ခဲ့
economy||3 MIN READ

မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ်က ခရီးသွား ၃.၅၅ သန်း ဝင်ရောက်ခဲ့

Back to News

AI Summary

၂၀၁၈ ခုနှစ်တွင် အာဆီယံနိုင်ငံများသို့ ခရီးသွားဧည့်သည် ၁၂၉ သန်းခန့် လာရောက်ခဲ့ရာ ယခင်နှစ်ထက် ၇.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အာဆီယံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သည် ဧည့်သည်အများဆုံး ဝင်ရောက်ခဲ့သည့် နိုင်ငံများဖြစ်ပြီး ဗီယက်နမ်က ၁၉.၉ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး တိုးတက်မှုနှုန်းကို ပြသခဲ့သည်။ မြန်မာနိုင်ငံသို့လည်း ၂၀၁၈ ခုနှစ်တွင် ၃.၅၅ သန်း ဝင်ရောက်ခဲ့ပြီး ၃.၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ မြန်မာနိုင်ငံသို့ ဗီဇာဖြင့် ဝင်ရောက်ခဲ့သည့် ဧည့်သည်များတွင် တရုတ်နိုင်ငံမှ ၂၉၇,၄၀၀ ဦးဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့သည် မြန်မာနိုင်ငံတွင် ဧည့်သည်အများဆုံး ဝင်ရောက်ခဲ့သည့် ဒေသများဖြစ်ပြီး ဤအချက်အလက်များသည် ဒေသတွင်း ခရီးသွားလုပ်ငန်း ကဏ္ဍ၏ တိုးတက်မှုကို ဖော်ပြနေသည်။

၂၀၁၉-၀၁-၂၀ ၁၀:၄၅:၀၀

အာဆီယံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်တွင် ခရီးသွားဧည့်သည် ၁၂၉ သန်းခန့် အာဆီယံနိုင်ငံများသို့ လာရောက်ခဲ့ကြပြီး ယခင်နှစ်ထက် ၇.၆ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်ဟု သိရသည်။

၂၀၁၈ ခုနှစ်တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ခရီးသွားဧည့်သည် အများဆုံးဝင်ရောက်ခဲ့သည့် နိုင်ငံများဖြစ်သည်။

ထိုင်းနိုင်ငံသို့ ခရီးသွားဧည့်သည် ၃၈.၁၅ သန်း၊ မလေးရှားနိုင်ငံသို့ ၂၃.၄၇ သန်း၊ စင်ကာပူနိုင်ငံသို့ ၁၆.၉၀ သန်း၊ ဗီယက်နမ်နိုင်ငံသို့ ၁၅.၄၉ သန်း၊ အင်ဒိုနီးရှားနိုင်ငံသို့ ၁၄.၃၉ သန်း၊ ဖိလစ်ပိုင်နိုင်ငံသို့ ၆.၄၃ သန်း၊ ကမ္ဘောဒီးယားနိုင်ငံသို့ ၆.၂၀ သန်း၊ လာအိုနိုင်ငံသို့ ၄.၁၈ သန်း၊ မြန်မာနိုင်ငံသို့ ၃.၅၅ သန်းနှင့် ဘရူနိုင်းနိုင်ငံသို့ ၀.၂၀ သန်း အသီးသီး ဝင်ရောက်ခဲ့ကြသည်။

ဗီယက်နမ်နိုင်ငံသည် ၁၉.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည် ၁၁.၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ၁၁ ရာခိုင်နှုန်း၊ လာအိုနိုင်ငံသည် ၈.၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသည် ၇.၂ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံသည် ၆.၆ ရာခိုင်နှုန်း၊ ဘရူနိုင်းနိုင်ငံသည် ၄.၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသည် ၃.၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ မလေးရှားနိုင်ငံ၏ ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းမှာမူ ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ဗီဇာဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် ခရီးသွားဧည့်သည်များစာရင်းတွင် တရုတ်နိုင်ငံမှ ၂၉၇,၄၀၀ ဦးဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး ထိုင်းနိုင်ငံမှ ၂၉၁,၂၃၁ ဦး၊ ဂျပန်နိုင်ငံမှ ၁၀၄,၃၇၆ ဦး၊ အမေရိကန်နိုင်ငံမှ ၆၅,၀၅၇ ဦး၊ တောင်ကိုရီးယားနိုင်ငံမှ ၆၃,၉၁၁ ဦး၊ စင်ကာပူနိုင်ငံမှ ၅၈,၆၅၇ ဦး၊ ဗီယက်နမ်နိုင်ငံမှ ၅၃,၃၂၉ ဦး၊ မလေးရှားနိုင်ငံမှ ၄၇,၆၃၂ ဦး၊ အိန္ဒိယနိုင်ငံမှ ၄၃,၂၈၁ ဦး၊ ပြင်သစ်နိုင်ငံမှ ၄၃,၂၁၈ ဦးနှင့် ဗြိတိန်နိုင်ငံမှ ၃၆,၆၀၉ ဦးတို့က အစဉ်လိုက် ရှိခဲ့သည်။

တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းသည် ၃၉.၈၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကိုရီးယားနိုင်ငံမှ ၁၀.၆၇ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံမှ ၆.၃၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့သည် ခရီးသွားဧည့်သည် အများဆုံးဝင်ရောက်ခဲ့သည့် ဒေသများဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းအင်းများအရ မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်တွင် ခရီးသွားဧည့်သည် ၄.၆ သန်း၊ ၂၀၁၆ ခုနှစ်တွင် ၂.၉၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၃.၄၄ သန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၃.၅၅ သန်း ဝင်ရောက်ခဲ့သည်ဟု သိရသည်။

သတင်း ခေါင်းစီးပုံ ဖျောက်ရန်: အထူး: ၀ အယ်ဒီတာရွေးချယ်မှု: ၀

ဆက်စပ်သတင်းများ

AI Curated
မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ်က ခရီးသွား ၃.၅၅ သန်း ဝင်ရောက်ခဲ့ | YGN Daily