ချင်းမိုင်နှင့် ချင်းရိုင် ဒေသခံ ၆၀၀ ခန့် “ငြိမ်းချမ်းရေးခရီးစဉ်” လမ်းလျှောက်
environment||4 MIN READ

ချင်းမိုင်နှင့် ချင်းရိုင် ဒေသခံ ၆၀၀ ခန့် “ငြိမ်းချမ်းရေးခရီးစဉ်” လမ်းလျှောက်

AI Summary

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ပြည်နယ်တို့မှ ဒေသခံ ၆၀၀ ခန့်သည် မြန်မာနိုင်ငံရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှ စည်းကမ်းမဲ့စွန့်ထုတ်သည့် အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် မြစ်ရေညစ်ညမ်းမှုကို မီးမောင်းထိုးပြရန် မေလ ၃၀ ရက်နေ့တွင် "ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း" ခရီးစဉ်ကို စတင်ခဲ့သည်။ ဤလှုပ်ရှားမှုကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းစီစဉ်ပြီး ချင်းမိုင်ခရိုင်၊ မယ်အိုင်မှ ချင်းရိုင်မြို့အထိ ၆၈ ကီလိုမီတာခန့် လမ်းလျှောက်မည်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုပြဿနာကြောင့် Kok၊ Sai၊ Ruak၊ Salween၊ Kra Buri နှင့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် နေထိုင်သူများ ထိခိုက်နစ်နာနေကြသည်။ သာတွန်ကျောင်းတိုက်ဆရာတော်က ဤခရီးစဉ်သည် ကဆုန်လပြည့်နှင့် တိုက်ဆိုင်ပြီး မြစ်ရေညစ်ညမ်းမှုဘေးအန္တရာယ်ကို ထင်ဟပ်စေလိုကြောင်း မိန့်ကြားခဲ့သည်။ လာမည့် ဇွန်လ ၅ ရက်နေ့တွင် ဝန်ကြီးချုပ် အနုတင်နှင့် ဒေသခံများ တွေ့ဆုံကာ နစ်နာချက်များကို နားထောင်ပေးရန် တောင်းဆိုထားသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာကို အရင်းအမြစ်ကနေ ဖြေရှင်းရန် ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရ၊ တရုတ်အစိုးရနှင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထိပ်သီးဆွေးနွေးပွဲများ ပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။ ဤလမ်းလျှောက်ပွဲသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်သည့် ဇွန်လ ၅ ရက်နေ့အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှ စည်းကမ်းမဲ့စွန့်ထုတ်လိုက်သည့် အဆိပ်သင့်ဓာတ်ပစ္စည်းများကြောင့် ရေလမ်းကြောင်းများ ညစ်ညမ်းကာ ဒေသခံများ ခံစားနေရသည့် ဒုက္ခများကို မီးမောင်းထိုးပြရန်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ပြည်နယ်တို့မှ ဒေသခံပြည်သူ ၆၀၀ ခန့်သည် ယမန်နေ့ မေလ ၃၀ ရက်တွင် “ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း” ခရီးစဉ် (Peace Walk) ကို စတင်ကြောင်း Thai PBS တွင်ဖော်ပြသည်။

ထိုလှုပ်ရှားမှုကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး၊ ချင်းမိုင်ခရိုင်၊ မယ်အိုင် (Mae Ai)၊ တာတွန် (Tha Ton) တိုက်နယ်မှ စတင်ကာ ချင်းရိုင်မြို့အထိ စုစုပေါင်း ၆၈ ကီလိုမီတာခန့် ခရီးနှင်ကြမည်ဖြစ်သည်။

အဆိုပါလမ်းလျှောက်ပွဲကို အခမ်းအနားသို့ သံဃာတော်များစွာ ကြွရောက်ချီးမြှင့်ခဲ့ကြပြီး၊ အထက်လွှတ်တော်အမတ်ဟောင်း Tuenjai Deetes၊ မယ်အိုင်ခရိုင်အုပ်ချုပ်ရေးမှူး၊ Nitipakorn Saengsuwan နှင့် သာတွန်ကျောင်းတိုက် ဆရာတော် ဝိနယဓရ မဟာနိခွန် မဟာဘိက္ခမာနော့ (Phra Maha Nikhom Maha Bhikkamanop) တို့လည်း ပါဝင်ခဲ့သည်။

Rak Chiang Khong သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ Niwat Roykaew က နယ်စပ်ဖြတ်ကျော်လာသည့် အဆိပ်သင့်ဓာတ်ပစ္စည်းများကြောင့် Kok၊ Sai ၊ Ruak၊  Salween၊ Kra Buri နှင့်  မဲခေါင်မြစ်ဝှမ်းတစ်လျှောက် နေထိုင်သူများ ကြုံတွေ့နေရသည့် ဘေးထွက်ဆိုးကျိုးများကို ကော့မြစ် (Kok River) ဘေးတစ်လျှောက်ရှိ လူထုထံမှ သဘောထားများကို ကောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် ဒေသခံများအနေဖြင့် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တရားဓမ္မကိုအခြေခံသည့် ချဉ်းကပ်မှုဖြင့် လှုပ်ရှားမှုကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုသည်။

သာတွန်ကျောင်းတိုက်ဆရာတော် မဟာနိခွန်ကလည်း ယခုခရီးစဉ်သည် ကဆုန်လပြည့် (Visakha Bucha Day) နှင့် တိုက်ဆိုင်စွာ ကျင်းပခြင်းဖြစ်ပြီး ပြည်နယ်နှစ်ခုရှိ ပြည်သူအမြောက်အမြား ခံစားနေရသည့် မြစ်ရေညစ်ညမ်းမှုဘေးအန္တရာယ်ကို ထင်ဟပ်စေလိုခြင်းဖြစ်ကြောင်း မိန့်ကြားသည်။

အခမ်းအနားညှိနှိုင်းရေးမှူးဖြစ်သူ Mae Fah Luang University မှ ကထိက ဒေါက်တာ စူးဖတ်စကွန် (Dr. Suebsakun Kidnukorn) က လာမည့် ဇွန်လ ၅ ရက်တွင် ဝန်ကြီးချုပ် အနုတင် (Anutin Charnvirakul) အနေဖြင့် ဒေသခံများနှင့်တွေ့ဆုံကာ ၎င်းတို့၏ နစ်နာချက်များကို နားထောင်ပေးစေလိုကြောင်း တောင်းဆိုထားသည်။

ထိုပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာကို အပေါ်ယံမဟုတ်ဘဲ အရင်းအမြစ်ကနေ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် အဆိုပါ ရွှေတွင်းတူးဖော်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် (အများစုမှာ တရုတ်ကုမ္ပဏီများ ဖြစ်ကြသည်) မြန်မာအစိုးရ၊ တရုတ်အစိုးရ အပါအဝင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပါ ထိပ်သီးဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း အလေးအနက် တိုက်တွန်းခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေး လမ်းလျှောက်ဘုရားဖူးခရီးစဉ်သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်သည့် ဇွန်လ ၅ ရက်နေ့အထိ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား – Thai PBS World

The post ချင်းမိုင်နှင့် ချင်းရိုင် ဒေသခံ ၆၀၀ ခန့် “ငြိမ်းချမ်းရေးခရီးစဉ်” လမ်းလျှောက် appeared first on သျှမ်းသံတော်ဆင့်.

ဆက်စပ်သတင်းများ

AI Curated
ချင်းမိုင်နှင့် ချင်းရိုင် ဒေသခံ ၆၀၀ ခန့် “ငြိမ်းချမ်းရေးခရီးစဉ်” လမ်းလျှောက် | YGN Daily