NBC ရုပ်သံနှင့်အင်တာဗျူး သမ္မတ ထရမ့်ပ် ရုတ်တရက် အဆုံးသတ်
politics||2 MIN READ

NBC ရုပ်သံနှင့်အင်တာဗျူး သမ္မတ ထရမ့်ပ် ရုတ်တရက် အဆုံးသတ်

DVB
SourceDVB
Back to News

AI Summary

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်သည် NBC ရုပ်သံအစီအစဉ်တင်ဆက်သူ ခရစ္စတင်း ဝဲလ်ကာနှင့် အင်တာဗျူးပြုလုပ်နေစဉ် ရွေးကောက်ပွဲ မဲမသမာမှုဆိုင်ရာ ၎င်း၏ပြောဆိုချက်များကို ထပ်တလဲလဲ မေးခွန်းထုတ်ခံရပြီးနောက် ရုတ်တရက် ထွက်ခွာသွားခဲ့သည်။ ဇွန် ၇ ရက်က ထုတ်လွှင့်ခဲ့သော Meet The Press အစီအစဉ်တွင် ထရမ့်ပ်က လက်ရှိ ကယ်လီဖိုးနီးယားပြည်နယ် ရွေးကောက်ပွဲနှင့် ၂၀၂၀ သမ္မတ ရွေးကောက်ပွဲများမှာ "မဲလိမ်ထားသည်" ဟု ပြောကြားခဲ့ပြီး သက်သေပြရန် တင်ဆက်သူက တောင်းဆိုသောအခါ "ကြည့်လိုက်၊ နားထောင်လိုက်ရင် ရှင်းနေတာပဲလေ" ဟု ပြန်ဖြေခဲ့သည်။ တင်ဆက်သူက ၎င်းသည် သက်သေမဟုတ်ကြောင်း ပြောကြားပြီးနောက် ထရမ့်ပ်က သူမကို "လူလိမ် မဟုတ်ရင် လူအပဲ ဖြစ်ရမယ်" ဟု ပြန်လည်ပြောဆိုခဲ့သည်။ အင်တာဗျူးအတွင်း အီရန်ပဋိပက္ခနှင့် လွှတ်တော်အဆောက်အအုံ စီးနင်းခံရမှု ကိစ္စများကိုလည်း ဆွေးနွေးခဲ့ပြီး ထရမ့်ပ်က မီဒီယာများကို "အကျင့်ပျက်သည်" ဟု စွပ်စွဲခဲ့သည်။ မိနစ် ၅၀ အကြာတွင် "ဆောရီး၊ တော်ကြရအောင်၊ ကျနော် သည်းခံတာ လုံလောက်ပြီ" ဟု ပြောကာ "မရိုးသားတဲ့ သတင်းမီဒီယာတွေ ရှိနေရင် တိုင်းပြည် ဘယ်တော့မှ ကြီးပွားမှာ မဟုတ်ဘူး" ဟု ဆိုပြီး အင်တာဗျူးမှ ထွက်ခွာသွားခဲ့သည်။ သို့သော် တင်ဆက်သူ ဝဲလ်ကာကမူ ထရမ့်ပ်သည် နောက်ထပ် အင်တာဗျူးတစ်ခု ပြုလုပ်ရန် သဘောတူထားကြောင်း ပြောကြားခဲ့သည်။

Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြောဆိုချက်တချို့ကို NBC ရုပ်သံ အစီအစဉ်တင်ဆက်သူ ခရစ္စတင်း ဝဲလ်ကာက ထပ်တလဲလဲ မေးခွန်းထုတ်ခဲ့အပြီးမှာ သမ္မတဟာ အင်တာဗျူးကနေ ရုတ်တရက် ထွက်ခွာသွားပါတယ်။

ဇွန် ၇ ရက်က ထုတ်လွှင့်တဲ့ Meet The Press အစီအစဉ်မှာ လက်ရှိ ကယ်လီဖိုးနီးယားပြည်နယ် ရွေးကောက်ပွဲနဲ့ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ ၂ ခုလုံးဟာ “မဲလိမ်ထားတာ” လို့ သမ္မတ ထရမ့်ပ်က ပြောပါတယ်။

မဲမသမာမှု သက်သေပြဖို့ ဝဲလ်ကာက မေးမြန်းချိန်မှာတော့ “ကြည့်လိုက်၊ နားထောင်လိုက်ရင် ရှင်းနေတာပဲလေ” လို့ ထရမ့်ပ်က ဖြေပါတယ်။

ဒါဟာ သက်သေမဟုတ်ဘူးလို့ တင်ဆက်သူက ပြောအပြီးမှာတော့ ထရမ့်ပ်က တင်ဆက်သူ အမျိုးသမီးဟာ “လူလိမ် မဟုတ်ရင် လူအပဲ ဖြစ်ရမယ်” လို့ ပြောပါတယ်။

အင်တာဗျူးမှာ အီရန်ပဋိပက္ခ၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရန်ပုံငွေ အစီအစဉ်နဲ့ ၂၀၂၁ ခုနှစ် လွှတ်တော်အဆောက်အအုံ စီးနင်းခံရမှု ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

မီဒီယာတွေဟာ သူ့အပေါ် ဘက်လိုက်တယ်လို့ မကြာခဏ စွပ်စွဲလေ့ရှိတဲ့ သမ္မတ ထရမ့်ပ်ဟာ ဒီအင်တာဗျူးမှာလည်း မီဒီယာတွေကို “အကျင့်ပျက်တယ်” လို့ ပြောပါတယ်။

ဇွန် ၅ ရက်က ဝစ္စကွန်ဆင်ပြည်နယ်မှာ ပြုလုပ်တဲ့ ဒီအင်တာဗျူးဟာ စပါးကျီမှာ ရိုက်ကူးတာဖြစ်လို့ မိုးရွာကျတဲ့ အသံတွေနဲ့ နည်းပညာ အခက်အခဲတွေ ရှိခဲ့ပါတယ်။

အင်တာဗျူး စတင်ပြီး မိနစ် ၅၀ အကြာမှာပဲ “ဆောရီး၊ တော်ကြရအောင်၊ ကျနော် သည်းခံတာ လုံလောက်ပြီ” လို့ ထရမ့်ပ်က ပြောပါတယ်။

“မရိုးသားတဲ့ သတင်းမီဒီယာတွေ ရှိနေရင် တိုင်းပြည် ဘယ်တော့မှ ကြီးပွားမှာ မဟုတ်ဘူး” လို့ ပြောပြီး သူက အင်တာဗျူးကနေ ထွက်သွားခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတ ထရမ့်ပ်နဲ့ စကားပြောခဲ့ပြီး နောက်ထပ် အင်တာဗျူးတခု ထပ်လုပ်ဖို့ သူ သဘောတူထားတယ်လို့ တင်ဆက်သူ ဝဲလ်ကာက ပြောပါတယ်။

Source: Reuters

ဆက်စပ်သတင်းများ

AI Curated
NBC ရုပ်သံနှင့်အင်တာဗျူး သမ္မတ ထရမ့်ပ် ရုတ်တရက် အဆုံးသတ် | YGN Daily