ကျောက်တော်မြို့ဗုံးကြဲခံရမှု အရပ်သားရှစ်ဦးထက်မနည်းသေဆုံး
politics||3 MIN READ

ကျောက်တော်မြို့ဗုံးကြဲခံရမှု အရပ်သားရှစ်ဦးထက်မနည်းသေဆုံး

Narinjara
SourceNarinjara
Back to News

AI Summary

ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာခုနစ်စီးဖြင့် လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ရှစ်ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေရပ်ကွက်များနှင့် ဈေးဆိုင်များအပေါ် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဈေးဆိုင် ၂၀ ကျော်၊ လူနေအိမ်များနှင့် ကားအချို့ ပျက်စီးမီးလောင်ကျွမ်းခဲ့သည်။ ထိခိုက်မှုများကြောင့် ဒေသခံများမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည်။ လက်ရှိတွင် မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်မှုများ လုပ်ဆောင်နေပြီး သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းလျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"လမ်းမတော်မှာ ဈေးအဝိုင်းမှာတော့ အလောင်းငါးလောင်း၊ ရွာထဲမှာ အိမ်သုံးအိမ်မီးလောင်ရာမှာ တစ်လောင်းတွေ့ရတယ်။ ဒါက မျက်မြင်။ စုစုပေါင်းက လမ်းမတော်မှာရှစ်လောင်းရှိပြီပြောကြတယ်။"

"ပိုက်သည်ရပ်ကွက်က ဆီတန်းဟောင်းနဲ့ လမ်းမတော်ရပ်ကွက်နားမှာလည်း ကျတယ်။ လမ်းမတော်မှာဆို လူအထိအခိုက်ရှိတယ်ကြားတယ်။ ဒီကနေ့ ဗုံးကြဲတာ တော်တော်ကြောက်ဖို့ကောင်းပါတယ်"

ရခိုင်ပြည်၊ ကျောက်တော်မြို့ကို ယနေ့ညနေတွင် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှဗုံးလာကြဲမှုကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ ရှစ်ဦးထက်မနည်းသေဆုံးသွားခဲ့သည်ဟု သိရသည်။ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ရှိ ယခင် စက်သုံးဆီကွင်းအဟောင်းနှင့် လမ်းမတော်ရပ်ကွက်အပါအဝင် မြို့ပေါ်နေရာအချို့ကို အကြမ်းဖက်လေကြောင်းမှ ဂျက်ဖိုက်တာခုနစ်စီးဖြင့် ယနေ့ ဇွန်လ ၁၇ ရက်၊ ညနေ ၃ နာရီကျော်မှစတင်ကာ ၃ နာရီခွဲကျော်အထိ အကြိမ်ကြိမ်ဗုံးကြဲချခဲ့သည်ဟု ဒေသခံများက နိရဉ္စရာကို ပြောသည်။ ဗုံးကြဲခံရမှုကြောင့် လမ်းမတော်ဈေးအဝိုင်းနှင့် ရပ်ကွက်အတွင်းတွင် အလောင်းရှစ်လောင်းတွေ့ရှိထားပြီး အခြားနေရာများတွင်လည်း သေဆုံးသူရှိနိုင်သေးသည်ဟု မြို့ခံများက ပြောသည်။

Narinjara News Image

ဒေသခံတစ်ဦးက "လမ်းမတော်မှာ ဈေးအဝိုင်းမှာတော့ အလောင်းငါးလောင်း၊ ရွာထဲမှာ အိမ်သုံးအိမ်မီးလောင်ရာမှာ တစ်လောင်းတွေ့ရတယ်။ ဒါက မျက်မြင်။ စုစုပေါင်းက လမ်းမတော်မှာရှစ်လောင်းရှိပြီပြောကြတယ်။ ကျောက်တော် ကတ ၃ လမ်းမှာလည်း သက်ကြီးအမျိုးသမီးတစ်ယောက်ဒဏ်ရာပြင်းတယ်"ဟု ပြောသည်။

ကလေးနှင့် အမျိုးသမီးများအပါအဝင် ယခုသေဆုံးသူများသည် ဒေသခံအရပ်သားများဖြစ်သည်ဟုလည်း သိရသည်။

နောက်ထပ် ဒေသခံ ၁ဝ ဦးထက်မနည်းလည်း ဒဏ်ရာများရရှိသွားခဲ့သည်ဟု သိရသည်။

ဒေသခံလူငယ်အမျိုးသမီးတစ်ဦးက “ပိုက်သည်ရပ်ကွက်က ဆီတန်းဟောင်းနဲ့ လမ်းမတော်ရပ်ကွက်နားမှာလည်း ကျတယ်။ လမ်းမတော်မှာဆို လူအထိအခိုက်ရှိတယ်ကြားတယ်။ ဒီကနေ့ ဗုံးကြဲတာ တော်တော်ကြောက်ဖို့ကောင်းပါတယ်”ဟု နိရဉ္စရာကို ပြောသည်။

ဗုံးကြဲခံရမှုကြောင့် ပိုက်သည်ရပ်ကွက်ရှိ ဈေးဆိုင် ၂၀ ကျော်ခန့်နှင့်အတူ လူနေအိမ်အဆောက်အအုံများနှင့် ကားအချို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

Narinjara News Image

ဒေသခံလူငယ်အမျိုးသားတစ်ဦးက “ကျနော့်အသိရဲ့အဘွားအိမ်တစ်ဆောင် ထိပါတယ်။ အဲဒီအိမ်မှာတော့ လူအသေအပျောက်မရှိပါဘူး။ ဆီကွင်းအဟောင်းမှာတော့ ကျနော့်အသိတစ်ယောက်ရဲ့ ဘိလပ်မြေအိတ်တွေထားတဲ့ ဂိုဒေါင်တစ်လုံးပါသွားတယ်။ နောက်ပြီး ကားတစ်စီးပါသွားပါတယ်”ဟု ပြောသည်။

ဗုံးကြဲခံရမှုကြောင့် လူနေအဆောက်အအုံများလည်း မီးလောင်သွားခဲ့ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မီးသတ်တပ်ဖွဲ့က ငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

ထိခိုက်သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကို ထပ်မံ တင်ဆက်ပေးပါမည်။


ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၇/၂ဝ၂၆

ဆက်စပ်သတင်းများ

AI Curated