
AI Summary
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၈ မိုင် ၁ ဖာလုံ မာရသွန်အပြေးပြိုင်ပွဲကို ဇွန်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို စစ်တပ်၏ မတရားဖမ်းဆီးချုပ်နှောင်ထားမှုများကို ဆန့်ကျင်ကြောင်းပြသရန်နှင့် လူထု၏ စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ကျေးရွာပေါင်း ၃၀ မှ ပြိုင်ပွဲဝင် ၂၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပြီး လမ်းတစ်လျှောက်ရှိ ပြည်သူများကလည်း တက်ကြွစွာ အားပေးခဲ့ကြသည်။ ဤလှုပ်ရှားမှုသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်နေသည့် တော်လှန်ရေးလှုပ်ရှားမှုတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို ထိုက်တန်စွာ ဆုချီးမြှင့်ပေးခဲ့ပြီး လက်ရှိအချိန်တွင်လည်း နိုင်ငံတစ်ဝန်း၌ အလားတူ ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ရှိနေသည်။
ထင်ရှားသော ပြောကြားချက်များ
"မြန်မာပြည်သူတွေ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေဆုံးရှုံးနေတဲ့အခုလိုအချိန်မှာ လူထုရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရုန်းကန်တိုက်ပွဲ၀င်နိုင်စွမ်းကို ဖော်ထုတ်ပြသရင်း စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ၈ မိုင် ၁ ဖာလုံ မာရသွန်အပြေးပြိုင်ပွဲမှာ ကျေးရွာပေါင်း ၃၀ က ပြိုင်ပွဲ၀င်ဦးရေ စုစုပေါင်း ၂၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။"

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ၈ မိုင် ၁ ဖာလုံ မာရသွန်အပြေးပြိုင်ပွဲကို စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဇွန် ၁၈ ရက်က ကျင်းပခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သိရပါတယ်။
အဆိုပါ အပြေးပြိုင်ပွဲကို ပြည်သူလူထုတွေဘက်က စည်းစည်းလုံးလုံး ပါဝင်ဆင်နွှဲခဲ့ကြသလို ပြိုင်ပွဲကျင်းပတဲ့ လမ်းတလျှောက်က ပြည်သူတွေကလည်း ပြိုင်ပွဲ၀င်ပြည်သူတွေကို တက်တက် ကြွကြွ အားပေးဂုဏ်ပြုခဲ့ကြတယ်လို့လည်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
“မြန်မာပြည်သူတွေ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေဆုံးရှုံးနေတဲ့အခုလိုအချိန်မှာ လူထုရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရုန်းကန်တိုက်ပွဲ၀င်နိုင်စွမ်းကို ဖော်ထုတ်ပြသရင်း စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ၈ မိုင် ၁ ဖာလုံ မာရသွန်အပြေးပြိုင်ပွဲမှာ ကျေးရွာပေါင်း ၃၀ က ပြိုင်ပွဲ၀င်ဦးရေ စုစုပေါင်း ၂၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။”
အဆိုပါ မာရသွန်အပြေးပြိုင်ပွဲမှာ ဆုရရှိခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေကိုလည်း ထိုက်ထိုက်တန်တန် ဆုချီး မြှင့် ပေးခဲ့တယ်လို့ ဆက်ပြောပါတယ်။
နိုင်ငံတဝန်းက ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေသာမက ပြည်ပရောက် မြန်မာနိုင်ငံသား တွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် နည်းမျိုးစုံနဲ့ တောင်းဆိုဆန္ဒထုတ်ဖေါ်နေကြ ပါတယ်။