ရမ်းဗြဲမြို့အနီးကို စစ်အုပ်စု ညအချိန် ဗုံးလာကြဲ
myanmar||3 MIN READ

ရမ်းဗြဲမြို့အနီးကို စစ်အုပ်စု ညအချိန် ဗုံးလာကြဲ

Narinjara
SourceNarinjara

AI Summary

ဇွန်လ ၁ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် ရခိုင်ပြည်၊ ရမ်းဗြဲမြို့အနီးကို အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလေးလုံးခန့် လာရောက်ကြဲချခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ယင်းဗုံးကြဲချသံများကို ပိန္နဲတောင်ဘက်မှ ကြားရသည်ဟု သိရသည်။ ရမ်းဗြဲမြို့နယ်ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက်ပိုင်း မြေပြင်တိုက်ပွဲများမရှိတော့သော်လည်း စစ်ကောင်စီက အရပ်သားနေထိုင်ရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ ကျောက်ဖြူတွင် အထိနာနေသည့် စစ်တပ်သည် ကျောက်ဖြူမြို့နယ်ကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး ယခုအခါ ရမ်းဗြဲဘက်ကိုပါ တိုက်ခိုက်လာခြင်းဖြစ်သည်။ ယခင်ကလည်း မေလ ၂၈ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘတ်ဟိုးမောင်းသူတစ်ဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း အရပ်သားသုံးဦးခန့် သေဆုံးခဲ့ဖူးသည်။ လက်ရှိတွင် နိရဉ္စရာသတင်းဌာနက အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းလျက်ရှိသည်။

ရခိုင်ပြည်၊ ရမ်းဗြဲမြို့အနီးကို ယနေ့ညတွင် အကြမ်းဖက်စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးလာကြဲချခဲ့သည်ဟု သိရသည်။

ယနေ့ ဇွန်လ ၁ ရက်၊ ည ၈ နာရီခွဲခန့်တွင် ရမ်းဗြဲမြို့အနီးကို အကြမ်းဖက်စစ်အုပ်စု၏ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက နိရဉ္စရာကို ပြောသည်။

ဒေသခံတစ်ဦးက "ခုနက ချသံကြားရပါတယ်။ လေးလုံးလောက် ချသံကြားရတယ်။ ဘယ်နေရာတော့ မသိရသေးဘူး။ မြို့ပေါ်နဲ့ သိပ်မဝေးလောက်ဘူးထင်ပါတယ်"ဟု ပြောသည်။

ဗုံးကြဲချသံများကို ပိန္နဲတောင်ဘက်မှကြားရသည်ဟုလည်း ပြောကြသည်။

အသေးစိတ်အချက်အလက်များကို နိရဉ္စရာက ဆက်လက်စုံစမ်းလျက်ရှိသည်။

ရမ်းဗြဲမြို့နယ်တဝိုက်ကို ယခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်များ မကြာခဏဝဲပျံလာနေသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်၊ နံနက် ၇ နာရီခန့်နှင့် ၇ နာရီကျော်ကလည်း ရမ်းဗြဲနှင့် ကျောက်ဖြူ နယ်ခြားဒေသ၊ ပိန္နဲတောင်/မော်ဦးအနီး လမ်းပြုပြင်နေသည့်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှဗုံးကြဲ၍ မအီမြို့၊ ဂျီဖြူတောင်ရွာသားဖြစ်သည့် ဘတ်ဟိုးမောင်းသူသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်၊ နံနက် ၁၁ နာရီကလည်း ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်ရှိ သရက်ချိုကျေးရွာရှိ ရဲစခန်း၊ ကူတိုးဆိပ်နှင့် ဈေးဖက်သို့ အကြမ်းဖက်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအရပ်သားသုံးဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့သိမ်းပိုက်ပြီးချိန်မှစ၍ လက်ရှိအချိန်ထိ ရမ်းဗြဲမြို့နယ်အတွင်း မည်သည့်တိုက်ပွဲမျှမရှိတော့ဘဲ အရပ်သားများနေထိုင်ရာလူနေကျေးရွာများကို စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်ဖြူတွင် အထိနာနေသည့်အကြမ်းဖက်စစ်တပ်သည် ကျောက်ဖြူမြို့နယ်နေရာအနှံ့အပြားကို နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်နေပြီး ယခုအခါ ရမ်းဗြဲဖက်ကိုပါ ဗုံးလာကြဲခြင်းဖြစ်သည်။


*ရေးသားသူ - Breaking News

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁/၂ဝ၂၆*

ဆက်စပ်သတင်းများ

AI Curated
ရမ်းဗြဲမြို့အနီးကို စစ်အုပ်စု ညအချိန် ဗုံးလာကြဲ | YGN Daily