စိတ်ရောဂါသည် မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြိုးစားသည့် ဒုအရာခံဗိုလ် ဖမ်းဆီးခံရ

စိတ်ရောဂါသည် မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြိုးစားသည့် ဒုအရာခံဗိုလ် ဖမ်းဆီးခံရ

DVB
SourceDVB

AI Summary

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိတ်ရောဂါခံစားနေရသော မိန်းကလေးငယ်တစ်ဦးကို ဒုအရာခံဗိုလ် ဝင်းကြိုင်က မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သည်။ ၎င်းဖြစ်စဉ်ကြောင့် ဒုအရာခံဗိုလ် ဝင်းကြိုင်ကို ဖမ်းဆီးခဲ့ပြီး တပ်ရင်းတွင် ခုံရုံးဖွဲ့ စစ်ဆေးခဲ့သည်။ ဧပြီလက ဖြစ်ပွားခဲ့သော ဤဖြစ်ရပ်ကို တပ်ရင်းက ဖုံးကွယ်ထားခဲ့သည်။ မေလ ၂၈ ရက်နေ့တွင် စစ်ခုံရုံးက ဒုအရာခံဗိုလ် ဝင်းကြိုင်ကို အရပ်ဘက်တရားရုံးသို့ ပုဒ်မ ၃၇၆ ဖြင့် ဆက်လက်အရေးယူရန် အမိန့်ချခဲ့သည်။ ဤဖြစ်ရပ်သည် စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိနေကြောင်း ထင်ရှားစေပြီး၊ အချို့ရဲမေများသည် ခင်ပွန်းများ ရှေ့တန်းထွက်ချိန်တွင် တပ်တွင်းမနေရဲဘဲ ပြင်ပတွင် ငှားရမ်းနေထိုင်ရသည်အထိ သက်ရောက်မှုရှိကြောင်း သိရသည်။

Photo: Kyatumati City

ပဲခူးတိုင်း တောင်ငူခရိုင်၊ ကေတုမတီမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စိတ်ရောဂါ ဖြစ်နေတဲ့ မိန်းကလေးကို မုဒိမ်းကျင့်ဖို့ကြိုးစားတဲ့ ဒုအရာခံဗိုလ်တယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ရေးသတင်းအမြစ်တွေဆီက သိရပါတယ်။

တိုင်းစစ်ဌာနချုပ်ရဲ့ ငွေစာရင်းဌာနမှာရှိတဲ့ အငယ်တန်းစာရေးဝန်ထမ်း တယောက်ရဲ့ သမီးဖြစ်သူ စိတ်ရောဂါခံစားရနေတဲ့ မိန်းကလေးငယ်ကို ဒုအရာခံဗိုလ် ဝင်းကြိုင်က   အဓမ္မပြုကျင့်ဖို့ ကြိုးစား တာကြောင့် ဖမ်းဆီးခဲ့ရတာလို့ တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြော ပါတယ်။

"စိတ်မမှန်တဲ့ကလေးမလေးကို မုဒိမ်းကျင့်ဖို့ ကြိုးစားလို့ ဒုအရာခံဗိုလ် ဝင်းကြိုင်ကို ဖမ်းထားတာ ကြာပြီ၊ တပ်ရင်းမှာပဲ ခုံရုံးဖွဲ့ပြီး စစ်ဆေးနေတာ။ ဖြစ်စဥ်က ဧပြီလထဲမှာ ဖြစ်နေတာ တပ်ရင်းက သတင်းကို ဖုံးထားတာ။”

အဆိုပါမုဒိမ်းမှုနဲ့ပတ်သက်ပြီး မေ ၂၈ ရက်က တိုင်းစစ်ဌာနချုပ် စစ်ခုံးရုံးက ဒုအရာခံဗိုလ် ဝင်းကြိုင် ကို အရပ်ဘက်တရားရုံးမှာ ဆက်လက် အရေးယူဆောင်ရွက်ဖို့ အမိန့်ချခဲ့တယ်လို့ တပ်နဲ့ နီးစပ်သူက ပြောပါတယ်။

"မနေ့ကပဲ စစ်ခုံရုံးကနေ အရပ်ဘက်တရားရုံးကို လွှဲလိုက်တယ်လို့သတင်းကြားတယ်။ ပုဒ်မကတော့ မသိဘူး။ ဌာနကလူတွေပြောတာတော့ ၃၇၆ နဲ့ လို့ပြောတယ်။”

စစ်အာဏာရှင်တပ်မှာ ရာထူးရလာပါက ကိုယ့်လုပ်ဖော်ကိုင်ဖက်ပါမကျန် လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးစားသူတွေ ရှိနေတာကြောင့် တချို့ရဲမေတွေဟာ ခင်ပွန်းဖြစ်သူ ရှေတန်းထွက်ပါက နောက်တန်းမှာမနေရဘဲ ပြင်ပမှာငှားရမ်းနေထိုင်ကြတယ်လို့ စစ်မှုထမ်းဟောင်းတယောက်က ပြောပါတယ်။

မေ ၁၉ ရက်ကလည်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့၊ အမှတ် ၄ ဝန်တပ်ရင်းမှာ ရှေ့တန်းထွက်နေတဲ့ စစ်သည်တွေရဲ့ ဇနီးတွေအပေါ်  လိင်မှုကိစ္စကျူးလွန်ခဲ့တဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်လင်းအောင်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး မြတ်သူအောင်နဲ့ ဌာနခွဲမှူး ဗိုလ်မှူး ပြည့်ဖြိုးကျော်တို့ တိုင်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
စိတ်ရောဂါသည် မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြိုးစားသည့် ဒုအရာခံဗိုလ် ဖမ်းဆီးခံရ | YGN Daily