စစ်တပ်ရဲ့ အရေးပါတဲ့ ပျူစောထီးစခန်းတွေကို ဘယ်လိုတိုက်ခိုက်သိမ်းပိုက်ခဲ့လဲ
politics||2 MIN READ

စစ်တပ်ရဲ့ အရေးပါတဲ့ ပျူစောထီးစခန်းတွေကို ဘယ်လိုတိုက်ခိုက်သိမ်းပိုက်ခဲ့လဲ

Back to News

AI Summary

မကွေးတိုင်း ပေါက်နှင့် မြိုင်မြို့နယ်အတွင်းရှိ စစ်တပ်ထောက်ခံသည့် ပျူစောထီးရွာများနှင့် ရဲစခန်းများကို တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၁၁ ရက်အတွင်း ရွာနှစ်ရွာနှင့် ရဲစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါဒေသများတွင် စစ်တပ်က သင်တန်းပေးထားသည့် ပျူစောထီးများအား ပေါက်ဘုန်းကြီးက ကြီးကြပ်ကာ စစ်တပ်က တပ်စွဲထားခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင်များနှင့် မိသားစုဝင် ၇၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်။ မေလ ၂၃ ရက်က စတင်ခဲ့သည့် ဤစစ်ဆင်ရေးကို တမာမြေစစ်ဆင်ရေးနှင့် Operation Su ဟု အမည်ပေးထားသည်။ NUG လက်အောက်ခံတပ်ရင်းများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်နေသည့် လက်ရှိအခြေအနေတွင် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

မကွေးတိုင်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်းက စစ်တပ်ကိုထောက်ခံတဲ့ ပျူစောထီး ခေါ် ပြည်သူ့စစ်တွေ အားကောင်းတဲ့ ကျေးရွာတွေနဲ့ ရဲစခန်းတွေကို တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ဆင်ရေး ၁၁ ရက်အတွင်း ရွာနှစ်ရွာနဲ့ ရဲစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် အပါအဝင် နိုင်ငံအလယ်ပိုင်းမှာ စစ်တပ်က သင်တန်းပေးထားတဲ့ ပျူစောထီး ပြည်သူ့စစ်တွေကို သင်္ကန်းဝတ်နဲ့ ပျူစောထီးခေါင်းဆောင် ပေါက်ဘုန်းကြီးက ကြီးကြပ်နေတာပါ။ ပြည်သူ့စစ်အားကောင်းတဲ့ရွာတွေမှာ စစ်တပ်က လူလက်နက်အင်အားအပြည့်နဲ့ အထိုင်ချ တပ်စွဲထားတာလည်း ဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးအတွင်း ပျူစောထီး ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ မိသားစုဝင် စုစုပေါင်း ၇၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောထားပါတယ်။

မေလ ၂၃ရက်က စတင်ခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ‘တမာမြေစစ်ဆင်ရေး’ နဲ့ ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် “Operation Su” ဆိုပြီး တော်လှန်ရေးတပ်တွေက နာမည်ပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တပ်ရင်းတွေ၊ NUG လက်အောက်ခံမဟုတ်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကျောင်းသားတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီစစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့တာလို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လို စစ်ရေးအစီအစဉ်တွေ ရှိခဲ့သလဲ၊ ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရသလဲဆိုတာ သိရဖို့ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ အညာမြေတပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုလှိုင်း/ Myanmar Now

ဆက်စပ်သတင်းများ

AI Curated
စစ်တပ်ရဲ့ အရေးပါတဲ့ ပျူစောထီးစခန်းတွေကို ဘယ်လိုတိုက်ခိုက်သိမ်းပိုက်ခဲ့လဲ | YGN Daily