လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏  ၈၁ နှစ်ပြည့်​မွေး​နေ့ ဗန်ကူးဗားမြို့တွင်ကျင်းပ
politics||1 MIN READ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏  ၈၁ နှစ်ပြည့်​မွေး​နေ့ ဗန်ကူးဗားမြို့တွင်ကျင်းပ

DVB
SourceDVB
Back to News

AI Summary

ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှုနှင့် Proof of Life ကမ်ပိန်းတို့ကို ဇွန်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် ကနေဒါရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်စေရန် ဆုတောင်းပေးခြင်းနှင့် မွေးနေ့ကိတ်ခွဲခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းနှင့် ဂုဏ်ပြုတေးသီချင်းများ သီဆိုခြင်းဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဤလှုပ်ရှားမှုနှင့်အတူ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေသည့် ဈေးရောင်းပွဲကိုလည်း တစ်ပါတည်း ကျင်းပခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ပြည်ပရောက် မြန်မာများက စုပေါင်းအားထုတ်မှုအဖြစ် ယခုကဲ့သို့ လှုပ်ရှားဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Photo: Peter Aung-DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲ၊ နှင်းဆီလှုပ်ရှားမှုနဲ့ Proof of Life ကမ်ပိန်းကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ဒေသစံတော်ချိန် ဇွန် ၂၀ ရက်က  ကျင်းပပါတယ်။

ဒီလှုပ်ရှားမှုကို ကနေဒါရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာပါစေကြောင်း မွေးနေ့ကိတ်ခွဲပြီး ဆုတောင်းပေးခဲ့ကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်လွတ် မြောက်ရေး မိုးပျံပူဖောင်းတွေ လွှတ်တင် ဆုတောင်းပေးခဲ့ကြသလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ တေးသီချင်းတွေသီဆိုခဲ့ကြပါတယ်။

မွေးနေ့ပွဲနဲ့အတူ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ဈေးရောင်းပွဲကိုလည်း ကျင်းပသွားပါတယ်။

ဆက်စပ်သတင်းများ

AI Curated