ကျင်ဒွေးမြို့ကို စစ်တပ်က ဗုံးကြဲ၊ စစ်ဘေးရှောင် ၅ ဦး သေဆုံး
politics||3 MIN READ

ကျင်ဒွေးမြို့ကို စစ်တပ်က ဗုံးကြဲ၊ စစ်ဘေးရှောင် ၅ ဦး သေဆုံး

DVB
SourceDVB
Back to News

AI Summary

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ရှိ စစ်ဘေးရှောင်စခန်းကို ဇွန်လ ၁၉ ရက်နေ့ညတွင် စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင် ၅ ဦး သေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်သည် မကွေးတိုင်း ဆောမြို့ကို အခြေပြု၍ ချင်းပြည်နယ်တောင်ပိုင်းသို့ ထိုးစစ်ဆင်နေခြင်းကြောင့် ဒေသခံများမှာ လေကြောင်းအန္တရာယ်ကို အထူးသတိပြုနေရသည်။ ဤတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ဒေသခံများမှာ ဗုံးခိုကျင်းများတူးကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များတွင် ထိုးစစ်ဆင်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေဆဲဖြစ်သည်။

ထင်ရှားသော ပြောကြားချက်များ

"စစ်အာဏာရှင်က မေလလယ်ပိုင်းကတည်းက ကန်ပက်လက်နဲ့ မင်းတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ။ လေကြောင်းကနေ တိုက်ခိုက်မှုတွေလည်း နေ့တိုင်း ပြုလုပ်နေတယ်လို့ သိရတယ်။ ဖုန်းလိုင်းတွေ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာတော့ အတိအကျပြောဖို့ ခက်တယ်။ ကန်ပက်လက်မြို့နယ်ထဲမှာ စစ်ရှောင်နေရတဲ့သူတွေလည်း အများကြီးပဲ။ လေကြောင်းအန္တရာယ်ကတော့ အထူးသတိထားနေရတယ်"

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့(ရွာဟောင်း)က စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာကို ဇွန် ၁၉ ရက် ည ၁၁ နာရီခွဲမှာ စစ်အာဏာရှင် လေတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  စစ်ဘေးရှောင် ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဇွန် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်တပ်ဟာ ကန်ပက်လက်မြို့နယ်ကို စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့နဲ့ ဗုံးခိုကျင်းတွေတူးပြီး ဝင်ရောက်နေရာယူကြဖို့လည်း အထူးတိုက်တွန်းထားပါတယ်။

စစ်အာဏာရှင်တပ်ဟာ မကွေးတိုင်း၊ ဆောမြို့ကို အခြေပြုပြီး ချင်းတောင်ပိုင်းက ကန်ပက်လက်နဲ့ မင်းတပ်ကို ထိုးစစ်ဆင်နေသလို လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လေကြောင်းအန္တရာယ် အထူးသတိထားနေရတယ်လို့ စစ်ဘေးရှောင်နေတဲ့ ကန်ပက်လက်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“စစ်အာဏာရှင်က မေလလယ်ပိုင်းကတည်းက ကန်ပက်လက်နဲ့ မင်းတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ။ လေကြောင်းကနေ တိုက်ခိုက်မှုတွေလည်း နေ့တိုင်း ပြုလုပ်နေတယ်လို့ သိရတယ်။ ဖုန်းလိုင်းတွေ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာတော့ အတိအကျပြောဖို့ ခက်တယ်။ ကန်ပက်လက်မြို့နယ်ထဲမှာ စစ်ရှောင်နေရတဲ့သူတွေလည်း အများကြီးပဲ။ လေကြောင်းအန္တရာယ်ကတော့ အထူးသတိထားနေရတယ်”

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီ ၂၉ ရက်နေ့ကလည်း စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူပိုင် ပစ္စည်းအများအပြားလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

စစ်အာဏာရှင်တပ်ဟာ မင်းတပ်မြို့နဲ့ ပတ်ဝန်းကျင်ကိုလည်း နေ့စဥ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ချင်းပြည်တောင်ပိုင်း ထိုးစစ်ကို ချင်ပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော်(CPU/CPA) နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်ခုခံနေကြတာဖြစ်ပြီး စစ်တပ်က အထိနာနေတာကြောင့် ဆောမြို့မှာ အင်အားဆက်တိုက်ဖြည့်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated