ရခိုင်ရိုးမကိုကျော်ရန်မင်းတုန်းဘက်က တိုးဝင်လာသောစစ်ကြောင်းAAနှင့်ထိပ်တိုက်တွေ့ရာမှ ဗိုလ်အဆင့်အပါအဝင် ၃၀ ခန့်သေဆုံးပြီး ၂၀ ကျော်အရှင်အဖမ်းခံရ
politics||4 MIN READ

ရခိုင်ရိုးမကိုကျော်ရန်မင်းတုန်းဘက်က တိုးဝင်လာသောစစ်ကြောင်းAAနှင့်ထိပ်တိုက်တွေ့ရာမှ ဗိုလ်အဆင့်အပါအဝင် ၃၀ ခန့်သေဆုံးပြီး ၂၀ ကျော်အရှင်အဖမ်းခံရ

Narinjara
SourceNarinjara

AI Summary

မင်းတုန်းမြို့နယ်မှ ရခိုင်ပြည်ဘက်သို့ ရိုးမတောင်ကျော်လမ်းအတိုင်း အင်အားအများအပြားဖြင့် ချီတက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် အာရက္ခတပ်တော် (AA) ကွန်မန်ဒိုတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ စစ်ကြောင်းသည် မင်းတုန်းမြို့နယ်အနီးရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခဲ့ပြီး မေလကုန်တွင် ရခိုင်ပြည်ဘက်သို့ ဝင်ရောက်ရန် ကြိုးစားစဉ် AA နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူအပါအဝင် ၃၀ ခန့် သေဆုံးပြီး ၂၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း AA နှင့် နီးစပ်သည့် စစ်ရေးရင်းမြစ်က ပြောကြားသည်။ အခြားသတင်းဌာနများ၏ ဖော်ပြချက်အရ စစ်ကောင်စီဘက်မှ သေဆုံးသူ ၄၀၀ ကျော်နှင့် လက်နက်ချသူ ၁၀၀ ခန့်ရှိပြီး စစ်ကြောင်းတစ်ခုလုံး ပျောက်ဆုံးနေသည်ဟု သိရသည်။ စစ်ကောင်စီစစ်ကြောင်းသည် တပ်ပြိုကာ နောက်ဆုတ်သွားခဲ့ပြီး လက်ရှိတွင် မင်းတုန်းဘက်မှ အင်အား ၂၀၀ ခန့်ဖြင့် ထပ်မံဖြည့်တင်းထားကြောင်း သတင်းရရှိသည်။

နိရဉ္စရာ ဇွန် ၅ ၊ ၂၀၂၆

ရခိုင်ပြည်ဘက်ကိုမင်းတုန်းကျော်လမ်းကို အင်အားအများအပြားဖြင့်တိုးဝင်လာသောအကြမ်းဖက်စစ်တပ် စစ်ကြောင်းတစ်ခုသည် အာရက္ခတပ်တော်(AA) ကွန်မန်ဒိုတပ်ဖွဲ့တစ်ခုနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားရာကဗိုလ်အဆင့်ရှိသူအပါ ၃၀ ခန့်သေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးရမိထားကြောင်းAA နှင့် နီးစပ်သည့် စစ်ရေးရင်းမြစ်တစ်ခု နိရဉ္စရာသို့ အတည်ပြုပြောဆိုသည်။

"အဲဒီစစ်ကြောင်မင်းတုန်းမြို့နယ်အပိုင် သဖန်ရောင်၊ဝက်ကော်၊ပြောင်စတဲ့ အနီးဝန်းကျင်က ကျေးရွာတွေကိုမီးရှို့နေတဲ့စစ်ကြောင်း၊ အဲဒီပတ်ဝန်းကျင်မှာလှုပ်ရှားရမ်းကားနေတာကြာပြီ။ အဲဒီစစ်ကြောင်းက မေလကုန်မှာ မင်းတုန်းကနေ ရိုးအတောင်ကျော်လမ်းကိုဖြတ်ပြီးရခိုင်ပြည်ဘက်ကို ဝင်ဖို့ စစ်ကြောင်းထိုး ကြိုးစားတာ။ အေအေ ကွန်မန်ဒို တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်တာ”  ၎င်း စစ်ရေးရင်းမြစ်က ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ၂၀၂၆ ခုနှစ်မေလကတည်းကပင် မင်းတုန်းမြို့နယ်အပိုင် သဖန်ရောင်၊ဝက်ကော်၊ပြောင်စသည့်ကျေးရွာအနီးတွင်လှုပ်ရှားနေပြီး ဇွန်လဆန်းပိုင်းတွင် ရခိုင်ရိုးမပေါ်တွင် AAနှင့် ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ အခုတော့ AA နဲ့တွေ့သွားပြီး တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။ စစ်တပ်စစ်ကြောင်းကအင်အား ၂၀၀ ကျော်လောက်ပါတယ်လို့သိရပါတယ်။ AA ဘက်က အင်အားကတော့ သိပ်မများဘူးလို့ သိရတယ်။ တပ်စိတ် နှစ်စိတ်၊ သုံးစိတ်လောက်နဲ့ ဖြစ်ကြတာ။ စစ်တပ်က ဗိုလ်တွေ အပါအဝင် ၃၀ လောက်သေတယ်။ လက်နက် ခဲယမ်းတွေနဲ့  စစ်သား ၂၀ ကျော်လောက် လက်ရဖမ်းမိတယ်။ အသေများတော့ထွက်ပြေးကြတယ်။AA ဖက်ကလည်းလိုက်ဖမ်းတာ ၂၀ ကျော်တော့အရှင်ဖမ်းရတယ်"ဟုပြောဆိုသည်။

နှစ်ဖက်တိုက်ပွဲအတွင်းအာဏာသိမ်းစစ်တပ်မှ အကျဆုံးများရုံသာမက အရှင်ဖမ်းဆီးခံရသူများရှိသဖြင့်၎င်းစစ်ကြောင်းသည်သဖန်ရောင်၊ဝက်ကော်၊ပြောင်ဘက်သို့တပ်ပြိုကာ နောက်ဆုတ်သွားပြီးလက်ရှိ မင်တုန်းဖက်က နောက်ထပ်အင်အား ၂၀၀ ခန့်ဖြင့်ပူးပေါင်းကာ အင်အားဖြည့်ထားသည်ဟု၎င်းစစ်ရေးရင်းမြစ်က နိရဉ္စရာသို့ ပြောသည်။

အလားတူအဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး ဒို့ပြည်သတင်းဌာနမှလည်း  ၎င်း၏ စစ်ရေးရင်းမြစ်ကိုကိုးကားပြီးဇွန်လ၄ ရက်နေ့က သတင်းဖော်ပြရာတွင် “မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အနောက် ရခိုင်ရိုးပေါ်ကိုတက်သွားသောအာဏာသိမ်းစစ်တပ်အင်အား ၄၀၀ ကျော်မှာ ၅၀ ကျော်သာ ကျန်ရှိပြီး ရှေ့ဆက်မတိုးရဲဘဲဖြစ်နေသည်” ဟုဖော်ပြသည်။

“ အဲဒီစစ်တပ်စစ်ကြောင်းဟာ မေလ ၃၀ ရက်နေ့ က စတင်တက်သွားတာဖြစ်ပြီး ဇွန်လ ၂ ရက်နေ့ အထိ ၄ ရက်တာ တိုက်ပွဲမှာ ၂၀၀ ကျော် သေဆုံးကာ ထွက်ပြေးသူ၊ အလံဖြူပြသူ နဲ့ အလင်းဝင်လာသူ ဟာ ၁၀၀ နီးပါးရှိနေတယ်”ဟု အဆိုပါသတင်းဌာနက ဆိုသည်။

အလားတူဇွန်လ ၅ ရက်နေ့ ခေတ်သစ်သတင်းတွင်လည်း မကွေးတိုင်း၊ မင်းတုန်းမြို့မှ ရခိုင်ရိုးမသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို AA နှင့် တော်လှန် ရေးပူးပေါင်းတပ်က ၄ ရက်ဆက်တိုက် ကြားဖြတ် တိုက်ခိုက်ခြင်းကြောင့် စစ်ကြောင်း တစ်ခုလုံး ပျောက်ဆုံးနေပြီး အလံဖြူထောင်သူများလည်း များပြားနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များကိုကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ မေလ ၃၀ ရက်နေ့မှ စတင်ကာ ဇွန်လ ၂ ရက်နေ့ထိ ကြားဖြတ် တိုက် ခိုက်ခဲ့ပြီး တိုက်ပွဲများဆက်တိုက်ပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ၄၀၀ ကျော်ခန့်ရှိပြီး လက်နက်ချ အလံဖြူထောင်သူ ၁၀၀ ခန့်ရှိကြောင်းသိရှိရဟုခေတ်သစ်ကဆက်လက်ဖော်ပြထားသည်။

"မင်းတုန်းကနေ ရခိုင်ရိုးကို တက်သွားတဲ့ စစ်ခွေးစစ်ကြောင်းထဲက ၄၀၀ လောက် အကျအဆုံးနဲ့ ထိခိုက်တာတွေရှိတယ်။ ထွက်ပြေး အလံဖြူထောင်တာလည်း ၁၀၀ လောက်ရှိတယ်။ တိုက်ပွဲက မေလ ၃၀ ရက်နေ့ကတည်းက စဖြစ်နေတာ ဇွန် ၂ ရက်နေ့ထိကို တောက်လျောက် ပြင်းထန်ခဲ့တာ အခုကြားထားတာတော့ စစ်ကြောင်းတစ်ခုလုံး တပ်ပျက်ပြီး ရိုးမထဲမှာ ပျောက်ဆုံးနေတယ်" ဟု ဒေသစစ်ရေးသတင်းရင်းမြစ်ကိုကိုးကားပြီး ခေတ်သစ်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

AI Curated
ရခိုင်ရိုးမကိုကျော်ရန်မင်းတုန်းဘက်က တိုးဝင်လာသောစစ်ကြောင်းAAနှင့်ထိပ်တိုက်တွေ့ရာမှ ဗိုလ်အဆင့်အပါအဝင် ၃၀ ခန့်သေဆုံးပြီး ၂၀ ကျော်အရှင်အဖမ်းခံရ | YGN Daily