အာဆင်နယ်နှင့် ချယ်လ်ဆီး VAR အမှားများကြောင့် အကျိုးအမြတ်အများဆုံးရ

အာဆင်နယ်နှင့် ချယ်လ်ဆီး VAR အမှားများကြောင့် အကျိုးအမြတ်အများဆုံးရ

DVB
SourceDVB

Photo:Reuters

ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတွေဟာ ကွင်းတွင်းဒိုင်နဲ့ VAR အမှားတွေကြောင့် အကျိုးအမြတ်အများဆုံး ရခဲ့တယ်လို့ BBC အားကစားသတင်းမှာ ဖော်ပြ ပါတယ်။

အာဆင်နယ်အသင်းဟာ ပင်နယ်တီပေးရတာ၊ အနီကတ်ပြခံရတာမရှိဘဲ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပေမဲ့ အမှန်တကယ်တော့ ပင်နယ်တီ ၃ ကြိမ်ပေးရမှာဖြစ်သလို အနီကတ် ၃ ကတ် ပြခံရမှာ ဖြစ်ပြီး သူတို့အကျိုးရှိစေတဲ့ အမှား ၇ ကြိမ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ချယ်လ်ဆီးအသင်းကတော့ အကျိုးအမြတ်ရစေတဲ့ အမှား ၈ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒီရာသီမှာ VAR အမှား စုစုပေါင်း ၂၅ ကြိမ် ရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ၁၈ ကြိမ်ထက် ပိုများလာပါတယ်။

အဲဒီအမှားတွေကြောင့် ပဲလေ့စ်နဲ့ အဲဗာတန်အသင်းတွေက နစ်နာမှုအများဆုံးဖြစ်ခဲ့တယ်လို့ BBC Sport သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အာဆင်နယ်နှင့် ချယ်လ်ဆီး VAR အမှားများကြောင့် အကျိုးအမြတ်အများဆုံးရ | YGN Daily