မြောက်ကိုရီးယားဒီဇိုင်းအခြေခံ ရေငုပ်သင်္ဘော မြန်မာစစ်တပ် တည်ဆောက်နေ
politics||3 MIN READ

မြောက်ကိုရီးယားဒီဇိုင်းအခြေခံ ရေငုပ်သင်္ဘော မြန်မာစစ်တပ် တည်ဆောက်နေ

DVB
SourceDVB
Back to News

AI Summary

မြန်မာစစ်တပ်သည် မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာအကူအညီဖြင့် ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ရေးရေငုပ်သင်္ဘောတစ်စင်းကို တည်ဆောက်နေကြောင်း Military Watch မဂ္ဂဇင်းက ဖော်ပြသည်။ နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသမိုင်းကြောင်းအရ မြောက်ကိုရီးယား၏ ဆန်အိုအမျိုးအစား ဒီဇိုင်းကို အခြေခံ၍ တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါရေငုပ်သင်္ဘောသည် ရေတိမ်ပိုင်းစစ်ဆင်ရေးများအတွက် အထူးသင့်လျော်သည်။ ဤရေငုပ်သင်္ဘောတည်ဆောက်မှုကြောင့် မြန်မာ့ရေတပ်၏ စစ်ရေးစွမ်းဆောင်ရည် ပိုမိုတိုးတက်လာနိုင်ပြီး အထူးကွန်မန်ဒိုစစ်ဆင်ရေးများ၊ မိုင်းထောင်ခြင်းနှင့် တော်ပီဒိုပစ်ခတ်ခြင်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဂြိုဟ်တုမှတ်တမ်းများအရ အလျား ၄၀ မီတာခန့်ရှိမည့် အဆိုပါရေငုပ်သင်္ဘောတွင် ခရုစ်ဒုံးကျည်များ ပစ်လွှတ်နိုင်သည့်စနစ်များ ပါဝင်လာနိုင်ခြေရှိသည်။ လက်ရှိတွင် အဆိုပါရေငုပ်သင်္ဘောတည်ဆောက်မှုမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး တရုတ်ထုတ် Type 035 ရေငုပ်သင်္ဘောများ၏ စွမ်းဆောင်ရည်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

ထင်ရှားသော ပြောကြားချက်များ

"မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တပ်က မြောက်ကိုရီးယားရဲ့ ကူညီထောက်ပံ့မှုနဲ့ ပထမဆုံး ပြည်တွင်း ဖြစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစင်းကို တည်ဆောက်နေတယ်လို့ နိုင်ငံတကာစစ်တပ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Military Watch မဂ္ဂဇင်းမှာ ဖော်ပြပါတယ်။"

"Military Watch Magazine အဆိုအရ မြန်မာစစ်တပ်က ဆောက်နေတဲ့ ရေငုပ်သင်္ဘောဟာ ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်းနဲ့ ရေတိမ်ပိုင်းတွေမှာ စစ်ဆင်ရေးလုပ်ဖို့ အထူးသင့်လျော်ပြီး ရန်သူ့ နောက်တန်းကို အထူးကွန်မန်ဒိုအဖွဲ့တွေ စေလွှတ်ဖို့နဲ့ မိုင်းထောင်တာတွေ၊ တော်ပီဒို ပစ်ခတ်တာ တွေအတွက် အသုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။"

Photo: Military Watch Magazine

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တပ်က မြောက်ကိုရီးယားရဲ့ ကူညီထောက်ပံ့မှုနဲ့ ပထမဆုံး ပြည်တွင်း ဖြစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစင်းကို တည်ဆောက်နေတယ်လို့ နိုင်ငံတကာစစ်တပ်တွေကို လေ့လာစောင့်ကြည့်နေတဲ့   Military Watch မဂ္ဂဇင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှ ဂြိုဟ်တုမှတ်တမ်းဓာတ်ပုံတွေအရ ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော တည်ဆောက်နေမှုကို တွေ့ရှိရပြီး အဆိုပါ ရေငုပ်သင်္ဘောဟာ  အလျား ၄၀ မီတာလောက်ရှိမယ်လို့ ခန့်မှန်းရကာ မြောက်ကိုရီးယာရဲ့ ဆန်အို (Sang-O) အမျိုးအစား ဒီဇိုင်းကို အနီးစပ်ဆုံး အခြေခံထားပုံ ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြောက်ကိုရီးယားထံမှ စစ်လက်နက်ပစ္စည်းတွေကို အကြိမ်ကြိမ် ဝယ်ယူခဲ့ဖူးပြီး ၂ နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍမှာ ရေရှည်နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက အီရန်နိုင်ငံဆီကို တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ တင်ပို့ခဲ့ပြီး တခြားနိုင်ငံအများအပြားကိုလည်း ဆက်စပ်နည်းပညာတွေ ကမ်းလှမ်းခဲ့ဖူးပါတယ်။

Military Watch Magazine အဆိုအရ မြန်မာစစ်တပ်က ဆောက်နေတဲ့ ရေငုပ်သင်္ဘောဟာ ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်းနဲ့ ရေတိမ်ပိုင်းတွေမှာ စစ်ဆင်ရေးလုပ်ဖို့ အထူးသင့်လျော်ပြီး ရန်သူ့ နောက်တန်းကို အထူးကွန်မန်ဒိုအဖွဲ့တွေ စေလွှတ်ဖို့နဲ့ မိုင်းထောင်တာတွေ၊ တော်ပီဒို ပစ်ခတ်တာ တွေအတွက် အသုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ခရုစ်ဒုံးကျည်တွေ ပစ်လွှတ်နိုင်တဲ့ ဒေါင်လိုက်ပစ်လွှတ်စနစ်တွေ ပါဝင်လာနိုင်ခြေရှိပြီး လက်ရှိ မြန်မာ့ရေတပ်မှာရှိနေတဲ့ တရုတ်ထုတ် Type 035 တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုဖြည့်ဆည်းပေးလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာအခြေစိုက်တဲ့ Military Watch Magazine ဟာ ကမ္ဘာ့စစ်ရေး၊ လက်နက်စနစ်တွေနဲ့ ပထဝီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိက ဖော်ပြတဲ့ အွန်လိုင်းမဂ္ဂဇင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က စတည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated