ထိုင်း ၂၉ ခရိုင် မိုးကြီးရေလျှံ သတိပေးချက် ထုတ်ပြန်
နိုင်ငံတကာ||3 MIN READ

ထိုင်း ၂၉ ခရိုင် မိုးကြီးရေလျှံ သတိပေးချက် ထုတ်ပြန်

DVB
SourceDVB

AI Summary

ထိုင်းနိုင်ငံတွင် ဇွန် ၄ ရက်မှ ၉ ရက်အထိ မိုးဆက်တိုက်ရွာသွန်းမည်ဖြစ်ပြီး အချို့ခရိုင်များတွင် မိုးသည်းထန်ကာ ရေကြီးရေလျှံ၊ တောင်ကျချောင်းရေနှင့် ပင်လယ်ပြင်လှိုင်းကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသနှင့် ဇလဗေဒဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ယင်းသို့ မိုးသည်းထန်ရခြင်းမှာ အနောက်တောင်မုတ်သုံလေ ထိုင်းနိုင်ငံနှင့် ထိုင်းပင်လယ်အော်ကို ဖြတ်သန်းတိုက်ခတ်နေခြင်းနှင့် ထိုင်းမြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဖြစ်သည်။ အန်ဒမန်ပင်လယ်ပြင်နှင့် ထိုင်းပင်လယ်အော်တို့တွင် လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာအထိ တက်နိုင်ပြီး မိုးသည်းထန်ပါက ၃ မီတာအထိ ရောက်ရှိနိုင်သည်ဟု ဆိုသည်။ ထိုင်းအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသနေ ပြည်သူများ၊ အထူးသဖြင့် ရေစီးကြောင်း ဖြတ်သန်းသွားသည့်နေရာ၊ တောင်စောင်းနှင့် အနိမ့်ပိုင်းဒေသနေ ပြည်သူများအနေဖြင့် ရုတ်တရက်ရေကြီးခြင်းနှင့် တောင်ကျချောင်းရေများကို သတိထားရန် လိုအပ်သည်။ အန်ဒမန်ပင်လယ်ကမ်းနားနီး နေထိုင်သူများနှင့် ငါးဖမ်းလှေငယ်များအနေဖြင့် မိုးသားကျူးချိန်တွင် လှေထွက်ခြင်းကို ရှောင်ကြဉ်ရန်လည်း သတိပေးထားသည်။ ဇွန် ၄ ရက်တွင် မိုးသည်းထန်နိုင်သည့် ခရိုင် ၂၉ ခရိုင်ရှိရာ၊ ကျန်ထပူရီ၊ တရတ်၊ ရနောင်း၊ ဖန်င နှင့် ဖူးကက် အပါအဝင် ၅ ခရိုင်မှာ အနီရောင်အဆင့် မိုးရွာသွန်းနိုင်ပြီး ကျန် ၂၄ ခရိုင်မှာ လိမ္မော်ရောင်အဆင့် မိုးသည်းထန်မည်ဖြစ်သည်။

Photo: TNN Earth

ထိုင်းနိုင်ငံမှာ ဒီကနေ့ ဇွန် ၄  ရက်မှ ၉ ရက်နေ့တွေအတွင်း မိုးဆက်တိုက်ရွာနေဦးမှာဖြစ်ပြီး အချို့ခရိုင်တွေမှာ မိုးသည်းထန်မှာကြောင့် ရေကြီး‌ရေလျှံ၊ တောင်ကျချောင်းရေနဲ့ ပင်လယ်ပြင်လှိုင်း အမြင့်တွေ သတိထားဖို့  ထိုင်းနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။

အနောက်တောင်မုတ်သုံလေဟာ ထိုင်းနိုင်ငံနဲ့ ထိုင်းပင်လယ်အော်ကို ဖြတ်သန်းတိုက်ခတ်နေသလို ထိုင်းမြောက်ပိုင်းနဲ့ လာအိုနိုင်ငံမြောက်ပိုင်းက မုတ်သုံလေနဲ့ဆုံမိပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေတာကြောင့် ထိုင်းမြောက်ပိုင်းဒေသမှာ မိုးပိုမိုရွာသွန်းမယ့် အခြေအနေရှိတယ်၊ အန်ဒမန်ပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်အော်မှာ လှိုင်းအမြင့် ၂ မီတာ မှ ၃ မီတာထိ တက်နိုင်ပြီး မိုးသည်းထန်ကာ အမြင့် ၃ မီတာထိ ရောက်နိုင်မယ်လို့ ဆိုပါတယ်။

ထိုင်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသနေ ပြည်သူတွေအနေနဲ့ မိုးသည်းထန်တာ၊ ရုတ်တရက် ရေကြီးတာ၊ တောင်ကျချောင်းရေနဲ့ တူးမြောင်းရေလျှံကျတာတွေ သတိထားဖို့ အထူးသဖြင့် ရေစီးကြောင်း ဖြတ်သန်းသွားတဲ့နေရာ၊ တောင်စောင်းနဲ့ အနိမ့်ပိုင်းဒေသနေ ပြည်သူတွေ သတိထားဖို့ ထုတ်ပြန်ထားပါတယ်။

အန်ဒမန်ပင်လယ်ကမ်းနားနီး နေထိုင်သူတွေ အထူးသဖြင့် ငါးဖမ်းလှေငယ်တွေ မိုးသားကျူးချိန် လှေထွက်ခြင်းကို ရှောင်ကြဉ်ဖို့လည်း သတိပေးထားပါတယ်။

ဇွန် ၄ ရက်အတွင်း မိုးသည်းထန်နိုင်မယ့် ခရိုင်ပေါင်း ၂၉ ခရိုင်ရှိတယ်၊ အဲဒီထဲက မိုးရေချိန် ၁၂၅ မီလီလီတာမှ ၂၅၀ မီလီလီတာ အနီရောင်အဆင့် ရွာသွန်းနိုင်မယ့် ၅ ခရိုင်မှာ ကျန်ထပူရီ၊ တရတ်၊ ရနောင်း၊ ဖန်င နဲ့ ဖူးကက် စတဲ့ တောင်ပိုင်းဒေသတွေဖြစ်တယ်လို့ ဆိုပါတယ်။

လိမ္မော်ရောင်အဆင့် မိုးသည်းထန်မဲ့ခရိုင် ၂၄ ခရိုင်ရှိပြီး မြောက်ပိုင်းမှာဆိုရင် မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်ခရိုင်၊ အလယ်ပိုင်းမှာ ဥထိုင်းဌာနီ၊ ကန်ကျနပူရီ၊ လုပ်ပူရီ၊ ဆလာပူရီ၊ ဆုဖန်းပူရီနဲ့ နခွန်းပထုန်၊ အရှေ့ပိုင်းမှာ နခွန်းနာယုဒ်၊ ပရာကျင်းပူရီ၊ ချာ့ချိန်းဆောင်း၊ ချွန်းပူးရီးနဲ့ လယောင်းခရိုင်တို့ ပါဝင်ပါတယ်။

တောင်ပိုင်းဒေသမှာတော့ ပရကျူပ်ခီရီခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ကရပီ၊ ဆုန်ခလာ၊ ဖတ်ထလုန်း၊ တရန်း နဲ့ ဆဒွန်း စတဲ့ခရိုင်တွေ ပါဝင်ပါတယ်။

Source: TNN Earth

ဆက်စပ်သတင်းများ

AI Curated