တောင်ငူ၌ ကိုရင် ၁၃ ပါး အစာအဆိပ်သင့်ပြီး ဆေးရုံတက်
health||2 MIN READ

တောင်ငူ၌ ကိုရင် ၁၃ ပါး အစာအဆိပ်သင့်ပြီး ဆေးရုံတက်

DVB
SourceDVB
Back to News

AI Summary

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ၆ ရပ်ကွက်ရှိ မေဃဝတီစာသင်တိုက်မှ ကိုရင် ၁၃ ပါးသည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံထုတ် အစပ်ပြားနှင့် အခြားအစားအစာများ စားသုံးမိရာမှ အစာအဆိပ်သင့်ခဲ့သည်။ အစာအဆိပ်သင့်သူများတွင် အသက် ၁၂ နှစ်အောက် ကိုရင် ၃ ပါးနှင့် အသက် ၁၂ နှစ်အထက် ကိုရင် ၁၀ ပါး ပါဝင်သည်။ ၎င်းတို့အားလုံးကို တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့သည်။ ကူညီကယ်ဆယ်ရေးအဖွဲ့၏ ပြောကြားချက်အရ ကိုရင်များ၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာမရှိဘဲ ကောင်းမွန်လျက်ရှိသည်။ လက်ရှိတွင် ကိုရင်များအားလုံး ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေကြသည်။

Photo: KL

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ၆ ရပ်ကွက်မှာရှိတဲ့ မေဃဝတီစာသင်တိုက်မှာ သီတင်းသုံးနေတဲ့ ကိုရင် ၁၃ ပါး အစာအဆိပ်သင့်ပြီး ဆေးရုံတက်ရောက်ကုသနေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောတယ်။

အစာအဆိပ်သင့်တဲ့ ကိုရင်တွေဟာ အသက် ၁၂ နှစ်အောက် ကိုရင် ၃ ပါးနဲ့ အသက် ၁၂ နှစ်အထက် ၁၀ ပါးဖြစ်ပြီး ဇွန် ၉ ရက် ညနေပိုင်းက တရုတ်နိုင်ငံထုတ် အစပ်ပြားနဲ့ တခြားအစားအစာတွေ တွဲစားသုံးမိရာကနေ အစာအဆိပ်သင့်ခဲ့တာလို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “အစာအဆိပ်သင့်တဲ့ ကိုရင် ၁၃ ပါးလုံး တောင်ငူပြည်သူ့ဆေးရုံမှာ ဆေးကုမှု ခံယူနေပါတယ်။ အားလုံး စိုးရိမ်ရတဲ့အခြေအနေ မရှိပါဘူး။ ကောင်းပါတယ်” လို့ ပြောပါတယ်။

တောင်ငူမြို့ မေဃဝတီ စာသင်တိုက်မှာ ကိုရင်ငယ်အပါး ၃၀ ကျော်အထိရှိပြီး အခု အစာအဆိပ်သင့်တဲ့ ကိုရင် ၁၃ ပါးဟာ စာသင်သား ကိုရင်တွေ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ကလည်း တောင်ငူမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာက ရေဘေးရှောင်စခန်းတခုမှာ ရေဘေးသင့် ဒေသခံတွေ အစာအဆိပ်သင့်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated