ဘီယာ အားပေးကြမ်းသည့် စကော့တလန်ပရိသတ်
sports||2 MIN READ

ဘီယာ အားပေးကြမ်းသည့် စကော့တလန်ပရိသတ်

DVB
SourceDVB
Back to News

AI Summary

စကော့တလန် အမျိုးသမီးလက်ရွေးစင်အသင်း၏ ၂၈ နှစ်အတွင်း ပထမဆုံး ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် ဟေတီအသင်းနှင့် ယှဉ်ပြိုင်ရန်အတွက် စကော့တလန်ပရိသတ်များ ဘော်စတွန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ပရိသတ်များ အလွန်အမင်း များပြားလာခြင်းကြောင့် မြို့တွင်းရှိ ဘားများနှင့် လေယာဉ်များတွင် ဘီယာပြတ်လပ်သည်အထိ ဖြစ်ပွားခဲ့သည်။ အဆိုပါပွဲစဉ်ကို အားပေးရန် စကော့တလန်ဝန်ကြီးချုပ်နှင့် နာမည်ကြီး အနုပညာရှင်များလည်း ရောက်ရှိလာကြသည်။ ဘော်စတွန်မြို့ရှိ ဘားများတွင် စကော့တလန်အလံများ လွှင့်ထူထားပြီး ပရိသတ်များဖြင့် ပြည့်နှက်နေကာ အားပေးမှုများ ပြုလုပ်လျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"အနိုင် ရရင် သူ့ရဲ့ စားသောက်ဆိုင်မှာ စားပွဲစီစဉ်ပေးမယ်"

Photo:Reuters

စကော့တလန်အသင်းရဲ့ ပရိသတ်တွေဟာ ၂၈ နှစ်အတွင်း သူ့နိုင်ငံလက်ရွေးစင်အသင်းရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် ဟေတီနဲ့ ပွဲအတွက် ဘော်စတွန်မြို့ကို  ရောက်ရှိခဲ့ကြပါတယ်။

ဒီပွဲမတိုင်ခင် ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဘော်စတွန်မြို့မှာ ဘီယာပြတ်လပ်တဲ့အထိ ဖြစ်ခဲ့တာပါ။ ပရိသတ်တွေ လာရောက်တဲ့ လေယာဉ်တွေမှာတောင် ဘီယာတွေ ကုန်သွားတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ဘောလုံးပွဲလာအားပေးသူတွေထဲမှာ စကော့တလန်ဝန်ကြီးချုပ် ဂျွန်ဆွင်နီလည်းပါဝင်ပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ ဂျရတ်ဘတ်တလာ၊ မာတင်ကွန်စတန်၊ ရစ်ချတ်ဂတ်တို့လည်း အသင်းကို အားပေးဖို့ ရောက်ရှိလာခဲ့ကြပါတယ်။ ဒါ့အပြင် နာမည်ကြီးစားဖိုမှူး ဂေါ်ဒွန်ရမ်ဆေးကလည်း အသင်းကို လာရောက်အားပေးခဲ့ပြီး အနိုင် ရရင် သူ့ရဲ့ စားသောက်ဆိုင်မှာ စားပွဲစီစဉ်ပေးမယ်လို ပြောခဲ့ပါတယ်။

ဘော်စတွန်မြို့ရဲ့ ဘားတွေမှာ စကော့တလန်အလံတွေ လွှင့်ထူထားခဲ့ပြီး ပရိသတ်တွေနဲ့ ပြည့်နှက် နေပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဘီယာ အားပေးကြမ်းသည့် စကော့တလန်ပရိသတ် | YGN Daily