တူရကီအသင်း  ပါရာဂွေးကို ရှုံးပြီး ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခွာရ
sports||2 MIN READ

တူရကီအသင်း  ပါရာဂွေးကို ရှုံးပြီး ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခွာရ

DVB
SourceDVB
Back to News

AI Summary

ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပသည့် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (D) ပွဲစဉ်တွင် တူရကီအသင်းသည် ပါရာဂွေးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲမှ စောစီးစွာ ထွက်ခွာသွားရပြီဖြစ်သည်။ ပွဲအစ ၆၅ စက္ကန့်တွင် ပါရာဂွေးကစားသမား မာတီယက်စ် ဂါလာဇာက အမြန်ဆုံးသွင်းဂိုးကို သွင်းယူခဲ့ခြင်းက ပွဲရလဒ်ကို အဆုံးအဖြတ်ပေးခဲ့သည်။ ပါရာဂွေးအသင်းသည် ပွဲချိန်အတွင်း ကစားသမားတစ်ဦး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသော်လည်း အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့သည်။ တူရကီအသင်းသည် နှစ်ပွဲဆက်တိုက် ဂိုးပေါက်ကန်သွင်းမှု အကြိမ်ရေများစွာ ပြုလုပ်ခဲ့သော်လည်း ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ဟေတီအသင်းပြီးနောက် ပြိုင်ပွဲမှ ထွက်ခွာရသည့် ဒုတိယမြောက်အသင်း ဖြစ်လာသည်။

Photo: Reuters

ဆန်ဖရန်စစ္စကိုမြို့မှာ ယှဉ်ပြိုင်သွားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (D) ပွဲစဉ်မှာ တူရကီအသင်းဟာ ပါရာဂွေးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။

ပွဲအစ ၆၅ စက္ကန့်မှာတင် ပါရာဂွေးကစားသမား မာတီယက်စ် ဂါလာဇာက ဒီနှစ်ကမ္ဘာ့ဖလားရဲ့ အမြန်ဆုံး သွင်းဂိုးကို သွင်းယူခဲ့တာပါ။

ပထမပိုင်းမပြီးခင်မှာ ပါရာဂွေးကစားသမား မီဂွဲအယ်လ်မီရွန်က ပြိုင်ဘက်ကစားသမားနဲ့ စကားများချိန်မှာ ပါးစပ်ကိုကာပြီး ပြောဆိုခဲ့တာကြောင့် စည်းမျဉ်းသစ်အရ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါကြောင့် ပါရာဂွေးအသင်းဟာ တပိုင်းလုံးကို ကစားသမား ၁၀ ယောက်တည်းနဲ့ ယှဉ်ပြိုင်ခဲ့ရပေမဲ့ အနိုင်ရလဒ်ကို အဆုံးထိ ထိန်းထားနိုင်ခဲ့ပါတယ်။

တူရကီအသင်းဟာ ၂ ပွဲဆက်တိုက် ဂိုးပေါက်ကန်သွင်းမှု ၆၂ ကြိမ်အထိ ရှိခဲ့ပေမဲ့ တဂိုးမှ မသွင်းနိုင်ခဲ့ဘဲ ဟေတီအသင်းပြီးရင် ဒုတိယမြောက် ပြိုင်ပွဲကထွက်ရတဲ့ အသင်းဖြစ်လာပါတယ်။

ဆက်စပ်သတင်းများ

AI Curated