
AI Summary
ခရစ္စတယ်ပဲလေ့စ်အသင်းသည် နည်းပြသစ်ရှာဖွေနေပြီး ၎င်းတို့၏ နံပါတ်တစ်ပစ်မှတ်ဖြစ်သူ ဘုန်းမောက်နည်းပြဟောင်း အန်ဒိုနီအီရာအိုလာကို လီဗာပူးအသင်းက ကြားဖြတ်ခေါ်ယူနိုင်ဖွယ်ရှိနေသည်။ ထို့ကြောင့် ပဲလေ့စ်အသင်းသည် ပြင်သစ်ကလပ် လန်းစ်အသင်း၏ နည်းပြ ပီယာဆေ့ဂျ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်။ အသက် ၄၇ နှစ်အရွယ် ပီယာဆေ့ဂျ်သည် ပြီးခဲ့သည့်ရာသီက လန်းစ်အသင်းကို ပြင်သစ်ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဥရောပကလပ်များ၏ စိတ်ဝင်စားမှုကို ရရှိထားသူဖြစ်သည်။ ပဲလေ့စ်အသင်းသည် လက်ရှိနည်းပြ အိုလီဗာဂလတ်စနာ၏ နေရာတွင် အစားထိုးရန် ပရီးမီးယားလိဂ် အတွေ့အကြုံရှိသည့် အီရာအိုလာကို အဓိကလိုချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် လီဗာပူး၏ ကြားဖြတ်ခေါ်ယူမှုကြောင့် ပဲလေ့စ်သည် ပီယာဆေ့ဂျ်နှင့် စနေ၊ တနင်္ဂနွေနေ့များတွင် ဆွေးနွေးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရသည်။ ပဲလေ့စ်၏ နည်းပြစာရင်းတွင် ဖရန့်လမ်းပတ်၊ သောမတ်စ်ဖရန့်ခ်နှင့် ရှောင်ဒိုက်တို့လည်း ပါဝင်နေပြီး လမ်းပတ်ကို ခေါ်ယူရန်လည်း ရေပန်းစားနေကြောင်း သိရသည်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်သူ ဘုန်းမောက်နည်းပြဟောင်း အန်ဒိုနီအီရာအိုလာ တယောက် လီဗာပူးအသင်းဆီ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်တဲ့အတွက် ပြင်သစ်ကလပ် လန်းစ်အသင်းရဲ့ နည်းပြပီယာဆေ့ဂျ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးနေပါတယ်။
အသက် ၄၇ နှစ်အရွယ် ပီယာဆေ့ဂျ်ဟာ ပြီးခဲ့တဲ့ရာသီက လန်းစ်အသင်းကို ပြင်သစ်ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ပီအက်စ်ဂျီကိုပါ အကောင်းဆုံး ဖိအားပေးနိုင်ခဲ့လို့ ဥရောပကလပ်တချို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားသူ ဖြစ်ပါတယ်။
ပဲလေ့စ်အသင်းဟာ နည်းပြ အိုလီဗာဂလတ်စနာရဲ့ နေရာမှာ အစားထိုးဖို့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ အီရာအိုလာကို အဓိကလိုချင်ခဲ့ပေမဲ့ လက်ရှိမှာ လီဗာပူးဘက်က ကြားဖြတ်ခေါ်ယူဖို့ ရှိနေတာကြောင့် ပီယာဆေ့ဂျ်နဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဆွေးနွေးမှုတွေ အရှိန်မြှင့် ပြုလုပ်ခဲ့တာပါ။
ပဲလေ့စ်အသင်းရဲ့ စာရင်းထဲမှာ ဖရန့်လမ်းပတ်၊ သောမတ်စ်ဖရန့်ခ်နဲ့ ရှောင်ဒိုက်တို့လည်း ပါဝင်နေပြီး ကိုဗင်ထရီအသင်းကို ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ပေးခဲ့တဲ့ လမ်းပတ်ကို ခေါ်ယူဖို့လည်း ရေပန်းစားနေပါတယ်။